Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချမှုအပေါ် အားထားနေသည့်တိုင်းပြည်များ သတိထားသင့်တဲ့ ဒတ်ချ် ရောဂါ” (ဘာသာပြန်ဆောင်းပါး)

ရဲထွန်း (သီပေါ) (NSS) - ဇူလိုင် ၂၁

ဒတ်ချ်ရောဂါ ဆိုတာ စီးပွားရေးဖြစ်စဉ်တစ်ခုကိုဖော်ပြတဲ့ အယူအဆတစ်ရပ်ဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍတစ်ခုရုတ်တရက်ကြီးထွားတိုးတက်လာ (အထူးသဖြင့် သဘာဝသယံဇာတ) တဲ့အခါ တခြားကဏ္ဍတွေကို ကျဆင်းသွားအောင်တွန်းပို့လိုက်သလိုဖြစ်စေတဲ့ ဖြစ်စဉ်ကိုခေါ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ နိုင်ငံတွင်းသုံးငွေကြေးတန်ဖိုး ထိုးတက်သွားတဲ့ ထူးခြားတဲ့လက္ခဏာရှိပါတယ်။ ဒတ်ချ်ရောဂါမှာ ဆန့်ကျင်ဘက် ဝိရောဓိဖြစ်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လေ့ရှိပါတယ်။ သဘာဝ သယံဇာတ ရှာဖွေတွေ့ရှိခြင်းမျိုးလို စီးပွားရေး ကဏ္ဍတစ်ခုက ကောင်းခြင်းဟာ၊ နိုင်ငံရဲ့ တစ်ခုလုံးစီးပွားရေးအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

 ၁၉၆၀ ခုနှစ်တွေတုန်းက နယ်သာလန်နိုင်ငံဟာ မြောက်ပင်လယ်ထဲမှာ သဘာဝဓါတ်ငွေ့အမြောက် အများကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် အများကြီးပိုချမ်းသာကြွယ်ဝလာပါတယ်။ ဒါပေမယ့် ဒီအပေါင်းလက္ခဏာ ဆောင်ပုံရတဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ မမျှော်လင့်ဘဲစိုးရိမ်စရာကောင်းတဲ့ သက်ရောက်မှုတွေဖြစ်လာစေခဲ့ပါတယ်။ ဒတ်ချ် ဂီလ်ဒါငွေကြေး ပိုမိုခိုင်မာအားကောင်းလာတာကြောင့် နိုင်ငံ့စီးပွားရေးရဲ့ အခြားအရေးကြီး ကဏ္ဍတွေဖြစ်တဲ့ တခြားပို့ကုန်တွေစျေးကြီးကုန်ပြီး နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာတာပါ။ ဒီလို အကြပ်အတည်းဖြစ်တဲ့ အချင်းအရာတွေကို ကမ္ဘာတဝှမ်းက တခြားနိုင်ငံတချို့မှာလည်းတွေ့ရှိရပါတယ်။  ဒတ်ချ် ရောဂါဟာ ယေဘုယျအားဖြင့် သဘာဝသယံဇာတအရင်းအမြစ်တွေရှာဖွေတွေ့ရှိမှုမျိုးနဲ့ ပတ်သက်နေပေမယ့် နိုင်ငံခြားငွေ အမြောက်အများဝင်ရောက်လာစေတဲ့ ဖြစ်ပေါ်တိုးတက်မှုတစ်ခုခုကြောင့်လည်း ဒီရောဂါမျိုးဖြစ်လေ့ရှိပါတယ်။ ဥပမာ သဘာဝသယံဇာတ စျေးနှုန်းတွေ ထောင်တက်သွားတာ၊ နိုင်ငံခြား အကူအညီအထောက်အပံ့တွေဝင်လာတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စီးပွားရေးပညာရှင်တွေက ဒတ်ချ်ရောဂါ ပုံစံကို ၁၆ ရာစုနှစ်တွေတုန်းက စပိန်နိုင်ငံထဲကို အမေရိကန် အဖိုးတန်ရတနာတွေ စီးဝင်ခဲ့တုန်းကနဲ့ ၁၈၅၀ ခုနှစ်တွေက သြစတြေးလျမှာ ရွှေရှာဖွေတွေ့ရှိခဲ့တုန်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ကြပါတယ်။


ရောဂါ စစ်ဆေးခြင်း

နိုင်ငံတစ်ခု ရုတ်တရက် ချမ်းသာကြွယ်ဝလာတာက ဘာကြောင့် ဝိရောဓိဖြစ်တဲ့ ဆန့်ကျင်ဘက် အကျိုး ဆက်တွေဖြစ်ပေါ်လာတာလဲ။ ဒတ်ချ်ရောဂါဆိုတဲ့ ဝေါဟာရကို ၁၉၇၇ ခုနှစ် The Economist magazine က နယ်သာလန်ရဲ့ စီးပွားရေးအခြေအနေကို လေ့လာသုံးသပ်တဲ့အချိန်မှာ စတင်သုံးနှုန်းခဲ့တာပါ။ ၁၉၅၉ ခုနှစ်က မြောက်ပင်လယ်ထဲမှာ သဘာဝဓါတ်ငွေ့သိုက်ကြီးတွေ့ရှိပြီးတဲ့နောက် ဓါတ်ငွေ့တင်ပို့မှုကနေ အခွန်တော်ငွေတွေရလာတဲ့အတွက် ဒတ်ချ်နိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်လာပါတယ်။ ဒါ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ ပမာဏ ဝင်လာတဲ့အတွက်သူ့ရဲ့ ပြည်တွင်းသုံးငွေကြေး ဂီလ်ဒါဟာ တန်ဖိုးထောင်တက်သွားပါတယ်။ ဒီအဖြစ်က နိုင်ငံခြားတင်ပို့ရောင်းချတဲ့ ဒတ်ချ်ကုန်ပစ္စည်းတွေကို စျေးကြီးစေလို့ စျေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းခဲ့ရပြီး အကျိုးဆက်အဖြစ် ထုတ်လုပ်မှုတွေ ကျဆင်းခဲ့ပါတယ်။ နိုင်ငံခြားသွင်းကုန်များက ပိုမိုစျေးသက်သာတဲ့အတွက် ပြည်တွင်းစျေးကွက်ထဲကို ပိုမိုဝင်ရောက်လာပြီး ပြည်တွင်းထုတ်လုပ်မှုတွေကို ခြိမ်းခြောက်ပါတော့တယ်။ ရေရှည်မှာ ထုတ်လုပ်‌ရေးလုပ်ငန်းတွေက စားရိတ်နဲ့ လုပ်ခပိုမိုသက်သာတဲ့ အခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွား တာကြောင့် အလုပ်လက်မဲ့တွေများလာပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့နှုန်းကလည်း ၁.၁ ရာခိုင်နှုန်း သာရှိရာက ၅.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။


ဒါကြောင့် ဒတ်ချ်‌ရောဂါဖြစ်လာရင် 

(၁) ပြည်ပပို့ကုန်တွေဟာ စျေးကွက်အတွင်းမှာ စျေးနှုန်းအရယှဉ်ပြိုင် နိုင်စွမ်းလျော့နည်းလာတဲ့အတွက် ပြည်တွင်းထုတ်လုပ်မှုကျဆင်းလာတာ

(၂) နိုင်ငံခြားသွင်းကုန် ပိုမိုတိုးများလာတာနဲ့ အလုပ်လက်မဲ့ တိုးများလာတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်စဉ်နှစ်ရပ်လုံးဟာ ပြည်တွင်းသုံးငွေ တန်ဖိုးတက်လာတာကြောင့်ဖြစ်ပါတယ်။


ဒတ်ချ်ရောဂါ နမူနာများ

၁၉၇၀ ခုနှစ်များအတွင်း ဂရိတ်ဗြိတိန်နိုင်ငံမှာ ဒတ်ချ်ရောဂါ ဖြစ်ခဲ့ပါတယ်။ အကြောင်းက ရေနံစျေးတွေ လေးဆလောက်တက်လာပြီး စကော့တလန်ကမ်းလွန် မြောက်ပင်လယ်ထဲက ရေနံကိုတူးဖေါ်နိုင်ဖို့ အလားအလာကောင်းတွေရှိလာလို့ပါ။ ၁၉၇၀ ခုနှစ်များရဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဗြိတိန်ဟာ အရင်က ရေနံတင်သွင်းရတဲ့ ဘဝက ရေနံတင်ပို့သူဖြစ်လာပါတယ်။ အဲဒီအခါ ပေါင်စတာလင်ငွေကြေးရဲ့ တန်ဖိုးက ထောင်တက်သွားတဲ့အပြင် ဗြိတိန်အလုပ်သမားတွေက လုပ်ခလစာတိုးတောင်းကြလို့ ဗြိတိန်ရဲ့ တခြားပို့ကုန်တွေက စျေးကွက်မှာ ယှဉ်ပြိုင်နှိုင်စွမ်းမရှိတော့ဘဲ စီးပွားရေးကျဆင်းမှုနဲ့ စတင်ရင်ဆိုင် ရပါတယ်။ 


ကနေဒါရဲ့ သဲကျောက်လွှာအတွင်းက ရေနံရှာဖွေတူးဖော်ရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများ အပြားဝင်ရောက်လာတဲ့အတွက် ကနေဒါသုံးငွေကြေးတန်ဖိုးမြင့်တက်လာပြီး ထုတ်လုပ်ရေးကဏ္ဍက ပို့ကုန်တွေ ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေလိမ့်မယ်လို့ ၂၀၁၄ ခုနှစ်မှာ ကနေဒါက စီးပွားရေးပညာရှင်တွေက ပြောဆိုသတိပေးကြပါတယ်။ တပြိုင်နက်ထဲမှာ ရုရှားငွေ ရူဘယ်ရဲ့ တန်ဘိုးကလည်း အလားတူအကြောင်းအချက်တွေကြောင့် တန်ဖိုးတက်လာပါတယ်။ 


၂၀၁၆ ခုနှစ်ရောက်တော့ ရေနံစျေးတွေ သိသိသာသာထိုးကျသွားတဲ့အတွက် ကနေဒါ ‌ဒေါ်လာနဲ့ ရုရှား ရူဘယ်တန်ဖိုးက တန်ဖိုးကျဆင်းသွားပြီး ဒတ်ချ်ရောဂါဖြစ်မဲ့အရေးကနေ ကင်းဝေးသွားပါတယ်။ 


ဒတ်ချ်ရောဂါကို ဘယ်လိုရှောင်ရှားမလဲ

ဒတ်ချ်ရောဂါကို ရှောင်ရှားဖို့ အခြေခံ မဟာဗျူဟာ နှစ်ခုရှိပါတယ်။

၁။ ပြည်တွင်းသုံးငွေတန်ဖိုး မာလာခြင်းကို အရှိန်လျှော့ချခြင်း 

ဒတ်ချ်ရောဂါရဲ့ ဆန့်ကျင်သက်ရောက်မှုကို ကာကွယ်ဖို့ ပြည်တွင်းသုံးငွေတန်ဖိုးမာလာခြင်းကို အရှိန်လျှော့ချခြင်းဟာ အလွယ်ကူဆုံးနဲ့ အလားအလာအကောင်းဆုံး မဟာ‌ဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ သဘာဝသယံဇာတများ နိုင်ငံခြားတင်ပို့ရောင်းချရငွေများအပေါ်ကရတဲ့အခွန်ငွေများကို ချောမွေ့စွာ အသုံးပြုခြင်းဖြင့် တခါတရံမှာ ဖြေရှင်းနိုင်ပါတယ်။ ဒီလို ချောမွေ့စွာအသုံးပြုရန်အတွက် လွတ်လပ်တဲ့ဓန ရန်ပုံငွေတရပ် (Sovereign wealth funds) ထူထောင်တဲ့နည်းကို အသုံးပြုကြတာက တွေ့နေမြင်နေကျ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေနဲ့ ရုရှားစတဲ့ နိုင်ငံတွေမှာ လွတ်လပ်တဲ့ဓန ရန်ပုံငွေများ ထူထောင်ထားရှိကြတာကိုတွေ့ရပါတယ်။ လွတ်လပ်တဲ့ဓန ရန်ပုံငွေများရဲ့ ရည်ရွယ်ချက်က နိုင်ငံရဲ့စီးပွားရေးအတွင်း အရင်းအနှီး စီးဝင်မှုကို တည်ငြိမ်အောင်ထိန်းချုပ်ပြီး ငွေကြေးဖေါင်းပွမှုနဲ့ ငွေတန်ဖိုးအလွန်မာလာခြင်းများမဖြစ်စေရန် ကာကွယ်ဖို့ဖြစ်ပါတယ်။ စုပုံများပြားလာတဲ့ အခွန်ငွေများကို ပညာရေးနဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ရာမှာ သုံးစွဲခြင်းအားဖြင့် စီးပွားရေးကို မျိုးစုံဖြန့်ခွဲရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ 


၂။ စီးပွားရေးကို မျိုးစုံဖြန့်ခွဲစေခြင်း

စီးပွားရေးကို အမျိုးမျိုးဖြန့်ခွဲလုပ်ဆောင်ခြင်းဟာ ဒတ်ချ်ရောဂါရဲ့ အနှုတ်လက္ခဏာဆောင်တဲ့ သက် ရောက်မှုတွေကို အားလုံးနီးပါး ချေဖျက်နိုင်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ စီးပွားရေး မျိုးစုံဖြန့်ခွဲခြင်းကို နောက်ကျနေတဲ့ကဏ္ဍများမှာ အစိုးရက ထောက်ပံ့ခြင်း ဒါမှမဟုတ် ပြည်တွင်းမှာ ဖြစ်ထွန်းစေလိုတဲ့ ပြည်ပသွင်းကုန်တွေအပေါ် စည်းကြပ်ကောက်ခံမှုတွေ လုပ်ဆောင်ခြင်းအားဖြင့် ဆောင်ရွက်နိုင်ပါတယ်။ 

                                                                                        

ကိုးကား- When countries experience a sudden large increase in income, the consequences can be harmful

- DUTCH DISEASE: WEALTH MANAGED UNWISELY

- What Is The Dutch Disease? Origin of Term and Examples



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved