Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးက သူလျှိုနည်းပညာကို ဘင်္ဂလားဒေ့ရ်ှသို့ လျှို့ဝှက်ရောင်းချခဲ့ဟု သတင်းထွက်ပေါ်

Htay Oung (NP News) - ဇန်နဝါရီ ၁၁

ဒါကာနဲ့ တဲလ်အဗစ်တို့အကြား လူသိရှား သံတမန်ဆက်ဆံမှု မရှိပေမဲ့ အစ္စရေးစီးပွားရေးသမားတို့ လုပ်ကိုင်တဲ့ ကုမ္ပဏီများဟာ ထောက်လှမ်းရေးပစ္စည်းနဲ့ စောင့်ကြည့်ရေးကိရိယာများကို ဘင်္ဂလားဒေ့ရ်ှသို့ ရောင်းချခဲ့ကြောင်း “ဟာအားရက်ဇ်“ ဟီးဘရူး သတင်းစာက အင်္ဂါနေ့မှာ ဖွင့်ချလိုက်တယ်လို့ Dhaka Tribune က ယနေ့ (ဇန်နဝါရီလ ၁၁ ရက်)တွင် ရေးသားပါတယ်။

အစ္စရေးကုမ္ပဏီများနဲ့ အစ္စရေးစစ်ထောက်လှမ်းရေး (IDF) တပ်မှူးဟောင်းတစ်ဦး ဦးစီးပြီး ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုတို့ဟာ မကြာသေးမီနှစ်များအတွင်း အဲ့ဒီပစ္စည်းကိရိယာများကို ဒါကာထံ ရောင်းချခဲ့ကြောင်း၊ အစ္စရေးအစိုးရရဲ့ စည်းမျဉ်းများအရ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အဲ့ဒီနည်းပညာများ ရောင်းချခြင်းမှ တားမြစ်ထားပြီး အပြန်အလှန်အားဖြင့် ဒါကာကလည်း တယ်လ်အဗစ် ထုတ်ကုန်များကို တင်သွင်းခြင်းမပြုဖို့ ပိတ်ပင်ထားကြောင်း သိရပါတယ်။ ဟာအားရက်ဇ်သတင်းစာ အဆိုအရ “ ပတ်စီတိုရာ” ကုမ္ပဏီမှ ထုတ်လုပ်တဲ့ SpearHead surveillance system “စပီးယားဟက်ဒ် “ ခေါ် စောင့်ကြည့် ထောက်လှမ်းရေးစနစ်ကို ၂ဝ၂၂ ခုနှစ် ဇွန်လမှာ ဒါကာသို့ ပေးပို့ခဲ့ကြောင်း၊ “ ပတ်စီတိုရာ”ကို IDF နည်းပညာယူနစ်မှ တပ်မှူးဟောင်း တယ်လ်ဒီလီယမ်က ပိုင်ဆိုင်တယ်လို့ ဖော်ပြထားပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ တယ်လ်ဒီလီယမ်ဟာ ရန်ပုံငွေ အလွဲသုံးစားမှုမှာ ပါဝင်ကြောင်း သံသယရှိတဲ့အတွက် ဌာနတွင်း စုံစမ်းစစ်ဆေးမှုခံခဲ့ရသူဖြစ်ပြီး မယူနေရ အငြိမ်းစား ပေးခြင်းခံခဲ့ရကြောင်း IDF ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ အကြီးတန်းအရာရှိ သုံးဦးတို့က The New York Times သတင်းစာကို ပြောပြပါတယ်။

၂ဝ၁၉ ခုနှစ် ဆိုက်ပရပ်စ်ရဲတပ်ဖွဲ့ဟာ သူတို့ ကျွန်းနိုင်ငံရဲ့ WiSpear ခေါ် ကုမ္ပဏီက တစ်စိတ်တစ်ပိုင်းပါဝင် စမ်းသပ်နေတဲ့ “စပီးယားဟက်ဒ်စနစ်ပါ ဗင်မော်တော် ယာဉ်”ကိစ္စနဲ့ပတ်သက်ပြီး တယ်လ်ဒီလီယမ်ကို စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း Forbes မဂ္ဂဇင်းမှတဆင့် သိရှိရပါတယ်။ ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားပြီး ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ အဲ့ဒီမော်တော်ယာဉ်ဟာ GMC လူနာတင် ကားအသွင် ပုံစံပြောင်းထားကြောင်း၊ (၁)ကီလိုမီတာအချင်းဝက်အတွင်းရှိ မည်သည့်ဖုန်းကိုမဆို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့ရဲ့ WhatsApp မက်ဆေ့ခ်ျများ၊ Facebook ပြောဆိုချက်များ၊ စာတိုပေးပို့ခြင်းများ၊ အဆက်အသွယ်များနဲ့ အခြား အရာများကို ဖတ်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးနည်းပညာ ဝန်ဆောင်မှု ပေးအပ်တဲ့ ကုမ္ပဏီတွေရဲ့ (ဥပဒေ) ချိုးဖောက်ရာရောက်တဲ့ ကိစ္စတွေအတွက် သူတာဝန်မယူနိုင်ဘူးလို့ တယ်လ်ဒီလီယမ်က ငြင်းဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဇွန်လမှာ (ဘင်္ဂလားဒေ့ရှ်) အစိုးရက Toru Group Limited မှ ထောက် လှမ်းရေးယာဉ်တစ်စီးကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အဲ့ဒီ ကုမ္ပဏီဟာ (အခွန်တိမ်းရှောင်သူများ ပျော်မွေ့ရာ) ဗြိတိသျှ ဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားကြောင်း ဟာအားရက်ဇ်က တွေ့ရှိခဲ့ပေမဲ့ အစိုးရက ဝယ်ယူထားတဲ့ မော်တော်ယာဉ်နဲ့ ပတ် သက်လို့ သူတို့ကုမ္ပဏီ ဝဘ်ဆိုက်မှာ ကိုးကားထားခြင်း မရှိပါဘူး။ ကုမ္ပဏီရဲ့ CEO ဟာ အာဆတ်အီလီယော့ အမည်ရှိ အစ္စရေးနိုင်ငံသားဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရ်ှက ဝယ်ယူခဲ့တဲ့ ထောက်လှမ်းစောင့်ကြည့်ရေးမော်တော်ယာဉ်ကို တယ်လ်ဒီလီယမ်ပိုင် ကုမ္ပဏီက ပံ့ပိုးပေးခဲ့ကြောင်း သတင်းရင်းမြစ် အမြောက်အများ ရရှိထားပြီး Toru Group Limited မှ CEO အာဆတ်အီ လီယော့ဟာ တယ်လ်ဒီလီယံနဲ့ ဒါကာအကြား ကြားခံလူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံသားများကို စောင့်ကြည့်ခြင်း အတိုက်အခံအရာရှိများ၊ ဆန္ဒပြသူများနဲ့ သာမန်ပြည်သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ခိုးယူကြောင်း စွပ်စွဲခံထားရတဲ့ အမျိုးသား ဆက်သွယ်မှု စောင့်ကြည့်ရေးစင်တာ (NTMC) မှ အဆင့်မြင့်အရာရှိတစ်ဦးဟာ ဂရိနိုင်ငံသို့ အကြိမ်များစွာ သွားရောက်ခဲ့ကြောင်း၊ ထောက်လှမ်းရေးယာဉ်နဲ့ ပတ်သက်ပြီး လေ့ကျင့်ရန် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင်စာရွက်စာတမ်းများက ဖော်ပြနေပါတယ်။

အစ္စရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ “ပရီလီစစ်“ ဟာ ဘင်္ဂလားဒေ့ရ်ှပြည်တွင်းထောက် လှမ်းရေးအေဂျင်စီထံ WiFi ဆက်သွယ်ရေးကြားဖြတ်စောင့်ကြည့် စံနစ်ကို ရောင်းချခဲ့ကြောင်း၊ အဲ့ဒီ စနစ်ကို ဆိုက်ပရပ်စ်မှတစ်ဆင့် တင်ပို့ရောင်းချခဲ့ကြောင်း ကျွန်းနိုင်ငံရဲ့ကုန်မှတ်တမ်းများမှာ ဒေါ်လာ (၃)သန်း ခန့်တန်ဖိုးရှိ သဘောတူညီချက်များ ပါရှိနေတာကို အစီရင်ခံစာများမှာ တွေ့ရှိခဲ့ရပါတယ်။

“ပရီလီစစ်ကုမ္ပဏီ" ကို အစ္စရေးနဲ့ ဆိုက်ပရပ်စ်နိုင်ငံတို့မှာ မှတ်ပုံတင်ထားပြီး အစ္စရေးနိုင်ငံသား ကိုဘီနေဗာက တည်ထောင် ညွှန်ကြားလျက်ရှိကြောင်း၊ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ ကုမ္ပဏီအပေါ် ကြီးကြပ်ခြင်း ရှိ-မရှိ မေးမြန်းတဲ့အခါ ကိုဘီနေဗာက ပြန်လည် ဖြေဆိုခြင်း မပြုခဲ့ပါဘူး။ အလားတူ စင်ကာပူအခြေစိုက် Coralco Tech “ကော်ရယ်ကို နည်းပညာ” အမည်ရှိ ကုမ္ပဏီတစ်ခုဟာ ၂ဝ၁၉ ခုနှစ်မှာ ဘင်္ဂလားဒေ့ရ်ှစစ်တပ်အတွက် “မိုဘိုင်းဖုန်းများကို ထိရောက်စွာ စောင့်ကြည့်ရေး စက်ကိရိယာများ ပေးအပ်ခဲ့ကြောင်း ဆိုက်ပရပ်စ်ပို့ကုန်မှတ်တမ်းများက ဖော်ပြထားပါတယ်။ အဲ့ဒီကုမ္ပဏီကို ဂျူးလူမျိုး အေယယ် အယ်လ်မော့က ပိုင်ဆိုင်ပြီး သူ့ရဲ့ အမည်နဲ့ အစ္စရေးနိုင်ငံမှာ မှတ်ပုံတင်ထားပါတယ်။

(Dhaka Tribune., 11 January 2023,” Report: Israeli spy tech secretly sold to Bangladesh” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version

အစၥေရးက သူလွ်ိဳနည္းပညာကို ဘဂၤလားေဒ့ရ္ွသို႔ လွ်ိဳ႕ဝွက္ေရာင္းခ်ခဲ့ဟု သတင္းထြက္ေပၚ

Htay Oung (NP News) - ဇန္နဝါရီ ၁၁

ဒါကာနဲ႔ တဲလ္အဗစ္တို႔အၾကား လူသိရွား သံတမန္ဆက္ဆံမႈ မရွိေပမဲ့ အစၥေရးစီးပြားေရးသမားတို႔ လုပ္ကိုင္တဲ့ ကုမၸဏီမ်ားဟာ ေထာက္လွမ္းေရးပစၥည္းနဲ႔ ေစာင့္ၾကည့္ေရးကိရိယာမ်ားကို ဘဂၤလားေဒ့ရ္ွသို႔ ေရာင္းခ်ခဲ့ေၾကာင္း “ဟာအားရက္ဇ္“ ဟီးဘ႐ူး သတင္းစာက အဂၤါေန႔မွာ ဖြင့္ခ်လိုက္တယ္လို႔ Dhaka Tribune က ယေန႔ (ဇန္နဝါရီလ ၁၁ ရက္)တြင္ ေရးသားပါတယ္။

အစၥေရးကုမၸဏီမ်ားနဲ႔ အစၥေရးစစ္ေထာက္လွမ္းေရး (IDF) တပ္မႉးေဟာင္းတစ္ဦး ဦးစီးၿပီး ဥေရာပအေျခစိုက္ ကုမၸဏီတစ္ခုတို႔ဟာ မၾကာေသးမီႏွစ္မ်ားအတြင္း အဲ့ဒီပစၥည္းကိရိယာမ်ားကို ဒါကာထံ ေရာင္းခ်ခဲ့ေၾကာင္း၊ အစၥေရးအစိုးရရဲ႕ စည္းမ်ဥ္းမ်ားအရ ဘဂၤလားေဒ့ရ္ွႏိုင္ငံကို အဲ့ဒီနည္းပညာမ်ား ေရာင္းခ်ျခင္းမွ တားျမစ္ထားၿပီး အျပန္အလွန္အားျဖင့္ ဒါကာကလည္း တယ္လ္အဗစ္ ထုတ္ကုန္မ်ားကို တင္သြင္းျခင္းမျပဳဖို႔ ပိတ္ပင္ထားေၾကာင္း သိရပါတယ္။

ဟာအားရက္ဇ္သတင္းစာ အဆိုအရ “ ပတ္စီတိုရာ” ကုမၸဏီမွ ထုတ္လုပ္တဲ့ SpearHead surveillance system “စပီးယားဟက္ဒ္ “ ေခၚ ေစာင့္ၾကည့္ ေထာက္လွမ္းေရးစနစ္ကို ၂ဝ၂၂ ခုႏွစ္ ဇြန္လမွာ ဒါကာသို႔ ေပးပို႔ခဲ့ေၾကာင္း၊ “ ပတ္စီတိုရာ”ကို IDF နည္းပညာယူနစ္မွ တပ္မႉးေဟာင္း တယ္လ္ဒီလီယမ္က ပိုင္ဆိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂ဝဝ၃ ခုႏွစ္မွာ တယ္လ္ဒီလီယမ္ဟာ ရန္ပုံေငြ အလြဲသုံးစားမႈမွာ ပါဝင္ေၾကာင္း သံသယရွိတဲ့အတြက္ ဌာနတြင္း စုံစမ္းစစ္ေဆးမႈခံခဲ့ရသူျဖစ္ၿပီး မယူေနရ အၿငိမ္းစား ေပးျခင္းခံခဲ့ရေၾကာင္း IDF ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉး႐ုံးမွ အႀကီးတန္းအရာရွိ သုံးဦးတို႔က The New York Times သတင္းစာကို ေျပာျပပါတယ္။

၂ဝ၁၉ ခုႏွစ္ ဆိုက္ပရပ္စ္ရဲတပ္ဖြဲ႕ဟာ သူတို႔ ကြၽန္းႏိုင္ငံရဲ႕ WiSpear ေခၚ ကုမၸဏီက တစ္စိတ္တစ္ပိုင္းပါဝင္ စမ္းသပ္ေနတဲ့ “စပီးယားဟက္ဒ္စနစ္ပါ ဗင္ေမာ္ေတာ္ ယာဥ္”ကိစၥနဲ႔ပတ္သက္ၿပီး တယ္လ္ဒီလီယမ္ကို စတင္စုံစမ္းစစ္ေဆးခဲ့ေၾကာင္း Forbes မဂၢဇင္းမွတဆင့္ သိရွိရပါတယ္။ ေထာက္လွမ္းေရးကိရိယာမ်ား တပ္ဆင္ထားၿပီး ေဒၚလာသန္းေပါင္းမ်ားစြာတန္ေၾကးရွိတဲ့ အဲ့ဒီေမာ္ေတာ္ယာဥ္ဟာ GMC လူနာတင္ ကားအသြင္ ပုံစံေျပာင္းထားေၾကာင္း၊ (၁)ကီလိုမီတာအခ်င္းဝက္အတြင္းရွိ မည္သည့္ဖုန္းကိုမဆို ထိုးေဖာက္ဝင္ေရာက္ႏိုင္ၿပီး ၎တို႔ရဲ႕ WhatsApp မက္ေဆ့ခ္်မ်ား၊ Facebook ေျပာဆိုခ်က္မ်ား၊ စာတိုေပးပို႔ျခင္းမ်ား၊ အဆက္အသြယ္မ်ားနဲ႔ အျခား အရာမ်ားကို ဖတ္ရႈႏိုင္တယ္လို႔ ဆိုပါတယ္။

ေထာက္လွမ္းေရးနည္းပညာ ဝန္ေဆာင္မႈ ေပးအပ္တဲ့ ကုမၸဏီေတြရဲ႕ (ဥပေဒ) ခ်ိဳးေဖာက္ရာေရာက္တဲ့ ကိစၥေတြအတြက္ သူတာဝန္မယူႏိုင္ဘူးလို႔ တယ္လ္ဒီလီယမ္က ျငင္းဆိုပါတယ္။ ၂ဝ၂၁ ခုႏွစ္ ဇြန္လမွာ (ဘဂၤလားေဒ့ရွ္) အစိုးရက Toru Group Limited မွ ေထာက္ လွမ္းေရးယာဥ္တစ္စီးကို ဝယ္ယူဖို႔ ဆုံးျဖတ္ခဲ့ဖူးပါတယ္။ အဲ့ဒီ ကုမၸဏီဟာ (အခြန္တိမ္းေရွာင္သူမ်ား ေပ်ာ္ေမြ႕ရာ) ၿဗိတိသွ် ဗားဂ်င္းကြၽန္းမွာ မွတ္ပုံတင္ထားေၾကာင္း ဟာအားရက္ဇ္က ေတြ႕ရွိခဲ့ေပမဲ့ အစိုးရက ဝယ္ယူထားတဲ့ ေမာ္ေတာ္ယာဥ္နဲ႔ ပတ္ သက္လို႔ သူတို႔ကုမၸဏီ ဝဘ္ဆိုက္မွာ ကိုးကားထားျခင္း မရွိပါဘူး။ ကုမၸဏီရဲ႕ CEO ဟာ အာဆတ္အီလီေယာ့ အမည္ရွိ အစၥေရးႏိုင္ငံသားျဖစ္ေနပါတယ္။ ဘဂၤလားေဒ့ရ္ွက ဝယ္ယူခဲ့တဲ့ ေထာက္လွမ္းေစာင့္ၾကည့္ေရးေမာ္ေတာ္ယာဥ္ကို တယ္လ္ဒီလီယမ္ပိုင္ ကုမၸဏီက ပံ့ပိုးေပးခဲ့ေၾကာင္း သတင္းရင္းျမစ္ အေျမာက္အမ်ား ရရွိထားၿပီး Toru Group Limited မွ CEO အာဆတ္အီ လီေယာ့ဟာ တယ္လ္ဒီလီယံနဲ႔ ဒါကာအၾကား ၾကားခံလူအျဖစ္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။

ႏိုင္ငံသားမ်ားကို ေစာင့္ၾကည့္ျခင္း အတိုက္အခံအရာရွိမ်ား၊ ဆႏၵျပသူမ်ားနဲ႔ သာမန္ျပည္သူတို႔ရဲ႕ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကို ခိုးယူေၾကာင္း စြပ္စြဲခံထားရတဲ့ အမ်ိဳးသား ဆက္သြယ္မႈ ေစာင့္ၾကည့္ေရးစင္တာ (NTMC) မွ အဆင့္ျမင့္အရာရွိတစ္ဦးဟာ ဂရိႏိုင္ငံသို႔ အႀကိမ္မ်ားစြာ သြားေရာက္ခဲ့ေၾကာင္း၊ ေထာက္လွမ္းေရးယာဥ္နဲ႔ ပတ္သက္ၿပီး ေလ့က်င့္ရန္ ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ တရားဝင္စာ႐ြက္စာတမ္းမ်ားက ေဖာ္ျပေနပါတယ္။ အစၥေရးကုမၸဏီတစ္ခုျဖစ္တဲ့ “ပရီလီစစ္“ ဟာ ဘဂၤလားေဒ့ရ္ွျပည္တြင္းေထာက္ လွမ္းေရးေအဂ်င္စီထံ WiFi ဆက္သြယ္ေရးၾကားျဖတ္ေစာင့္ၾကည့္ စံနစ္ကို ေရာင္းခ်ခဲ့ေၾကာင္း၊ အဲ့ဒီ စနစ္ကို ဆိုက္ပရပ္စ္မွတစ္ဆင့္ တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း ကြၽန္းႏိုင္ငံရဲ႕ကုန္မွတ္တမ္းမ်ားမွာ ေဒၚလာ (၃)သန္း ခန႔္တန္ဖိုးရွိ သေဘာတူညီခ်က္မ်ား ပါရွိေနတာကို အစီရင္ခံစာမ်ားမွာ ေတြ႕ရွိခဲ့ရပါတယ္။ “ပရီလီစစ္ကုမၸဏီ" ကို အစၥေရးနဲ႔ ဆိုက္ပရပ္စ္ႏိုင္ငံတို႔မွာ မွတ္ပုံတင္ထားၿပီး အစၥေရးႏိုင္ငံသား ကိုဘီေနဗာက တည္ေထာင္ ၫႊန္ၾကားလ်က္ရွိေၾကာင္း၊ အစၥေရး ကာကြယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ သူ႔ရဲ႕ ကုမၸဏီအေပၚ ႀကီးၾကပ္ျခင္း ရွိ-မရွိ ေမးျမန္းတဲ့အခါ ကိုဘီေနဗာက ျပန္လည္ ေျဖဆိုျခင္း မျပဳခဲ့ပါဘူး။

အလားတူ စင္ကာပူအေျခစိုက္ Coralco Tech “ေကာ္ရယ္ကို နည္းပညာ” အမည္ရွိ ကုမၸဏီတစ္ခုဟာ ၂ဝ၁၉ ခုႏွစ္မွာ ဘဂၤလားေဒ့ရ္ွစစ္တပ္အတြက္ “မိုဘိုင္းဖုန္းမ်ားကို ထိေရာက္စြာ ေစာင့္ၾကည့္ေရး စက္ကိရိယာမ်ား ေပးအပ္ခဲ့ေၾကာင္း ဆိုက္ပရပ္စ္ပို႔ကုန္မွတ္တမ္းမ်ားက ေဖာ္ျပထားပါတယ္။ အဲ့ဒီကုမၸဏီကို ဂ်ဴးလူမ်ိဳး ေအယယ္ အယ္လ္ေမာ့က ပိုင္ဆိုင္ၿပီး သူ႔ရဲ႕ အမည္နဲ႔ အစၥေရးႏိုင္ငံမွာ မွတ္ပုံတင္ထားပါတယ္။

(Dhaka Tribune., 11 January 2023,” Report: Israeli spy tech secretly sold to Bangladesh” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်က ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်စနစ်နဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးဖွယ်ရှိနေကြောင်း ရုရှား သံအမတ်ကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved