Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘရာဇီးနာမည်ကျော်တိုက်ခိုက်ရေးသမားကို တစ်မိနစ်ကျော်နဲ့ အလဲထိုးအနိုင်ယူပြလိုက်တဲ့ အောင်လအန်ဆန်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၄ ရက်နံနက်ပိုင်းကကျင်းပတဲ့ ONE Fight Night 6 ပွဲစဉ်မှာ ဘရာဇီးတိုက်ခိုက်ရေးသမား ဂယ်ဗာအိုကို အလဲထိုးအနိုင်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။ အသက် ၃၇ နှစ်အရွယ်အောင်လအန်ဆန်ဟာ ပွဲစစချင်းမှာ ခံစစ်အသွင်ဖြစ်နေခဲ့ပေမယ့် တစ်မိနစ်ကျော်ကြာချိန်မှာ အသက် ၄ဝ အရွယ်ရှိ ဂယ်ဗာအိုကို အသာစီးနဲ့ထိုးသတ်ကာ အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ပုံမှန်အားဖြင့် မစ်ဒယ်ဝိတ်တန်းမှာထိုးသတ်ခဲ့ပေမယ့် ဒီပွဲစဉ်ကို ပုံမှန်ထိုးနေကျ ဝိတ်တန်းမဟုတ်ဘဲ catchweight ဝိတ်တန်းမှာထိုးသတ်ပြီး ဘရာဇီးနာမည်ကျော်နပန်းသမားကို အလဲထိုးအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်ဗာအိုဟာ ၂ဝ၁၉ ခုနှစ်နောက်ပိုင်းကတည်းက ONE Championship ပွဲစဉ်ကို ထိုးသတ်ယှဉ်ပြိုင်ခြင်းမရှိဘဲ (၂)နှစ်ကျော်ကြာချိန်မှာ ပထမဆုံးအကြိမ်ပြန်လည်ထိုးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်ဟာ ဂယ်ဗာအိုကို အနိုင်ရရှိခဲ့ခြင်းကြောင့် နောက်ဆုံးယှဉ်ပြိုင်တဲ့ သုံးပွဲမှာ နှစ်ပွဲအနိုင်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။ အောင်လအန်ဆန်ဟာ ၂ဝ၂ဝ ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ONE Championship ပွဲစဉ်တွေမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ထွက်ခဲ့သလို ၂ဝ၂၁ ခုနှစ်အတွင်းထိုးသတ်ခဲ့တဲ့ ONE Championship ပွဲစဉ်တွေမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ထွက်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်နှစ်စပိုင်းမှာတော့ အနိုင်ရလဒ်နဲ့စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။


zawgyi version

ဘရာဇီးနာမည္ေက်ာ္တိုက္ခိုက္ေရးသမားကို တစ္မိနစ္ေက်ာ္နဲ႔ အလဲထိုးအႏိုင္ယူျပလိုက္တဲ့ ေအာင္လအန္ဆန္ ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ ထိုင္းႏိုင္ငံမွာ ဇန္နဝါရီလ ၁၄ ရက္နံနက္ပိုင္းကက်င္းပတဲ့ ONE Fight Night 6 ပြဲစဥ္မွာ ဘရာဇီးတိုက္ခိုက္ေရးသမား ဂယ္ဗာအိုကို အလဲထိုးအႏိုင္ယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ေအာင္လအန္ဆန္ဟာ ပြဲစစခ်င္းမွာ ခံစစ္အသြင္ျဖစ္ေနခဲ့ေပမယ့္ တစ္မိနစ္ေက်ာ္ၾကာခ်ိန္မွာ အသက္ ၄ဝ အ႐ြယ္ရွိ ဂယ္ဗာအိုကို အသာစီးနဲ႔ထိုးသတ္ကာ အလဲထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအာင္လအန္ဆန္ဟာ ပုံမွန္အားျဖင့္ မစ္ဒယ္ဝိတ္တန္းမွာထိုးသတ္ခဲ့ေပမယ့္ ဒီပြဲစဥ္ကို ပုံမွန္ထိုးေနက် ဝိတ္တန္းမဟုတ္ဘဲ catchweight ဝိတ္တန္းမွာထိုးသတ္ၿပီး ဘရာဇီးနာမည္ေက်ာ္နပန္းသမားကို အလဲထိုးအႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂယ္ဗာအိုဟာ ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္းကတည္းက ONE Championship ပြဲစဥ္ကို ထိုးသတ္ယွဥ္ၿပိဳင္ျခင္းမရွိဘဲ (၂)ႏွစ္ေက်ာ္ၾကာခ်ိန္မွာ ပထမဆုံးအႀကိမ္ျပန္လည္ထိုးသတ္ခဲ့တာလည္းျဖစ္ပါတယ္။ ONE Championship မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံေဟာင္းျဖစ္သူ ေအာင္လအန္ဆန္ဟာ ဂယ္ဗာအိုကို အႏိုင္ရရွိခဲ့ျခင္းေၾကာင့္ ေနာက္ဆုံးယွဥ္ၿပိဳင္တဲ့ သုံးပြဲမွာ ႏွစ္ပြဲအႏိုင္ယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ေအာင္လအန္ဆန္ဟာ ၂ဝ၂ဝ ခုႏွစ္အတြင္း ထိုးသတ္ခဲ့တဲ့ ONE Championship ပြဲစဥ္ေတြမွာ တစ္ပြဲႏိုင္၊ တစ္ပြဲရႈံးရလဒ္ထြက္ခဲ့သလို ၂ဝ၂၁ ခုႏွစ္အတြင္းထိုးသတ္ခဲ့တဲ့ ONE Championship ပြဲစဥ္ေတြမွာ တစ္ပြဲႏိုင္၊ တစ္ပြဲရႈံးရလဒ္ထြက္ခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ႏွစ္စပိုင္းမွာေတာ့ အႏိုင္ရလဒ္နဲ႔စတင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုအား (၁၆)နာရီနီးပါး ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved