Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေးရက်အတွင်း (၄၂၅)မိုင်ပြေးပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်လိုက်တဲ့ ဩစတေးလျနိုင်ငံသား

Pika (NSS) - ဇူလိုင် ၉

ဩစတေးလျနိုင်ငံသားတစ်ဦးဖြစ်သည့် Phil Gore အမည်ရှိ အမျိုးသားသည် လေးရက်အတွင်း (၄၂၅)မိုင်အထိပြေးခဲ့ပြီးနောက် 2023 Dead Cow Gully Backyard Masters Ultramarathon တွင် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။ 

စီစဉ်သူများသည် Dead Cow Gully Backyard Masters Ultramarathon ကို အဆုံးမရှိသော အပြေးပြိုင်ပွဲတစ်ခုအဖြစ်သတ်မှတ်ထားပြီး အပြေးသမားများသည် တစ်နာရီလျှင်(၆ ဒသမ ၇)ကီလိုမီတာ အကွာအဝေးထိပြေးရန်လိုအပ်ပြီး အပြေးသမားတစ်ဦးကျန်ရှိတော့သည့်အချိန်အထိ ပြိုင်ပွဲကို ဆက် လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

(၂၀၂၃)ခုနှစ် အပြေးပြိုင်ပွဲကို ဩစတေးလျနိုင်ငံ Brisbane မြို့၏ အနောက်မြောက်ဘက် (၁၁၂)မိုင်အကွာတွင်ရှိသော Nanango မြို့ငယ်လေး၏ လယ်ကွင်းထဲတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါအပြေးပြိုင်ပွဲကို ဇွန်လ(၁၇)ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး လေးရက်ခွဲကြာပြီးနောက် ဩစတေးလျနိုင်ငံသား Phil Gore တစ်ဦးတည်းသာကျန်ရှိတော့သည့်အချိန်တွင် ပြိုင်ပွဲအဆုံးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Phil Goreသည် (၆ ဒသမ ၇)ကီလိုမီတာကို အနည်းဆုံး(၁၀၂)ကြိမ်ထိပြေးနိုင်ခဲ့ပြီးနောက် အနိုင်ရရှိသူအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။

Phil Goreက"ဒါက တကယ်ကိုဆန်းကြယ်တဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်လ်ဂျီယံနိုင်ငံသားတွေက အကွာအဝေးအများဆုံးပြေးတဲ့ စံချိန်တင်ထားတာကို သိခဲ့ရပါတယ်။ အဲဒီစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ဘယ်တုန်းကမှမတွေးထားမိပါဘူး။ ကျွန်တော့်အတွက်ကတော့ ပြေးတာက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အိမ်ကနေ အလုပ်ကို ပြေးတာတောင်ပါ ပါတယ်"ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဘယ်လ်ဂျီယံနိုင်ငံသား Merijn Geerts နှင့် Ivo Steyaert တို့သည် (၆ ဒသမ ၇)ကီလိုမီတာကို (၁၀၁)ကြိမ်ပြေးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး Phil Goreသည် အနည်းဆုံး(၁၀၂)ကြိမ်ပြေးခဲ့ပြီး အဆိုပါစံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့(ဇူလိုင်လ ၉)ရက်အတွင်း စိတ်ဝင်စားဖွယ် ပြည်တွင်း၊ပြည်ပသတင်းများ စုစည်းတင်ဆက်ခြင်း

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved