တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး နှင့် သယံဇာတရေးရာဝန်ကြီးတို့၏ နေအိမ်များ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံခဲ့ရ
NSS - ဇူလိုင် ၂၃
တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး နှင့် သယံဇာတရေးရာဝန်ကြီးတို နေအိမ်များ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၂ ရက်)၊ ည ၉ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မြို့ခံများက NP News ကို ပြောသည်။
အကြမ်းဖက်အဖွဲ့သည် လက်လုပ်စိန်ပြောင်းနှစ်လုံးဖြင့် ဝန်ကြီးများအိမ်ရာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝန်ကြီးများအိမ်ရာအတွင်းရှိ သယံဇာတရေးရာဝန်ကြီးနေအိမ်ပေါ်သို့ လက်လုပ်စိန်ပြောင်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။
ထို့ပြင် ထားဝယ်မြို့ဝန်ကြီးများအိမ်ရာအတွင်းရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နေအိမ်ရှေ့ ကားရပ်နားရာ နေရာအနီးသို့ လက်လုပ်စိန်ပြောင်းဗုံးတစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
"လက်လုပ်စိန်ပြောင်းက သယံဇာတရေးရာဝန်ကြီးအိမ်ပေါ်ကို တည့်တည့်ကျတာ။ ဝန်ကြီးကတော့ နေပြည်တော်ကို အလုပ်ကိစ္စသွားနေလို့ ဘာမှမဖြစ်လိုက်ဘူး။ နောက်တစ်လုံးက နယ်လုံဝန်ကြီးအိမ်ရဲ့ အိမ်ရှေ့တည့်တည့် ထပ်ကျတာ။ နယ်လုံဝန်ကြီးကလည်း ဝန်ကြီးချုပ်နဲ့အတူ မြိတ်ဘက်ကို ခရီးသွားနေလို့ ဘာမှတော့ မဖြစ်ပါဘူး။ ထိခိုက်ပျက်စီးမှုလည်း ကြီးကြီးမားမားဖြစ်ခဲ့တာ မရှိပါဘူး" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မြို့ခံတစ်ဦးက ပြောသည်။
လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရချိန်၌ သယံဇာတရေးရာဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့သည် အလုပ်ကိစ္စ ကိုယ်စီဖြင့် ခရီးထွက်နေသည့်အတွက် ထိခိုက်မှုများမရှိခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များအနေဖြင့် အကြမ်းဖက်အဖွဲ့များကို လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်မှာ မျောက်မှောင်ခိုရောင်းဝယ်သူ ၂ ဦး ဖမ်းဆီးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ