တစ်နှစ်တာဝင်ငွေ အများဆုံးကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်လိုက်တဲ့ စီရော်နယ်ဒို
Pika (NSS) - ဇူလိုင် ၁၅
တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကမ္ဘာပေါ်တွင် တစ်နှစ်တာ ဝင်ငွေအများဆုံးရရှိသည့် ကစားသမားတစ်ဦးအဖြစ် စံချိန်သစ်တင်ခဲ့ပြီး မက်ဆီကို ကျော်တက်သွားခဲ့ကြောင်းသိရသည်။
စီရော်နယ်ဒိုသည် (၂၀၁၇)ခုနှစ်နောက်ပိုင်းကတည်းက Forbes မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် လုပ်ခလစာ အများဆုံးကစားသမားစာရင်းထဲတွင် ထိပ်ဆုံး၌ရပ်တည်နေခဲ့ပြီး Al-Nassr အသင်းသို့ ပြောင်းရွှေ့ကြေးအမေရိကန်ဒေါ်လာ(၁၃၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် (၂၀၂၃)ခုနှစ်တွင် တစ်နှစ်တာဝင်ငွေ အများဆုံးကစားသမားတစ်ဦးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။
မက်ဆီသည် ပီအက်စ်ဂျီအသင်းတွင် ကစားခဲ့ချိန်အတွင်း လုပ်ခလစာအမေရိကန်ဒေါ်လာသန်း(၁၃၀)ရရှိခဲ့ပြီး (၂၀၂၂)ခုနှစ်တွင် တစ်နှစ်တာဝင်ငွေ အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်းသိရသည်။ စီရော်နယ်ဒို၏ ဝင်ငွေကို ကွင်းအတွင်း နှင့် ကွင်းအပြင် ဝင်ငွေအဖြစ် နှစ်မျိုး ခွဲခြားထားကြောင်းသိရသည်၊၊
စီရော်နယ်ဒိုသည် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့လာချိန်တွင် လုပ်ခလစာမှာ နှစ်ဆနီးပါးတိုးလာခဲ့သော်လည်း Nike နှင့်၎င်း၏ CR7 အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများကို စပွန်ဆာပေးခြင်းဖြင့် ရရှိသော ဝင်ငွေကြောင့် တစ်နှစ်တာဝင်ငွေမှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံ အမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာအသင်းက အိမ်ရှင်အင်ဒိုအသင်းကို အနိုင်ယူကာ တတိယဆုရရှိ