ရုရှားနိုင်ငံထုတ် Su-35 အမျိုးအစားတိုက်လေယာဉ်က ယူကရိန်းစစ်တပ်ကို အဓိကခြိမ်းခြောက်နေတဲ့ လက်နက်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
ရုရှားနိုင်ငံထုတ် Su-35 အမျိုးအစားတိုက်လေယာဉ်ဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ယူကရိန်းစစ်ဘက်ကို အဓိကခြိမ်းခြောက်လျက်ရှိနေတဲ့ တိုက်လေယာဉ်ဖြစ်ကြောင်း ယူကရိန်းလေတပ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yury Ignat ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဆိုပါ Su-35 တိုက်လေယာဉ်တွေဟာ ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်ဖြစ်ကြောင်း ယူကရိန်းလေတပ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဝန်ခံပြောဆိုထားပါတယ်။ ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေထံကနေ အက်ဖ် ၁၆ အမျိုးအစားတိုက်လေယာဉ် ရရှိဖို့တောင်းဆိုထားပေမယ့် လက်ရှိအချိန်အထိ အက်ဖ် ၁၆ တိုက်လေယာဉ်များလက်ခံရရှိခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။
၎င်းက " ရုရှားတပ်ဖွဲ့တွေမှာ Su-35 တိုက်လေယာဉ်တွေရှိနေတယ်။ အဲဒီတိုက်လေယာဉ်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်လေယာဉ်တွေဖြစ်တယ်။ စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့တွေကို အဓိကခြိမ်းခြောက်နေတဲ့ တိုက်လေယာဉ်ဖြစ်တယ်"လို့ပြောပါတယ်။ အဆိုပါတိုက်လေယာဉ်ကို ရုရှားနိုင်ငံရှိ Sukhoi ကုမ္ပဏီကထုတ်လုပ်ထားပြီး ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ရုရှားထုတ် Su-35 တိုက်လေယာဉ်တွေကို အမေရိကန်ထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များလည်း ယှဉ်ပြိုင်ဖို့မလွယ်ကူကြောင်း မြေပြင်နဲ့ ဝေဟင်ရှိပစ်မှတ်များကို မှန်အောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်လေယာဉ်ဖြစ်ကြောင်း ဆိုပါတယ်။ အဆိုပါတိုက်လေယာဉ်မှာ ထောက်လှမ်းရေးကိရိယာများ၊ခေတ်မီလက်နက်များအပြင် တိုက်ခိုက်ရေးအတွက် ခေတ်မီကိရိယာများတပ်ဆင်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး နှင့် သယံဇာတရေးရာဝန်ကြီးတို့၏ နေအိမ်များ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံခဲ့ရ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ