ပါကစ္စတန်မှာ မျောက်မှောင်ခိုရောင်းဝယ်သူ ၂ ဦး ဖမ်းဆီးခံရ
ရောင်နီ (NSS) - ဇူလိုင် ၂၃
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ အပြင်ဘက်မှာ ကြာသပတေးနေ့ (ဇူလိုင်လ ၂၀ ရက်)က လူနှစ်ဦး သရက်သီးသယ်ယူရာမှာ အသုံးပြုလေ့ရှိတဲ့ သေတ္တာတစ်ခုထဲ မျောက် (၁၄) ကောင်ကို ထည့်သွင်းကာ မှောင် ခိုရောင်းဝယ်ဖို့ ကြိုးစားနေတာကို ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။
သေတ္တာထဲက မျောက်တစ်ကောင် လွတ်ထွက်လာခြင်းကြောင့် အဆိုပါ လူ ၂ ဦးကို မှောင်ခိုရောင်းဝယ်သူတွေအဖြစ် သံသယရှိကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး "မျောက်တွေကို သေတ္တာထဲမှာ ထားထားခြင်းဟာ သူတို့ကို အသက်ရှူရခက်စေတယ်”လို့ ဆိုဒ့်တောရိုင်းတိရစ္ဆာန်ဌာန အကြီ းအကဲ ဂျာဗက်မာဟယက ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မှာ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်းဟာ တရားမဝင်ပေမယ့် ထိရောက်စွာ အရေးယူမှု မရှိခြင်းကြောင့် အဆိုပါ တိရစ္ဆာန်တွေအတွက် စျေးကွက်ရှိနေပါတယ်။ မျောက်တွေကို လမ်းပေါ်ဖျော်ဖြေရေးသမားတွေက သူတို့ရဲ့ ပရိသတ်တွေကို ဆွဲဆောင်ဖို့ မကြာခဏ ဖမ်းဆီးလေ့ရှိပြီး အချို့ရာဇဝတ်သမားတွေက အဲဒီမျောက်တွေကို အိမ်ထဲက ပစ္စည်းတွေ ခိုးယူဖို့ အတွက်ပါ လေ့ကျင့်ပေးထားလေ့ ရှိတယ်လို့ သိရပါတယ်။
အခုဖမ်းဆီးရမိတဲ့ မှောင်ခိုသမားတွေကို သောကြာနေ့ (ဇူလိုင်လ ၂၁ ရက်)မှာ ဒဏ်ငွေ ရူပီး ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀ ဝန်းကျင်) စီချမှတ်ခဲ့ပြီး သိမ်းဆည်းရမိတဲ့ မျောက်တွေကို Karachi Zoo ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို တိရိစ္ဆာန်ရုံကို ပို့ဆောင်တဲ့အတွက်လည်း တောရိုင်းတိရစ္ဆာန် အရာရှိတွေဆီက “မျောက်တွေကို ဖမ်းမိတဲ့နေရာကနေ သူတို့ရဲ့ သဘာဝနေရပ်ကို ပြန်ပေးသင့်တယ်” ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။
ပါကစ္စတန်ရှိ တိရစ္ဆာန်ရုံတွေဟာ ၎င်းတို့ရဲ့ ညံ့ဖျင်းတဲ့ အဆောက်အအုံတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး အဲဒီအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများတွေက တိရစ္ဆာန်များရဲ့ သက်သာချောင်ချိရေးကို လျစ်လျူရှုတယ်လို့ စွပ်စွဲခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ