Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ဆန်စပါးပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် (၅)နှစ်တာကာလ လုပ်ငန်းစီမံချက် မူကြမ်း ရေးဆွဲပြီးဟုဆို

ဖူးပြည့် (NP News) - ဇန်နဝါရီ ၁၂

မြန်မာ့ဆန်စပါးပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် (၅)နှစ်တာကာလ လုပ်ငန်းစီမံချက် မူကြမ်း ရေးဆွဲထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းစီမံချက်များသည် ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ ကို ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ဆက် လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်ကကျင်းပခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က “မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ် လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်း မွန်ဖို့၊ အရေအတွက်အားဖြင့်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက်အ ကောင်အထည်ဖော်နိုင်ဖို့အတွက် ညီလာခံမှ ဖော်ထုတ်ချက်တွေကို ငါးနှစ်တာကာလအတွက် (မူကြမ်း)ရေးဆွဲပြုစုထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ညီလာခံမှ ရရှိသည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅) ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁ဝ) ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုကဏ္ဍအတွက် (၁၈) ချက် စုစုပေါင်း ၄၃ ချက်ဖြင့် လုပ်ငန်းစီမံချက်ကို ငါးနှစ်တာကာလအတွက်(မူကြမ်း)ရေးဆွဲပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းစီမံချက်ကိုအားလုံးအတည်ပြုချက်ရရှိပြီးသည့် အချိန်တွင် မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံဈေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး ၊ အရည်အသွေးသတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့် ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ကုမ္ပဏီ (၄၂)ခုက ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၂၂၈၄၄၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘရာဇီးနာမည်ကျော်တိုက်ခိုက်ရေးသမားကို တစ်မိနစ်ကျော်နဲ့ အလဲထိုးအနိုင်ယူပြလိုက်တဲ့ အောင်လအန်ဆန်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved