အာဆီယံ အမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာအသင်းက အိမ်ရှင်အင်ဒိုအသင်းကို အနိုင်ယူကာ တတိယဆုရရှိ
သန့်ဇင် (NSS) - ဇူလိုင် ၁၅
အာဆီယံ အမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအသင်းက အိမ်ရှင်အင်ဒိုနီးရှားအသင်းကို အနိုင်ယူကာ တတိယဆုရရှိခဲ့သည်။
အာဆီယံ အမျိုးသမီး ယူ- ၁၉ ချန်ပီယံရှစ် တတိယနေရာလုပွဲကို ယနေ့(ဇူလိုင်လ ၁၅ ရက်)၊ ညနေ ၃နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့ရှိ Galora Sriwijaya ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ် သည်။
တတိယနေရာလုပွဲ၌ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းနှင့် အိမ်ရှင်အင်ဒိုနီးရှားအမျိုးသမီး ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီး ယူ-၁၉ အသင်းအနေဖြင့် ပွဲထွက်လူစာရင်းကို ဂိုးအဖြစ် ဖီးဗေ၊ ခင်ဌေးကြိုင်၊ မေသက်မွန်မြင့်၊ ဖြူဖွေး၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဇင်မိုးပြည့်၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း၊ ကြယ်စင် နှင့် ယွန်းဝတီလှိုင်တို့ပါဝင်ကစားခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှ ပထမပိုင်းတွင် ယဉ်လွန်းအိမ်၏သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့ သော်လည်း ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းက ပင်နယ်တီဖြင့် ချေပဂိုလ်းပြန်လည်ရရှိခဲ့ခြင်းဖြစ် သည်။
ထို့နောက် မိနစ်ကိုးဆယ်အတွင်း တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ရာ ပင်နယ်တီကန်ရာ၌ မြန်မာအသင်းက အင်ဒိုအသင်းကို ၄ဂိုး၊ ၂ဂိုးဆိုသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကာ တတိယဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင်အား မတက်ရောက်စေလိုကြောင်း တောင်အာဖရိကဒုသမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း