MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောနစ်မြှုပ်ပြီးနောက် မြန်မာသင်္ဘောသား ၄ ဦး ပျောက်ဆုံးနေ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၁
မြန်မာသင်္ဘောသားဝန်ထမ်းများ လိုက်ပါအလုပ်လုပ်နေတဲ့ ကုန်တင်သင်္ဘောတစ်စီးဟာ မလေးရှားနိုင်ငံ Sebuyau ပင်လယ်ပြင်နားမှာ နစ်မြှုပ်သွားခဲ့ရာ သင်္ဘောသား ၉ ဦး ပျောက်ဆုံးလျက်ရှိနေပြီး၊ အဲဒီပျောက်ဆုံးနေတဲ့ သင်္ဘော သားတွေထဲမှာ မြန်မာနိုင်ငံသားသင်္ဘောသားတွေလည်း ပါဝင်နေကြောင်း မလေးရှားရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးက Zin Azman Md Yunus က ပြောပါတယ်။
MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားအပြင် မလေးရှားနိုင်ငံသားများလည်း အလုပ် လုပ်နေပြီး မလေးရှားနိုင်ငံသားသင်္ဘောသား ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့က "မလေးရှားနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံသားသင်္ဘောသားတွေဖြစ်တဲ့ သက်မင်းဇူလိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်း၊ ထွန်းလင်းဦး နဲ့ အင်ဒိုနီးရှားနိုင်ငံသား Lido Ali Purwanto တို့ ပျောက်ဆုံးနေတယ်။ အဲဒီပျောက်ဆုံးနေတဲ့သင်္ဘောသားတွေဟာ အသက် ၂ဝ နဲ့ ၅၂ နှစ်အရွယ် ကြားရှိပါတယ်" လို့ ပြောပါတယ်။
အဆိုပါကုန်စည်သင်္ဘောဟာ ဇူလိုင် ၂ဝ ရက်နေ့မှာ နစ်မြှုပ်ခဲ့တယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြောင်း၊ သင်္ဘောနစ်မြှုပ်ရာပတ်ဝန်းကျင်နားအပြင် ပင်လယ်ပြင်ရှိ အခြားနေရာတွေကိုလည်း ရဟတ်ယာဉ်များအသုံးပြုရှာဖွေနေကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါ တယ်။
မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ညွန်ကြားရေးမှူးက "သင်္ဘောဟာ ဇူလိုင် ၂ဝ ရက်၊ နံနက် ၉ နာရီ မိနစ် ၄ဝ မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။ ကျွန်တော်တို့ရေကြောင်းအာဏာပိုင်အဖွဲ့ဟာ Pulau Burung ကျွန်းရဲ့အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်အကွာလောက်မျာ သင်္ဘောနစ်မြှုပ်သွားတယ်ဆိုတဲ့သတင်းကို နေလည် ၁ နာရီ ၄ဝ မိနစ်မှာ လက်ခံရရှိခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချမှုအပေါ် အားထားနေသည့်တိုင်းပြည်များ သတိထားသင့်တဲ့ ဒတ်ချ် ရောဂါ” (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ