အုတ်ဖိုမြို့နယ်ရှိ KTV ဆိုင်၌ ဗုံးပေါက်ကွဲခဲ့ရာ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
NSS - ဇူလိုင် ၂၃
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် KTV ဆိုင်၌ ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၃ရက်)၊ နံနက် (၁၀)နာရီခွဲဝန်းကျင်အချိန်တွင် အုတ်ဖိုမြို့နယ်၊ ရှမ်းတောလေးကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီမှုအသင်းထံမှ သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် MELODY KTV ရှိအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ဘယ်အချိန်ကပေါက်ကွဲမှုဖြစ်တာလဲတော့မသိဘူး။ ကျွန်တော်တို့နဲ့ တော်တော်ဝေးတယ်။ အဲဒီဆိုင်ကဝန်ထမ်းလေးလို့ပြောတယ်။ ဘယ်ဘက်ခြေထောက်မှာပဲဒဏ်ရာရသွားတာပါ။ လူနာကတော့ မစိုးရိမ်ရပါဘူး”ဟု ဒေသခံလူမှုကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားသည် အသက်(၁၇)နှစ်အရွယ်ဖြစ်ပြီး လက်ပံတန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသားအား အုတ်ဖိုဆေးရုံမှတစ်ဆင့် လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံထုတ် Su-35 အမျိုးအစားတိုက်လေယာဉ်က ယူကရိန်းစစ်တပ်ကို အဓိကခြိမ်းခြောက်နေတဲ့ လက်နက်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ