ဘားအံမြို့နယ်၌ ခရီးသည်တင်ကားမှ ဆိုင်ကယ်နှစ်စီးအား တိုက်မိခဲ့ရာ (၂)ဦးသေဆုံး
စော (NSS) - ဇူလိုင် ၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် Express ကားမှ ဆိုင်ကယ်နှစ်စီးအား တိုက်မိ၍ ဆိုင်ကယ်မောင်းသူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၈ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် ဘားအံမြို့နယ်၊ ဆယ်မိုင်ကုန်းကျေးရွာ၊ ဒုံသမိတံတားအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နောင်ကျန် ဂူဝ မာဃလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဘားအံဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ဆိုင်ကယ်(၂)စီးအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်တစ်စီးက ညာဘက်ခြမ်းယာဉ်ကြောကနေ ဘယ်ဘက်မှာရှိတဲ့ ရွာကို ရှေ့ကနေ ကွေ့လိုက်တာ နောက်က ခရီးသည်ယာဉ်က အရှိန်နဲ့ နောက်ကနေဝင်တိုက်မိတယ်။ နောက်ပြီး အဲ့ကားက တစ်ဖက်ယာဉ်ကြောက ဆိုင်ကယ်တစ်စီးကို မျက်နှာချင်းဆိုင် ဝင်တိုက်တယ်”ဟု နောင်ကျန် ဂူဝ မာဃ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦးသည် အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားပြီး ခရီးသည်တင်ယာဉ်မှ စပါယ်ယာတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းသူနှစ်ဦးအနက် အမျိုးသားတစ်ဦးသည် ဘားအံမြို့မှ ဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးသည် သထုံမြို့၊ နောင်ကျန်ရွာမှ ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်၌ ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ