Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သင်္ကြန်ပွဲတော် အပါအဝင် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို အခြားနိုင်ငံများ၏ ပုံတူကူးယူခံရမှုမှကာကွယ်ရန် နစကဝန်ကြီး တိုက်တွန်း

ယွန်း (NSS) - ဇူလိုင် ၇

သင်္ကြန်ပွဲတော် အပါအဝင် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို အခြားနိုင်ငံများ၏ ပုံတူကူးယူခံရမှုမှ ကာကွယ်ရေးကို စဥ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဇူလိုင်လ(၆)ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အမျိုးသားယဥ်ကျေးမှုဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်းရှိ ဒြပ်ရှိယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းသည့်နည်းတူ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကိုလည်း ပို၍မှတ်တမ်းတင်နိုင်ရေးကို ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောဆိုထားသည်။

ထို့ပြင် နိုင်ငံ၏ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို အခြားနိုင်ငံများက ပုံတူကူးယူခံရမှုမှ ကာကွယ်ရေးကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်သွားရန် ၎င်းကဆက်လက်ပြောဆိုထားသည်။

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက စာရင်းကောက်ယူမှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ပေါင်း (၂၂၈၉)ခုရှိပြီး ၎င်းတို့အား မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် မှတ်ပုံတင်စာရင်းအဖြစ် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ(၂၆)ရက်တွင် အမိန့် ကြေညာစာအမှတ် ၂/၂ဝ၂ဝ ဖြင့် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောင်ပေါင်းများစွာသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များအနက် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဥ်ကျေးမှုအဖြစ် မြန်မာ့သနပ်ခါး ယဥ်ကျေးမှုဓလေ့ကို UNESCO သို့ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ကတင်ပြခဲ့ကြောင်း သိရသည်။

သို့သော် ပြန်လည်ပြည့်စုံအောင် ရေးသွင်းရမည့် အချက်အလက်အချို့လိုအပ်နေကြောင်း အကြောင်းကြားလာသည့်အတွက် ပြန်လည်ရေးသားလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲကို ၂ဝ၂၃ ခုနှစ်၊ မတ်လ(၂၄)ရက်တွင် UNESCO သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်း ဥပဒေများကို ခေတ်နှင့်ညီအောင် ပြင်ဆင်ဖြည့်စွက်ကာရေးဆွဲထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ဒြပ်ရှိယဥ်ကျေးမှုအမွေအနှစ်များဖြစ်သော အစောဆုံး မြို့ပြယဥ်ကျေးမှု ထွန်းကားခဲ့သည့် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ပုဂံယဥ်‌ကျေးမှု အမွေအနှစ်ဒေသတို့ကို ကမ္ဘာ့စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြောက်ဦးယဥ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် Nomination Dossier (Complete) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၃ဝ)ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြဝတီမြို့တွင် မျှစ်ချိုးသွားသော အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ဟု ရဲတပ်ဖွဲ့ဆို

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved