Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး မူဝါဒနှင့် ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

Htay Oung (NP News) - ဇန်နဝါရီ ၁၁

ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်နိုင်ငံအတွင်း ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှု မူဝါဒတွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အခြေအနေများကို လုံလောက်တဲ့ အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ခြင်း မရှိသေးကြာင်း နိုင်ငံရဲ့ ဗဟိုဘဏ်အုပ်စုအဖြစ် ငွေကြေးဆိုင်ရာမူဝါဒဆိုင်ရာအဖွဲ့ အစည်းဖြစ်တဲ့ “Federal Reserve Bank” အနေနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးကြိုပမ်းမှုကို ခုထက်ပိုပြီး ဆက်လက်ဆောင်ရွက်ပေးနေဖို့ လိုအပ်ကြောင်း “ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ “ IMF ရဲ့ ဒုတိယအကြီးအကဲ ဂီတာဂိုးပင်းနာ့သ်က လန်ဒန်အခြေစိုက် Financial Times စီးပွားရေးမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ Russia Today က ဇန်နဝါရီလ ၅ ရက်က ရေးသားပါတယ်။

အမေရိကန်နိုင်ငံရှိ ဗဟိုဘဏ် အပါအဝင် ဘဏ်လုပ်ငန်းများ၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့ Federal Reserve လို အဖွဲ့အစည်းများဟာ ယခုရင်ဆိုင်နေရတဲ့ အခြေအနေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ကြိုးစားတဲ့အနေနဲ့ အစားအစာနဲ့ စွမ်းအင်တို့မှာ သာမက ကဏ္ဍစုံမှာ ကုန်ဈေးနှုန်းများ ကျဆင်းစေရေးအတွက် ပိုမိုတိကျပြီး၊ ခိုင်မာတဲ့ လုပ်ငန်းစဉ်များနဲ့ အပြင်းအ ထန် ဆောင်ရွက်ဖို့ အလွန်အရေးကြီးတဲ့အခြေအနှေမှာ ရောက်ရှိနေပြီဖြစ်ကြောင်း ဂီတာ ဂိုးပင်းနာ့သ်က ဆိုပါတယ်။

“လက်ရှိအများ မြင်တွေ့နေရတဲ့ အလုပ်လက်မဲ့နှုန်း၊ လုပ်သားပါဝင်မှုနှုန်း၊ အလုပ်အ ကိုင်နဲ့ လူဦးရေအချိုးတို့က ဖော်ပြနေတဲ့ “လုပ်သားဈေးကွက်ဆိုင်ရာ အညွှန်းကိန်းများ” နဲ့ ငွေကြေး‌ဖောင်းပွမှုဒဏ်ကြောင့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဝန် ဆောင်မှု ဆိုင်ရာလုပ်ငန်းများကို ကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို အဆုံး မသတ်နိုင်သေးဘဲ ဆက်လက်ရင်ဆိုင်နေရဆဲပဲ ဆိုတာထင်ရှားနေပါတယ်” “အမေရိကန်တွေအနေနဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင် လာမည့်လများအတွင်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စီးပွားရေးကျဆင်းမှု အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ပြသနေပါတယ်”လို့ ဂိုးပင်းနာ့သ်က သတင်းထောက် တွေကို ရှင်းပြပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ဆိုင်ရာကိန်းဂဏန်းတွေဟာ စတင်အခြေခိုင်လာနေပြီး ဈေးနှုန်းကြီးမြင့်မှုဟာ အထွတ် အထိပ်သို့ ရောက်ရှိသွားနိုင်ကြောင်း ဦးဆောင်သုံးသပ်သူများရဲ့ အကြံပြုချက်များ ထွက်ပေါ်လာပြီးနောက် IMF ဒုတိယအကြီးအကဲရဲ့ ယခုလို သတိပေး ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

တစ်နှစ်ပြီး တစ်နှစ် မြင့်တက်လာတဲ့ အမေရိကန် ကုန်ဈေးနှုန်းတွေဟာ နိုဝင်ဘာလမှာ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး အောက်တိုဘာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၇ ဒသမ ၇ ရာနှုန်း မြင့်တက်ခဲ့ကြောင်း အမေရိကန်အလုပ်သမားများ ဆိုင်ရာဌာန (US Department of Labor) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ လောလောဆယ် အနီးစပ်ဆုံး ကြိုးစားမှုအနေနဲ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ဘဏ်အတိုးနှုန်းတွေကို အခြေခံနှုန်းထား ဝ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့တဲ့တွက် အတိုးနှုန်း ၄ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ ဖြစ်လာခဲ့ပါတယ်။ ငွေကြေး ထိန်းညှိသူများအနေနဲ့ (နောက်ဆက်တွဲ) ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရှောင်ရှားရန်အတွက် (၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး အဲ့ဒီနှုန်းထားမှာပဲ တစ်နှစ်ပတ်လုံး ထားရှိဖို့ လိုအပ်လိမ့်မယ်လို့ ဂိုးပင်းနာ့သ်က ယူဆပါတယ်။

လက်ရှိကာလဟာ ငွေကြေးမူဝါဒနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများကို နောက်ထပ်ရင်ဆိုင်ရတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ခုလက်ရှိကြုံတွေ့နေရတာဟာ ယခင်နှစ်များနဲ့ မတူပဲ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်၊ မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုဟာ “အ လျင်စလို တင်းကြပ်ခဲ့တဲ့ ငွေကြေးမူဝါဒနဲ့ ဘယ်လောက်အတိုင်အတာအထိ ခရီးရောက်မလဲ"ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ခုကတော့ “နိုင်ငံအများစုနဲ့ပါ သက်ဆိုင်လာပြီး ဒီလိုအခြေအနေမှာ ဘယ်လောက်ကြာကြာရပ်တည်နေနိုင်မလဲ"ဆိုတာမျိုးလို့ပြောနိုင်ပါတယ်။ ဥရောပနိုင်ငံများဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အမေရိကန်တို့ထက် ကာလရှည်ရင်ဆိုင်တိုက်ပွဲဝင်ရဖို့ ရှိကြောင်း သတိပြုစရာရှိပါတယ်။ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဥရောပဗဟိုဘဏ်(ECB) တွေဟာ “၂ဝ၂၄ ခုနှစ်မတိုင်မီမှာပဲ သူတို့ရဲ့ ECB’s [2%] target ပစ်မှတ်နဲ့ နီးကပ်လာတဲ့ အခြေအနေမှာ ရှိနေနိုင်ပါတယ်လို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ ဒုတိယအကြီးအကဲ ဂီတာ ဂိုးပင်းနာ့သ်က လန်ဒန်အခြေစိုက် Financial Times စီးပွားရေးမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ (Russia Today., 5 Januay 2023,” IMF issues call on US inflation” ကို ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်)


zawgyi version

အေမရိကန္၏ ေငြေၾကးေဖာင္းပြမႈတိုက္ဖ်က္ေရး မူဝါဒႏွင့္ ပတ္သက္၍ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ သတိေပး

Htay Oung (NP News) - ဇန္နဝါရီ ၁၁

ၿပီးခဲ့တဲ့ႏွစ္တုန္းက အေမရိကန္ႏိုင္ငံအတြင္း ျပ႒ာန္းခဲ့တဲ့ ေငြေၾကးဆိုင္ရာ ထိန္းခ်ဳပ္မႈ မူဝါဒေတြဟာ လက္ရွိ ရင္ဆိုင္ေနရတဲ့ ေငြေၾကးေဖာင္းပြမႈနဲ႔ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ အေျခအေနမ်ားကို လုံေလာက္တဲ့ အတိုင္းအတာ တစ္ခုအထိ ေလွ်ာ့ခ်ႏိုင္ျခင္း မရွိေသးၾကာင္း ႏိုင္ငံရဲ႕ ဗဟိုဘဏ္အုပ္စုအျဖစ္ ေငြေၾကးဆိုင္ရာမူဝါဒဆိုင္ရာအဖြဲ႕ အစည္းျဖစ္တဲ့ “Federal Reserve Bank” အေနနဲ႔ ကုန္ေဈးႏႈန္း က်ဆင္းေရးႀကိဳပမ္းမႈကို ခုထက္ပိုၿပီး ဆက္လက္ေဆာင္႐ြက္ေပးေနဖို႔ လိုအပ္ေၾကာင္း “ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ “ IMF ရဲ႕ ဒုတိယအႀကီးအကဲ ဂီတာဂိုးပင္းနာ့သ္က လန္ဒန္အေျခစိုက္ Financial Times စီးပြားေရးမီဒီယာနဲ႔ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တယ္လို႔ Russia Today က ဇန္နဝါရီလ ၅ ရက္က ေရးသားပါတယ္။

အေမရိကန္ႏိုင္ငံရွိ ဗဟိုဘဏ္ အပါအဝင္ ဘဏ္လုပ္ငန္းမ်ား၊ ေငြေၾကးနဲ႔ ဘ႑ာေရးဆိုင္ရာ မူဝါဒေတြကို ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိတဲ့ Federal Reserve လို အဖြဲ႕အစည္းမ်ားဟာ ယခုရင္ဆိုင္ေနရတဲ့ အေျခအေနကို အျမန္ဆုံး အဆုံးသတ္ႏိုင္ဖို႔ႀကိဳးစားတဲ့အေနနဲ႔ အစားအစာနဲ႔ စြမ္းအင္တို႔မွာ သာမက က႑စုံမွာ ကုန္ေဈးႏႈန္းမ်ား က်ဆင္းေစေရးအတြက္ ပိုမိုတိက်ၿပီး၊ ခိုင္မာတဲ့ လုပ္ငန္းစဥ္မ်ားနဲ႔ အျပင္းအ ထန္ ေဆာင္႐ြက္ဖို႔ အလြန္အေရးႀကီးတဲ့အေျခအေႏွမွာ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ဂီတာ ဂိုးပင္းနာ့သ္က ဆိုပါတယ္။

“လက္ရွိအမ်ား ျမင္ေတြ႕ေနရတဲ့ အလုပ္လက္မဲ့ႏႈန္း၊ လုပ္သားပါဝင္မႈႏႈန္း၊ အလုပ္အ ကိုင္နဲ႔ လူဦးေရအခ်ိဳးတို႔က ေဖာ္ျပေနတဲ့ “လုပ္သားေဈးကြက္ဆိုင္ရာ အၫႊန္းကိန္းမ်ား” နဲ႔ ေငြေၾကး‌ေဖာင္းပြမႈဒဏ္ေၾကာင့္ အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ဝန္ ေဆာင္မႈ ဆိုင္ရာလုပ္ငန္းမ်ားကို ၾကည့္ျခင္းအားျဖင့္ ေငြေၾကးေဖာင္းပြမႈကို အဆုံး မသတ္ႏိုင္ေသးဘဲ ဆက္လက္ရင္ဆိုင္ေနရဆဲပဲ ဆိုတာထင္ရွားေနပါတယ္” “အေမရိကန္ေတြအေနနဲ႔ လက္ရွိ အေျခအေနအတိုင္းဆိုရင္ လာမည့္လမ်ားအတြင္း အခ်ိန္ကာလ အတိုင္းအတာတစ္ခုအထိ စီးပြားေရးက်ဆင္းမႈ အေျခအေနကို ထိန္းသိမ္းႏိုင္ဖို႔ မျဖစ္ႏိုင္ေသးေၾကာင္း ျပသေနပါတယ္”လို႔ ဂိုးပင္းနာ့သ္က သတင္းေထာက္ ေတြကို ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း အေမရိကန္ႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈ ဆိုင္ရာကိန္းဂဏန္းေတြဟာ စတင္အေျခခိုင္လာေနၿပီး ေဈးႏႈန္းႀကီးျမင့္မႈဟာ အထြတ္ အထိပ္သို႔ ေရာက္ရွိသြားႏိုင္ေၾကာင္း ဦးေဆာင္သုံးသပ္သူမ်ားရဲ႕ အႀကံျပဳခ်က္မ်ား ထြက္ေပၚလာၿပီးေနာက္ IMF ဒုတိယအႀကီးအကဲရဲ႕ ယခုလို သတိေပး ခ်က္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ တစ္ႏွစ္ၿပီး တစ္ႏွစ္ ျမင့္တက္လာတဲ့ အေမရိကန္ ကုန္ေဈးႏႈန္းေတြဟာ ႏိုဝင္ဘာလမွာ ၇ ဒသမ ၁ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ေအာက္တိုဘာလနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၇ ဒသမ ၇ ရာႏႈန္း ျမင့္တက္ခဲ့ေၾကာင္း အေမရိကန္အလုပ္သမားမ်ား ဆိုင္ရာဌာန (US Department of Labor) ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုန္ေဈးႏႈန္းႀကီးျမင့္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ေလာေလာဆယ္ အနီးစပ္ဆုံး ႀကိဳးစားမႈအေနနဲ႔ ဒီဇင္ဘာလ ၁၄ ရက္မွာ ဘဏ္အတိုးႏႈန္းေတြကို အေျခခံႏႈန္းထား ဝ ဒသမ ၅ ရာခိုင္ႏႈန္းတိုးျမႇင့္ေပးခဲ့တဲ့တြက္ အတိုးႏႈန္း ၄ ဒသမ ၂၅ ရာခိုင္ႏႈန္းမွ ၄ ဒသမ ၅ ရာခိုင္ႏႈန္းထိ ျဖစ္လာခဲ့ပါတယ္။ ေငြေၾကး ထိန္းညႇိသူမ်ားအေနနဲ႔ (ေနာက္ဆက္တြဲ) ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကို ေရွာင္ရွားရန္အတြက္ (၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေပးႏိုင္ၿပီး အဲ့ဒီႏႈန္းထားမွာပဲ တစ္ႏွစ္ပတ္လုံး ထားရွိဖို႔ လိုအပ္လိမ့္မယ္လို႔ ဂိုးပင္းနာ့သ္က ယူဆပါတယ္။

လက္ရွိကာလဟာ ေငြေၾကးမူဝါဒနဲ႔ပတ္သက္တဲ့ စိန္ေခၚမႈမ်ားကို ေနာက္ထပ္ရင္ဆိုင္ရတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ၿပီး ခုလက္ရွိႀကဳံေတြ႕ေနရတာဟာ ယခင္ႏွစ္မ်ားနဲ႔ မတူပဲ ကြဲျပားျခားနားမႈေတြ ရွိေနပါတယ္၊ မႏွစ္က ရင္ဆိုင္ခဲ့ရတဲ့ စိန္ေခၚမႈဟာ “အ လ်င္စလို တင္းၾကပ္ခဲ့တဲ့ ေငြေၾကးမူဝါဒနဲ႔ ဘယ္ေလာက္အတိုင္အတာအထိ ခရီးေရာက္မလဲ"ဆိုတဲ့ ျပႆနာျဖစ္ပါတယ္။ ခုကေတာ့ “ႏိုင္ငံအမ်ားစုနဲ႔ပါ သက္ဆိုင္လာၿပီး ဒီလိုအေျခအေနမွာ ဘယ္ေလာက္ၾကာၾကာရပ္တည္ေနႏိုင္မလဲ"ဆိုတာမ်ိဳးလို႔ေျပာႏိုင္ပါတယ္။ ဥေရာပႏိုင္ငံမ်ားဟာ ကုန္ေဈးႏႈန္းႀကီးျမင့္မႈကို အေမရိကန္တို႔ထက္ ကာလရွည္ရင္ဆိုင္တိုက္ပြဲဝင္ရဖို႔ ရွိေၾကာင္း သတိျပဳစရာရွိပါတယ္။ ေငြေၾကးေဖာင္းပြမႈကို ကိုင္တြယ္ေဆာင္႐ြက္ေနတဲ့ ဥေရာပဗဟိုဘဏ္(ECB) ေတြဟာ “၂ဝ၂၄ ခုႏွစ္မတိုင္မီမွာပဲ သူတို႔ရဲ႕ ECB’s [2%] target ပစ္မွတ္နဲ႔ နီးကပ္လာတဲ့ အေျခအေနမွာ ရွိေနႏိုင္ပါတယ္လို႔ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕ ဒုတိယအႀကီးအကဲ ဂီတာ ဂိုးပင္းနာ့သ္က လန္ဒန္အေျခစိုက္ Financial Times စီးပြားေရးမီဒီယာနဲ႔ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။ (Russia Today., 5 Januay 2023,” IMF issues call on US inflation” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္သာသာျပန္ဆိုသည္)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးက သူလျှိုနည်းပညာကို ဘင်္ဂလားဒေ့ရ်ှသို့ လျှို့ဝှက်ရောင်းချခဲ့ဟု သတင်းထွက်ပေါ်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved