Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“TikTok မှာ အောင်မြင်အောင်ကြိုးစားပြီး ဒေါ်လာသိန်းချီ ဝင်ငွေရသွားတဲ့ နာအိုမီမယ်လာနီလီနေ့ဂျ်” (ထူးခြားသုတဆောင်းပါး)

ဝတီ (NP News) - ဇန်နဝါရီ ၃

ဒီနေ့ခေတ် လူငယ်လူလတ်တွေကြားထဲမှာ အွန်လိုင်းကနေ ပိုက်ဆံရအောင်ရှာတာ အင်မတန် ခေတ်စားလှပါတယ်။ အွန်လိုင်းမှာ ပေါက်သွားပြီဆိုရင် အားလုံး အဆင်ပြေသွားပြီလေ။ ဒါပေမဲ့ ဒါဟာ အပြော လွယ်သလောက် အလုပ်ခက်လှပါတယ်။ Youtube နဲ့ TikTok ကို လူငယ်လူရွယ်တွေ အားလုံးနီးပါး သုံးကြပေမယ့် အဲဒီကနေ ဝင်ငွေရှာနိုင်တဲ့အဆင့်အထိ ရောက်အောင်လုပ်ဖို့ကတော့ မလွယ်လှပါဘူး။ ဒါကြောင့် ကိုယ်က TikTok ကနေ ဝင်ငွေရှာနိုင်ချင်တယ်၊ အဲဒီမှာ အောင်မြင်ချင်တယ်ဆိုရင် TikTok မှာ လက်ရှိ အောင်မြင်နေတဲ့ လူတစ်ယောက် ဒီလို အောင်မြင်အောင် ဘယ်လိုတွေ လျှောက်လှမ်းခဲ့ရတယ်ဆိုတာကို လေ့လာထားဖို့ လိုပါလိမ့်မယ်။TikTok နာမည်ကျော်တွေ အများကြီးရှိပြီး အဲဒီထဲက တစ်ယောက်ကတော့ ကနေဒါနိုင်ငံသူ နာအိုမီ မယ်လာနီလီနေ့ဂျ် (Naomi Melanie Leanage) ဆိုသူပဲ ဖြစ်ပါတယ်။ သူဟာသာမန် လူမသိ သူမသိ မိန်းမပျိုလေး ကနေမှ TikTok နာမည်ကျော်ဖြစ်လာသူပါ။ ဗီဒီယိုဖန်တီးသူတွေ အများစုဟာ အဲဒီအလုပ် ကနေ ချက်ချင်း ဝင်ငွေ ရတာ မဟုတ်ပါဘူး။ ကိုယ့်နာမည်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုတည်ထောင်နိုင်အောင် နှစ်တွေနဲ့ချီ အချိန်ယူရ ပါတယ်။ နာမည် ကြီးလာမှသာ ကိုယ့်ဆီကို ကြော်ငြာတွေ ဝင်လာမှာဖြစ်ပါတယ်။

ဒါကြောင့် TikTok ကနေ ဝင်ငွေ ရအောင် ရှာမယ်လို့ စိတ်ကူးထားသူတွေဟာ ဒီအချက်ကို ကောင်းကောင်း သတိချပ်သင့်ပါတယ်။နာအိုမီဆိုတဲ့ ဒီမိန်းကလေးကတော့ ၂ဝ၁၄ ခုနှစ်မှာ ကျောင်းပြီးတာဖြစ်ပြီး ယူကျုဗီဒီယိုဖန်တီးသူအဖြစ် အချိန်ပြည့် အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ယူကျုမှာတင်လိုက်တဲ့ ဗီဒီယိုတစ်ခု အရမ်းပေါက်သွားပြီး ကြည့်ရှုမှုအကြိမ်ရေလေးသိန်း ရသွားတော့ သူက ယူကျုဗီဒီယိုဖန်တီးသူအဖြစ် သက်မွေးဝမ်းကျောင်းဖို့ စိတ်ပိုင်း ဖြတ်လိုက်တာပါ။ ဒါတောင်မှသူလည်း တကယ်တမ်း အဲဒီအလုပ်ကို ဇောက်ချလုပ်ရောထင်ထားသလောက် ပရိသတ်များများ မရပါဘူး။ Subscriber များများမရတော့ ဘယ်ကြော်ငြာရှင်မှ သူ့ဆီ ရောက်မလာဘူးပေါ့။ ဒီအလုပ်ကနေ ချက်ချင်း ပိုက်ဆံ ရမှာမဟုတ်ဘူးဆိုတာ သိထားတော့ သူက အချိန်ပိုင်းအလုပ် ဝင်လုပ်ပြီး ပုံမှန်ဝင်ငွေလေး ရအောင်ရှာပါတယ်။ ကျန်တဲ့အားလပ်ချိန်မှာတော့ သူက ယူကျုပေါ်တင်ဖို့ ဗီဒီယိုလေးတွေ ရိုက်တာပေါ့။ ဒါပေမဲ့ ၂ဝ၁၆ ခုနှစ်နှစ်ကုန်ပိုင်း ရောက်တဲ့အချိန်မှာတော့ Subscriber အရေအတွက်က (၂၂ဝဝဝ) ကနေ တက်မလာတော့ပါဘူး။“အရင်က ထင်ထားတာက တစ်နှစ်လောက်ဆို ဒီယူကျုချန်နယ်ကနေ ငွေတွေဝင်တော့မယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းလည်းကျရော ငါးနှစ်ကြာတာတောင် အဲဒီကနေ ဘာဝင်ငွေမှ မရဘူး။

မိဘတွေ၊ သူငယ်ချင်းတွေက နင် ဒီအလုပ်ချည်းပဲ ဇောက်ချလုပ်မနေနဲ့တော့။ ဒီကနေ ဘာမှလည်း ပိုက်ဆံ ရတာမဟုတ်ဘူး။ အချိန်ပြည့် အလုပ်တစ်ခုခု ရှာလုပ်တော့လို့ပြောနေလည်း ကျွန်မက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်ကြိုးစားသမျှ အရာထင်လာမှာပဲဆိုတာ ယုံကြည်လို့ ဆက်လုပ်ခဲ့တယ်”လို့ သူက ပြောပြပါတယ်။ဒါကြောင့် သူက ဒီအလုပ်ကို လက်မလျှော့ပေမယ့် အပြောင်းအလဲ တစ်ခုခု ကြီးကြီးမားမား လုပ်လိုက်ပါတယ်။ အဲဒါကတော့ ယူကျုကနေ TikTok ဘက်ကို လှည့်လိုက်တာပါပဲ။ သူဟာ ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူ့ရဲ့ ပထမဦးဆုံး TikTok ဗီဒီယိုကို စတင်ခဲ့ပြီး အဲဒီဗီဒီယိုလေးဟာ ကြည့်မှုအကြိမ်ရေ (၆၅ဝဝဝဝ) ရသွားပါတယ်။“အဲဒီအချိန်မှာပဲ ဟာ… TikTok က အရမ်းမိုက်တာပဲ ဆိုတာသဘောပေါက်သွားတယ်။ ဒါနဲ့ပဲ နေ့တိုင်း မပျက်မကွက် ဗီဒီယိုတွေ တင်တော့တယ်။ ယူကျုကို အားမစိုက်တော့ဘဲ TikTok ဘက်ကိုပဲ အဓိက အားစိုက်ထား လိုက်တော့တယ်။ ဒါနဲ့ လပိုင်းအတွင်းမှာပဲ TikTok မှာ ပရိသတ်တွေ သောင်းတွေနဲ့ချီ ရလာပြီး ကြော်ငြာရှင်တွေ ဆီကနေ ကမ်းလှမ်းမှုစရလာတော့တယ်”လို့ သူက ဆက်ပြောပြပါတယ်။ အစကတော့ သူက သူဖန်တီးပေးထားတဲ့ ဗီဒီယို ဘယ်နှမိနစ်စာအတွက် ဈေးဘယ်လောက် ယူရမယ်ဆိုတာ မသိဘဲ ကြော်ငြာရှင်တွေ ပေးသမျှနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ သူက TikTok မှာ ဗီဒီယိုပို့စ်လေးတစ်ခု တင်ပေးခအတွက် အနည်းဆုံး ဒေါ် လာ (၆ဝဝဝ)က စယူပါတယ်။ ဒါပေမဲ့ တင်ပေးရတဲ့ ဗီဒီယိုတစ်ခုအတွက် သူ အချိန်ဘယ်လောက်ကုန်ခံပြီး ရိုက်ကူး ဖန်တီးပေးရတယ်ဆိုတာပေါ်မူတည်ပြီးတော့လည်း သူက ဈေးကိုနည်းနည်း ပြောင်းယူပါသေးတယ်။ သူ တောင်း တဲ့ ဈေးနည်းလား၊ များလားဆိုတာ သိရအောင် သူက တခြားတစ်တုတ်နာမည်ကျော်တွေကို လှမ်းမေးမြန်းပြီး စနည်းနာပါတယ်။ဒီလိုနဲ့ အခုဆိုရင် သူဟာ ယူကျုမှာ ပရိသတ် ၈၇ဝဝဝ ၊ တစ်တုတ်မှာ ပရိသတ် (၅)သိန်းကျော် ရနေပါပြီ။ သူက ဖက်ရှင်၊ လူနေမှုဘဝပုံစံနဲ့ ခရီးသွားဗီဒီယိုတွေ အဓိက တင်ဆက်တာပါ။ ၂ဝ၂၂ ခုနှစ်ထဲမှာတော့ သူဟာ အဲဒီအွန်လိုင်း ဗီဒီယိုဖန်တီးတင်ဆက်မှုအလုပ်ကနေ အမေရိကန်ဒေါ်လာ နှစ်သိန်းနီးပါး ဝင်ခဲ့ပါတယ်။“အဲဒီအလုပ်ကနေ အခုလို ပိုက်ဆံတွေ အတော်လေး ရလာတော့ ကျွန်မဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်။ အထူးသဖြင့် ဒီလိုတွေ ဗီဒီယိုအတိုတွေ ရိက်ပြီး အွန်လိုင်းပေါ်တင်တဲ့အလုပ်ကနေ ပိုက်ဆံရှာတာဟာ ဒီနေ့ခေတ်ကြီးထဲမှာ တကယ့် ငွေရှာနည်းပဲ၊ သမားရိုးကျ အပြင်အလုပ်လုပ်မှ ပိုက်ဆံရှာတာ မဟုတ်ဘူးဆိုတာ မိသားစုကို သက်သေပြနိုင်သွားလို့ အတော်လေး စိတ်ကျေနပ်မှု ရတယ်” လို့သူက ဆက်ပြောသွားပါသေးတယ်။


zawgyi version

“TikTok မွာ ေအာင္ျမင္ေအာင္ႀကိဳးစားၿပီး ေဒၚလာသိန္းခ်ီ ဝင္ေငြရသြားတဲ့ နာအိုမီမယ္လာနီလီေန႔ဂ်္” (ထူးျခားသုတေဆာင္းပါး)

ဝတီ (NP News) - ဇန္နဝါရီ ၃

ဒီေန႔ေခတ္ လူငယ္လူလတ္ေတြၾကားထဲမွာ အြန္လိုင္းကေန ပိုက္ဆံရေအာင္ရွာတာ အင္မတန္ ေခတ္စားလွပါတယ္။ အြန္လိုင္းမွာ ေပါက္သြားၿပီဆိုရင္ အားလုံး အဆင္ေျပသြားၿပီေလ။ ဒါေပမဲ့ ဒါဟာ အေျပာ လြယ္သေလာက္ အလုပ္ခက္လွပါတယ္။ Youtube နဲ႔ TikTok ကို လူငယ္လူ႐ြယ္ေတြ အားလုံးနီးပါး သုံးၾကေပမယ့္ အဲဒီကေန ဝင္ေငြရွာႏိုင္တဲ့အဆင့္အထိ ေရာက္ေအာင္လုပ္ဖို႔ကေတာ့ မလြယ္လွပါဘူး။

ဒါေၾကာင့္ ကိုယ္က TikTok ကေန ဝင္ေငြရွာႏိုင္ခ်င္တယ္၊ အဲဒီမွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ TikTok မွာ လက္ရွိ ေအာင္ျမင္ေနတဲ့ လူတစ္ေယာက္ ဒီလို ေအာင္ျမင္ေအာင္ ဘယ္လိုေတြ ေလွ်ာက္လွမ္းခဲ့ရတယ္ဆိုတာကို ေလ့လာထားဖို႔ လိုပါလိမ့္မယ္။ TikTok နာမည္ေက်ာ္ေတြ အမ်ားႀကီးရွိၿပီး အဲဒီထဲက တစ္ေယာက္ကေတာ့ ကေနဒါႏိုင္ငံသူ နာအိုမီ မယ္လာနီလီေန႔ဂ်္ (Naomi Melanie Leanage) ဆိုသူပဲ ျဖစ္ပါတယ္။ သူဟာသာမန္ လူမသိ သူမသိ မိန္းမပ်ိဳေလး ကေနမွ TikTok နာမည္ေက်ာ္ျဖစ္လာသူပါ။

ဗီဒီယိုဖန္တီးသူေတြ အမ်ားစုဟာ အဲဒီအလုပ္ ကေန ခ်က္ခ်င္း ဝင္ေငြ ရတာ မဟုတ္ပါဘူး။ ကိုယ့္နာမည္နဲ႔ ကိုယ္ပိုင္အမွတ္တံဆိပ္တစ္ခုတည္ေထာင္ႏိုင္ေအာင္ ႏွစ္ေတြနဲ႔ခ်ီ အခ်ိန္ယူရ ပါတယ္။ နာမည္ ႀကီးလာမွသာ ကိုယ့္ဆီကို ေၾကာ္ျငာေတြ ဝင္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ TikTok ကေန ဝင္ေငြ ရေအာင္ ရွာမယ္လို႔ စိတ္ကူးထားသူေတြဟာ ဒီအခ်က္ကို ေကာင္းေကာင္း သတိခ်ပ္သင့္ပါတယ္။ နာအိုမီဆိုတဲ့ ဒီမိန္းကေလးကေတာ့ ၂ဝ၁၄ ခုႏွစ္မွာ ေက်ာင္းၿပီးတာျဖစ္ၿပီး ယူက်ဳဗီဒီယိုဖန္တီးသူအျဖစ္ အခ်ိန္ျပည့္ အလုပ္လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူ ယူက်ဳမွာတင္လိုက္တဲ့ ဗီဒီယိုတစ္ခု အရမ္းေပါက္သြားၿပီး ၾကည့္ရႈမႈအႀကိမ္ေရေလးသိန္း ရသြားေတာ့ သူက ယူက်ဳဗီဒီယိုဖန္တီးသူအျဖစ္ သက္ေမြးဝမ္းေက်ာင္းဖို႔ စိတ္ပိုင္း ျဖတ္လိုက္တာပါ။ ဒါေတာင္မွသူလည္း တကယ္တမ္း အဲဒီအလုပ္ကို ေဇာက္ခ်လုပ္ေရာထင္ထားသေလာက္ ပရိသတ္မ်ားမ်ား မရပါဘူး။ Subscriber မ်ားမ်ားမရေတာ့ ဘယ္ေၾကာ္ျငာရွင္မွ သူ႔ဆီ ေရာက္မလာဘူးေပါ့။ ဒီအလုပ္ကေန ခ်က္ခ်င္း ပိုက္ဆံ ရမွာမဟုတ္ဘူးဆိုတာ သိထားေတာ့ သူက အခ်ိန္ပိုင္းအလုပ္ ဝင္လုပ္ၿပီး ပုံမွန္ဝင္ေငြေလး ရေအာင္ရွာပါတယ္။

က်န္တဲ့အားလပ္ခ်ိန္မွာေတာ့ သူက ယူက်ဳေပၚတင္ဖို႔ ဗီဒီယိုေလးေတြ ႐ိုက္တာေပါ့။ ဒါေပမဲ့ ၂ဝ၁၆ ခုႏွစ္ႏွစ္ကုန္ပိုင္း ေရာက္တဲ့အခ်ိန္မွာေတာ့ Subscriber အေရအတြက္က (၂၂ဝဝဝ) ကေန တက္မလာေတာ့ပါဘူး။ “အရင္က ထင္ထားတာက တစ္ႏွစ္ေလာက္ဆို ဒီယူက်ဳခ်န္နယ္ကေန ေငြေတြဝင္ေတာ့မယ္ေပါ့။ ဒါေပမဲ့ တကယ္တမ္းလည္းက်ေရာ ငါးႏွစ္ၾကာတာေတာင္ အဲဒီကေန ဘာဝင္ေငြမွ မရဘူး။ မိဘေတြ၊ သူငယ္ခ်င္းေတြက နင္ ဒီအလုပ္ခ်ည္းပဲ ေဇာက္ခ်လုပ္မေနနဲ႔ေတာ့။ ဒီကေန ဘာမွလည္း ပိုက္ဆံ ရတာမဟုတ္ဘူး။ အခ်ိန္ျပည့္ အလုပ္တစ္ခုခု ရွာလုပ္ေတာ့လို႔ေျပာေနလည္း ကြၽန္မက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ကိုယ္ႀကိဳးစားသမွ် အရာထင္လာမွာပဲဆိုတာ ယုံၾကည္လို႔ ဆက္လုပ္ခဲ့တယ္”လို႔ သူက ေျပာျပပါတယ္။ ဒါေၾကာင့္ သူက ဒီအလုပ္ကို လက္မေလွ်ာ့ေပမယ့္ အေျပာင္းအလဲ တစ္ခုခု ႀကီးႀကီးမားမား လုပ္လိုက္ပါတယ္။ အဲဒါကေတာ့ ယူက်ဳကေန TikTok ဘက္ကို လွည့္လိုက္တာပါပဲ။ သူဟာ ၂ဝ၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ သူ႔ရဲ႕ ပထမဦးဆုံး TikTok ဗီဒီယိုကို စတင္ခဲ့ၿပီး အဲဒီဗီဒီယိုေလးဟာ ၾကည့္မႈအႀကိမ္ေရ (၆၅ဝဝဝဝ) ရသြားပါတယ္။ “အဲဒီအခ်ိန္မွာပဲ ဟာ… TikTok က အရမ္းမိုက္တာပဲ ဆိုတာသေဘာေပါက္သြားတယ္။ ဒါနဲ႔ပဲ ေန႔တိုင္း မပ်က္မကြက္ ဗီဒီယိုေတြ တင္ေတာ့တယ္။ ယူက်ဳကို အားမစိုက္ေတာ့ဘဲ TikTok ဘက္ကိုပဲ အဓိက အားစိုက္ထား လိုက္ေတာ့တယ္။ ဒါနဲ႔ လပိုင္းအတြင္းမွာပဲ TikTok မွာ ပရိသတ္ေတြ ေသာင္းေတြနဲ႔ခ်ီ ရလာၿပီး ေၾကာ္ျငာရွင္ေတြ ဆီကေန ကမ္းလွမ္းမႈစရလာေတာ့တယ္”လို႔ သူက ဆက္ေျပာျပပါတယ္။ အစကေတာ့ သူက သူဖန္တီးေပးထားတဲ့ ဗီဒီယို ဘယ္ႏွမိနစ္စာအတြက္ ေဈး ဘယ္ေလာက္ ယူရမယ္ဆိုတာ မသိဘဲ ေၾကာ္ျငာရွင္ေတြ ေပးသမွ်နဲ႔ပဲ ေက်နပ္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ သူက TikTok မွာ ဗီဒီယိုပို႔စ္ေလးတစ္ခု တင္ေပးခအတြက္ အနည္းဆုံး ေဒၚ လာ (၆ဝဝဝ)က စယူပါတယ္။

ဒါေပမဲ့ တင္ေပးရတဲ့ ဗီဒီယိုတစ္ခုအတြက္ သူ အခ်ိန္ဘယ္ေလာက္ကုန္ခံၿပီး ႐ိုက္ကူး ဖန္တီးေပးရတယ္ဆိုတာေပၚမူတည္ၿပီးေတာ့လည္း သူက ေဈးကိုနည္းနည္း ေျပာင္းယူပါေသးတယ္။ သူ ေတာင္း တဲ့ ေဈးနည္းလား၊ မ်ားလားဆိုတာ သိရေအာင္ သူက တျခားတစ္တုတ္နာမည္ေက်ာ္ေတြကို လွမ္းေမးျမန္းၿပီး စနည္းနာပါတယ္။ ဒီလိုနဲ႔ အခုဆိုရင္ သူဟာ ယူက်ဳမွာ ပရိသတ္ ၈၇ဝဝဝ ၊ တစ္တုတ္မွာ ပရိသတ္ (၅)သိန္းေက်ာ္ ရေနပါၿပီ။ သူက ဖက္ရွင္၊ လူေနမႈဘဝပုံစံနဲ႔ ခရီးသြားဗီဒီယိုေတြ အဓိက တင္ဆက္တာပါ။ ၂ဝ၂၂ ခုႏွစ္ထဲမွာေတာ့ သူဟာ အဲဒီအြန္လိုင္း ဗီဒီယိုဖန္တီးတင္ဆက္မႈအလုပ္ကေန အေမရိကန္ေဒၚလာ ႏွစ္သိန္းနီးပါး ဝင္ခဲ့ပါတယ္။ “အဲဒီအလုပ္ကေန အခုလို ပိုက္ဆံေတြ အေတာ္ေလး ရလာေတာ့ ကြၽန္မဘဝတစ္ခုလုံး ေျပာင္းလဲသြားတယ္။ အထူးသျဖင့္ ဒီလိုေတြ ဗီဒီယိုအတိုေတြ ရိက္ၿပီး အြန္လိုင္းေပၚတင္တဲ့အလုပ္ကေန ပိုက္ဆံရွာတာဟာ ဒီေန႔ေခတ္ႀကီးထဲမွာ တကယ့္ ေငြရွာနည္းပဲ၊ သမား႐ိုးက် အျပင္အလုပ္လုပ္မွ ပိုက္ဆံရွာတာ မဟုတ္ဘူးဆိုတာ မိသားစုကို သက္ေသျပႏိုင္သြားလို႔ အေတာ္ေလး စိတ္ေက်နပ္မႈ ရတယ္” လို႔သူက ဆက္ေျပာသြားပါေသးတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“ကမ္ဘာပေါ်မှာ ကလေး မွေးဖွားမှု အနည်းဆုံး နိုင်ငံ” (ထူးခြားသုတဆောင်းပါး)

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved