ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခြင်းကို ခွင့်မပြုဖို့ တောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၇
လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာကျင်းပမယ့် ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ရှေ့သို့ချီပါတီ ခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက် ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းထပ်မံတင်သွင်းခြင်းကို ခွင့်မပြုဖို့ ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Ruangkrai Leekitwattana က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အဆိုပါ ထိုင်း တက်ကြွလှုပ်ရှားသူဟာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ထပ်မံ ခွင့်မပြုဖို့ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌထံ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ အမည်စာရင်းတင်သွင်းခွင့်ပြုမယ်ဆိုရင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း၊ လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း အဆိုတစ်ခုကို ထပ်မံတင်သွင်းခြင်းနဲ့ သွားတူနိုင်ကြောင်း ၎င်းက ပြောပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ လုံလောက်တဲ့ မဲရလဒ် မရခဲ့တဲ့အတွက် လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့ မှာ ထပ်မံအမည်စာရင်းတင်သွင်းခံရဖွယ်ရှိနေကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီ နဲ့ ညွှန်ပေါင်းပါတီတွေဟာ လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံရွေးချယ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းအောက်လွှတ်တော်ရဲ့ဥပဒေအကြံပေးအဖွဲ့ဟာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်း တင်သွင်းဖို့ ခွင့်ပြုသင့်/မသင့် ဆိုတာကို ဥပဒေပိုင်းဆိုင်ရာလေ့လာလျက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
လွှတ်တော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ ပီတကို ဝန်ကြီးချုပ်လောင်း အဖြစ် တင်သွင်းခြင်းကို ပြန်လည်စဉ်းစားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီ အားပေးထောက်ခံသူ တွေဟာ ပါတီခေါင်းဆောင်ပီတကို အားပေးထောက်ခံမှုမရှိတဲ့ အထက်လွှတ်တော်အမတ်တွေကို ဖိအားပေးနိုင်ဖို့ ဇူလိုင် ၁၆ ရက်က ဆန္ဒပြတောင်းဆိုမှုတွေ စတင်လုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
ပီတ ကိုယ်တိုင်ကလည်း အထက်လွှတ်တော်အမတ်တွေရဲ့စိတ်ထားကိုပြောင်းလဲနိုင်အောင် တစ်ဦးတည်း မလုပ်ဆောင်နိုင်တဲ့အတွက် ပြည်သူတွေဟာ လူမူကွန်ရက်တွေကတဆင့် မက်ဆေ့စ့်ပေးပို့ကာ တိုက်တွန်းတောင်းဆိုဖို့ လှုံဆော်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာဇာတ်ကားများကို တရားမဝင်ခိုးယူကာ အွန်လိုင်း၌ဖြန့်ချီနေသည့် Account နှင့် Group များကို စာရင်းပြုစုကာ အရေးယူမှုစတင်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ