Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်အဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

NP News - ဇွန် ၆

အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်သည့် Special Task Force – STF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ယနေ့ (ဇွန်လ ၆ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ညနေပိုင်းတွင် သရုပ်ဆောင်အဆိုတော် လီလီနိုင်ကျော်အား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် အကြမ်းဖက်သမားတစ်ဦးမှ ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံအားဖမ်းဆီးရမိရေးအတွက်  ဖြစ်စဉ်ဖြစ်ပွားရာနေရာဝန်း ကျင်တွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ထိုသို့ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လ (၄)ရက်၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခု၌ အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း (ခ) လပြည့် နှင့် ကျော်သူရ (ခ) အီးတီတို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။ 

ထွက်ဆိုချက်အရ ၎င်းတို့(၂)ဦးသည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေး‌သင်တန်း (၁)လနှင့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ Special Task Force – STF အမည်ခံအကြမ်းဖက်အဖွဲ့မှဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေး‌သင်တန်းတို့ကို တတ်ရောက်ခဲ့ကြောင်းသိရသည်။ 

အလားတူ ၎င်းတို့ထွက်ဆိုချက်များအရ  ဖမ်းဆီးရန်ကျန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့ ဦးဆောင်၍ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လတွင် တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်တွင် ဖမ်းဆီးရန်ကျန် ဒီငြိမ်းလင်းမှ အဖွဲ့ဝင် (၂၆)ဦးအား အဖွဲ့များခွဲကာ ရန်ကုန်တိုင်းအတွင်းစေလွှတ်ခဲ့ပြီး ကောင်းဇာနည်ဟိန်း နှင့် ကျော်သူရတို့ (၂)ဦးသည်  ရန်ကုန်မြို့သို့ပြန်လာကာ ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်(၁)ခုတွင် တစ်လလျှင်တစ်သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်။

ထို့ပြင် ကောင်းဇာနည်ဟိန်းသည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌ လည်း ကောင်း၊ ကျော်သူရသည် မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင်တစ်ခု၌လည်းကောင်းလုပ်ကိုင်၍ ဒီငြိမ်းလင်းမှခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်စောင့် ဆိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုသည်။

ထို့နောက်  ဖမ်းဆီးရန်ကျန်ရှိနေသည့် ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် ‌နွေးနွေးတို့ (၄)ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိနေသော အဖွဲ့ဝင်များအား Telegram မှတဆင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း သိရသည်။

ထို့ပြင် ကောင်းဇာနည်ဟိန်း၏ ထွက်ဆိုချက်အရ ဒီငြိမ်းလင်းနှင့် ‌ဟေဇယ်မှ ပြီးခဲ့သည့် မေလ (၂၅)ရက်တွင် ဒေါ်လီလီနိုင်ကျော်၏ ဓာတ်ပုံအချက်အလက်များအား Telegram မှတဆင့်ပေးပို့၍ လုပ်ကြံသတ် ဖြတ်ရန် စေခိုင်းခဲ့ပြီး မေလ (၂၈)ရက်တွင် Sig Sauer ပစ္စတို (၁)လက်၊ ၎င်းကျည်အိမ် (၂)ခု၊ ၎င်းကျည် (၂ဝ)တောင့်တို့အား ဟေဇယ်မှပေးပို့ခဲ့ကြောင်း သိရသည်။ 

၎င်းတို့၏ ထွက်ဆိုချက်အများအရ ကောင်းဇာနည်ဟိန်း နှင့် ကျော်သူရတို့ (၂)ဦးသည်  ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေစောင့်ကြည့်ခဲ့ပြီး မေလ(၃ဝ)ရက်၊ ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်းသည် ဒေါ်လီလီနိုင်ကျော်အား ၎င်း၏ အိမ်ရှေ့၌  လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့နောက် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများအား  မေလ (၃၁)ရက်တွင်  ဖမ်းဆီးရန်ကျန် ယသော်၏ စီစဉ်ပေးမှုဖြင့် STF အဖွဲ့ဝင် တစ်ဦးထံပြန်လည်ပေးအပ်ခဲ့ပြီး လုပ်ကြံသတ် ဖြတ်ရန်အတွက် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့မှ ငွေကျပ် (၃)သိန်းအား Wave Pay မှတဆင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိသူ(၂)ဦးအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးနှင့်  ဖမ်းဆီးရန်ကျန်သူများအား  ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရန်အတွက် 3R စနစ်ကို ရေရှည်အစီအမံဖြင့် ချမှတ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved