ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု နဲ့ ဆန္ဒပြပွဲများကြောင့် ပုဂ္ဂလိက လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာနိုင်မှာကို စိုးရိမ်မှုမြင့်တက်နေ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
ထိုင်းအစိုးရအသစ်ဖွဲ့စည်းဖို့ နှောင့်နှေးမှုများရှိလာခြင်းကြောင့် ဆန္ဒပြမှုတွေ နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ပုဂ္ဂလိက လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိလာနိုင်ကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ရွေးကောက်ပွဲစည်းကမ်းများ ချိုးဖောက်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူဖို့ အရည်အချင်း ပျက်ယွင်းကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများ ရှိလာနေ ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ကို အားပေးထောက်ခံသူများဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆန္ဒပြပွဲများလုပ်ဆောင် နေကြောင်း သိရပါတယ်။ ထိုင်းလွှတ်တော်မှာ ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကျင်းပဖို့ စီစဉ်ထား ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်က ပီတရဲ့ဝန်ကြီးချုပ်အသစ် တာဝန်ယူရေးမျှော်လင့်ချက်ကို များစွာ ထိခိုက်စေခဲ့သလို အစိုးရအသစ်ဖွဲ့စည်းရေးကို နှောင့်နှေးလာဖွယ် ရှိနေကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ မီဒီယာလုပ်ငန်းမှာ ရှယ်ယာများ ပိုင်ဆိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး ပီတကို စစ်ဆေးခဲ့ပြီးနောက် လက်ရှိအချိန်မှာ ပီတရဲ့အမှုကိုထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံးရုံးထံ ထပ်မံတင်ပြထား ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်လာပါက ရင်းနှီးမြှုပ်နှံ့မှုအသစ်တွေ နဲ့ ခရီးသွား လုပ်ငန်းကို ထိခိုက်လာဖွယ်ရှိနေပါတယ်။
ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယအကြီးအကဲဖြစ်သူ Aramwattananont က " ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ပတ်သက်ပြီး အဓိကဆုံးဖြတ်ချက်တွေကို အစိုးရအဖွဲ့က ချမှတ်ရမှာပါ။ အစိုးရအသစ်ရဲ့မူဝါဒတွေအတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်။ လက်ရှိအချိန်မှာ အစိုးရအသစ်ဖွဲ့စည်းရေးနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးက နှောင့်နှေးလာဖွယ်ရှိနေတယ်။ အိမ်စောင့်အစိုးရဟာ လက်ရှိအချိန်မှာ အခက်အခဲအတားအဆီးမရှိအောင် ရင်းနှီး မြှုပ်နှံမှုတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်ခွင့်ပေးသင့်တယ်" လို့ ပြောပါတယ်။
ထိုင်းရှေ့သို့ချီပါတီခေါင်းဆောင်က သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ထားသလို ရှေ့သို့ချီပါတီကို ထောက်ခံသူများကလည်း ဆန္ဒပြပွဲများလုပ်ဆောင် လျက်ရှိနေကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ဥပဒေတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မယ့်သူဟာ မီဒီယာ လုပ်ငန်းပိုင်ဆိုင်ခြင်း (သို့မဟုတ်) ရှယ်ယာပိုင်ဆိုင်သူမဖြစ်ရဆိုတဲ့ စည်းကမ်းသတ်မှတ်ထားရာ ပီတဟာ iTV မီဒီယာမှာ ရှယ်ယာများပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲမှုများရှိနေခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်၌ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် နတ်ဆိုး PDF အဖွဲ့မှ ခေါင်းဆောင်အပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိဟုဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ