မကွေးမြို့ရှောင်လမ်းတွင် Hijet တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားရာ (၆)ဦးဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဇူလိုင် ၁၇
မကွေးတိုင်း၊ မကွေးမြို့ရှောင်လမ်းတွင် Hijet တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ရာ (၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၇ ရက်)၊ မွန်းလွဲ ၁၂နာရီ ၄၀မိနစ်အချိန်တွင် မကွေးမြို့ရှောင်လမ်း ကုန်တင်ကားကြီးကွင်းအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့လည်းမှောက်တာပဲသိတာ။ မှောက်တာကမြို့ရှောင်လမ်း လမ်းကွေ့မှာမှောက်တာ။ ဘယ်လိုဖြစ်ပြီးမှောက်တာလည်းတော့ ကျွန်တော်တို့လည်းမသိပါဘူး”ဟု ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါကားပေါ်တွင် အမျိုးသား(၆)ဦးလိုက်ပါခဲ့ပြီး ယာဉ်တိမ်းမှောက်ခဲ့မှုဖြစ်စဉ်တွင် အမျိုးသား(၂)ဦးသည် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သော အမျိုးသား(၆)ဦးအား ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ လူနာ တင်ယာဉ်(၃)စီးဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးခံရကာ သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ