မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့အမျိုးသမီးနဲ့ မိသားစုဝင်များ ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဘဲရှိနေဟု ဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၇
မလေးရှားနိုင်ငံမှာ နေထိုင်လျက်ရှိနေတဲ့ မြန်မာအမျိုးသမီး နဲ့ သူရဲ့ခင်ပွန်း၊ သားသမားတွေ ဖမ်းဆီးခံလိုက်ရ ကြောင်း အာရှလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ မသူဇာမောင်၊ အသက် ၄၃ နှစ်အရွယ်ရှိ စောသန်းတင်ဝင်း နဲ့ သားသမီးတွေဖြစ်တဲ့ ပိုးခင်မောင်၊ အောင်မြင့်မောင်၊ သုခမောင်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်မှာ ကွာလာလမ်ပူမြို့ မလေးရှားနိုင်ငံ Ampang Jaya အရပ်ဒေသရှိနေအိမ်မှာ အမည်မသိလူအုပ်စုရဲ့ဖမ်းဆီးခြင်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာဒါရိုက်တာတစ်ဦးဖြစ်သော Elaine Pearson က "မသူဇာမောင် နဲ့ သူရဲ့မိသားစု ပြန်ပေးဆွဲဖမ်းဆီးခံရတာကို စိုးရိမ်မှုဖြစ်ရပါတယ်။ မလေးရှားအစိုးရဟာ မသူဇာမောင် နဲ့ သူရဲ့ မိသားစု ဘယ်နေရာမှာရှိနေသလဲ၊ ဘေးကင်းလုံခြုံမှုရှိရဲ့လား ဆိုတဲ့အချက်ကို အဓိကဦးစားပေး စုံစမ်းစစ်ဆေးစေ လိုတယ်” လို့ ပြောပါတယ်။
မသူဇာမောင်ဟာ ၂ဝ၁၅ ခုနှစ်က မလေးရှားနိုင်ငံသို့ရောက်ရှိလာခဲ့သူများဖြစ်ပြီး မလေးရှားနိုင်ငံရှိ မြန်မာ ဒုက္ခသည်များအရေး ဆောင်ရွက်လှုပ်ရှားနေသူဖြစ်ကြောင်း သိရပါတယ်။ မသူဇာမောင် နဲ့ ခင်ပွန်း၊ သားသမီးတွေ ဟာ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီက မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခံထားရ သူများဖြစ်တယ်လို့ ဆိုပါတယ်။
စီစီတီဗွီမှတ်တမ်းများအရ ဇူလိုင်လ ၄ ရက် ညနေက ကားတစ်စီးဟာ မသူဇာမောင်တို့ မိသားစုနေထိုင်နေတဲ့ ခြံကိုရောက်ရှိလာခဲ့ပြီးနောက် ၂ နာရီကျော်အကြာမှာ မိသားစုဝင်များကို ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မသူဇာမောင် နဲ့ သားသမီးတွေဟာ ၎င်းတို့ကားနဲ့ လိုက်ပါသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တည်းက အဆက်အသွယ်မရတော့ကြောင်း၊ မသူဇာမောင်နဲ့ မိသားစုဝင်များအသုံးပြုတဲ့ လက်ကိုင်ဖုန်းတွေအားလုံး စက်ပိတ်ထားတယ်လို့ ဆိုပါတယ်။
မသူဇာမောင်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေဟာ ဇူလိုင် ၅ ရက်မှာ သူမတို့နေအိမ်ကို လာရောက်ခဲ့ပြီး စစ်ဆေးခဲ့ရာ ဓါးပြ တိုက်ဖမ်းဆီးခံရတဲ့ပုံစံမျိုးမဟုတ်ကြောင်း ဆိုပါတယ်။ မလေးရှားအစိုးရအနေနဲ့ လက်ရှိအချိန်မှာ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ မသူဇာမောင်တို့ မိသားစုပျောက်ဆုံးနေခြင်းအပေါ် အဓိကထား စုံစမ်းစစ်ဆေးပေးစေလိုကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခြင်းကို ခွင့်မပြုဖို့ တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ