အောင်လံမြို့နယ်ရှိ ကျေးရွာခွဲတာဝန်ခံအမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၁၃
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာခွဲတာဝန်ခံအမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၀ ရက်)၊ ညနေ ၅နာရီအချိန်တွင် အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား (၄)ဦးခန့်ကရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် တပ်ကုန်းကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးဇော်ထွန်း(၄၇)နှစ်တွင် ယာဘက်ပါး၊ ယာပခုံးနှင့် ယာလက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ဖြင့်အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု နဲ့ ဆန္ဒပြပွဲများကြောင့် ပုဂ္ဂလိက လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာနိုင်မှာကို စိုးရိမ်မှုမြင့်တက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ