မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးခံရကာ သေဆုံး
စော (NSS) - ဇူလိုင် ၁၇
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။
နှလုံးလှပရဟိတသွေးအလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ယနေ့(ဇူလိုင်လ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံရှိ Meru မြို့တွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးသည် နေအိမ်ထဲ၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး တရားခံများသည် ထွက်ပြေးနေကြောင်း အထက်ပါအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားသည် ဦးတင်ကိုကို အသက် (၄၂)နှစ်ဖြစ်ပြီး ၎င်းနှင့် တစ်အိမ်ထဲတွင် အတူနေထိုင်ကြသူများနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့သို့ စကားများရန်ဖြစ်ရာမှ ဓားထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါအသင်းက အသိ ပေးထားသည်။
သေဆုံးသူအမျိုးသားအား ယနေ့(ဇူလိုင်လ ၁၇ ရက်)၊ မွန်းလွဲ (၁)နာရီအချိန်၌ သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။
ဦးတင်ကိုကိုသည် ပဲခူးတိုင်း(အနောက်ပိုင်း)၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့အမျိုးသမီးနဲ့ မိသားစုဝင်များ ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဘဲရှိနေဟု ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ