Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါတီဝင်(၁)သိန်း၊ ရုံးခန်းတို့နှင့်ပတ်သက်၍ တစညပါတီကို UEC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး၊ ပါတီဝင်စာရင်းများအား UEC ထံ softy copy ပေးပို့ရမည်

မျိုးကြီး (NP News) - မေ ၃ဝ

ပါတီဝင်အင်အား(၁)သိန်း၊ ရုံးခန်းတို့နှင့်ပတ်သက်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မေလ ၂၉ ရက်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၌ရှိသော တစညပါတီရုံးချုပ်သို့လာရောက်ကာ မြေပြင်အခြေအနေများကို လေ့လာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစညပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီအဖြစ် ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကော်မရှင်ဘက်ကလည်း မှတ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဥပဒေသစ်အရ နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီများအနေဖြင့် ပါတီဝင်အင်အား(၁)သိန်းရှိရန်၊ မြို့နယ်ပေါင်း(၃၃ဝ)အနက် တစ်ဝက်ကျော်၌ ပါတီရုံးခန်းများဖွင့်လှစ်ရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။

“အဲဒီတော့ လတ်တလောလုပ်ရမယ့် ပါတီဝင်တစ်သိန်း၊ သတ်မှတ်တဲ့ ရုံးတစ်ဝက်ကို အန်ကယ်တို့ ပါတီအနေနဲ့ အဆင်သင့် လုပ်ကိုင်ဆောင်ရွက်ထားပြီးတဲ့ အခြေအနေကိုတင်ပြလိုက်ပြီ။ သူတို့ကတော့ ပါတီတည်ထောင်ခွင့်ပြုထားတဲ့အနေအထားတွေကို ကွင်းဆင်းပြီးတော့ မြေပြင်အနေအထား လာပြီးတော့ လေ့လာတဲ့သဘောပါပဲ”ဟု တစညပါတီမှ အထွေထွေအတွင်းရေးမှူးဦးထွန်းရီက NP News ကိုပြော သည်။

လက်ရှိတွင် တစညပါတီ၌ ပါတီဝင်အင်အား (၁၂ဝဝဝဝ)ဝန်းကျင်ခန့်ရှိကြောင်းနှင့် ပါတီရုံးခန်းပေါင်း သည်လည်း (၂၄၇)ရုံးရှိကြောင်း ဦးထွန်းရီက ဆက်လက်ပြောဆိုထားသည်။

“ပါတီရုံးခန်းပေါင်း ခန့်မှန်ချေတော့ ၂၄၇ ရုံးလောက်တော့ ဖွင့်ပြီးပါပြီ။ စည်းကမ်းသတ်မှတ်ချက် (၃)ချက်ထဲက အန်ကယ်တို့အနေနဲ့တော့ ပါတီဝင်တစ်သိန်းဆိုတာ သိပ်ကြီးကြီးမားမားခက်ခက်ခဲခဲမရှိဘူး။ လက်ထဲမှာ ရနေပြီ။ ဆက်လုပ်ရမယ့် လုပ်ငန်းက soft copy ကွန်ပျူတာသွင်းတဲ့လုပ်ငန်း ဒါလုပ်နေတယ်။ ရုံးတွေကလည်း အရင်ကတည်းက အဆင်သင့်ရှိနေတော့ ဘာမှကြီးကြီးမားမားအခက်အခဲအဟန့်အတားမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ပါတီဝင်အင်အားစာရင်းကို ကော်မရှင်ထံသို့ soft copy ပို့ပေးရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။

ဆက်လက်ပြီး ဦးထွန်းရီက “သူတို့ကိုတော့ soft copy ပေးရမယ်။ အခုအဲဒီ ပါတီဝင် တစ်သိန်းဖြစ်ဖြစ်၊ တစ်သိန်းကျော်တဲ့ အရေအတွက်ဖြစ်ဖြစ်ပေါ့။ ကိုယ့်အပိုင်းကတော့ သတ်မှတ်ချိန်အတွင်းမှာ ဘောင်ဝင်အောင်တော့ အန်ကယ်တို့ ကြိုးစားလုပ်နေတာပေါ့” ဟု ပြောသည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးအနေဖြင့် တစညပါတီအား ကွင်းဆင်းလေ့လာစဉ်အချိန်၌ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည့်အကြောင်းနှင့် ရွေးကောက်ပွဲ၌ မဲပေးစက်ကို အသုံးပြုကာ မဲပေးနိုင်ရေးအတွက် လုပ်ဆောင်နေမှုများကို ထည့်သွင်းပြောဆိုခဲ့ကြောင်း ကြားသိရသည်။


zawgyi version

ပါတီဝင္(၁)သိန္း၊ ႐ုံးခန္းတို႔ႏွင့္ပတ္သက္၍ တစညပါတီကို UEC ဥကၠ႒ ကြင္းဆင္းစစ္ေဆး၊ ပါတီဝင္စာရင္းမ်ားအား UEC ထံ softy copy ေပးပို႔ရမည္

မ်ိဳးႀကီး (NP News) - ေမ ၃ဝ

ပါတီဝင္အင္အား(၁)သိန္း၊ ႐ုံးခန္းတို႔ႏွင့္ပတ္သက္၍ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ(တစည)ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးႏွင့္အဖြဲ႕က ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သတင္း ရရွိသည္။

ေကာ္မရွင္ဥကၠ႒ႏွင့္အဖြဲ႕သည္ ေမလ ၂၉ ရက္တြင္ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၌ရွိေသာ တစညပါတီ႐ုံးခ်ဳပ္သို႔လာေရာက္ကာ ေျမျပင္အေျခအေနမ်ားကို ေလ့လာစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစညပါတီသည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္အရ တစ္ႏိုင္ငံလုံး စည္း႐ုံးမည့္ပါတီအျဖစ္ ေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး ေကာ္မရွင္ဘက္ကလည္း မွတ္ပုံတင္ခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

ဥပေဒသစ္အရ ႏိုင္ငံတစ္ဝန္းစည္း႐ုံးမည့္ပါတီမ်ားအေနျဖင့္ ပါတီဝင္အင္အား(၁)သိန္းရွိရန္၊ ၿမိဳ႕နယ္ေပါင္း(၃၃ဝ)အနက္ တစ္ဝက္ေက်ာ္၌ ပါတီ႐ုံးခန္းမ်ားဖြင့္လွစ္ရန္ သတ္မွတ္ျပ႒ာန္းထားေၾကာင္း သိရသည္။

“အဲဒီေတာ့ လတ္တေလာလုပ္ရမယ့္ ပါတီဝင္တစ္သိန္း၊ သတ္မွတ္တဲ့ ႐ုံးတစ္ဝက္ကို အန္ကယ္တို႔ ပါတီအေနနဲ႔ အဆင္သင့္ လုပ္ကိုင္ေဆာင္႐ြက္ထားၿပီးတဲ့ အေျခအေနကိုတင္ျပလိုက္ၿပီ။ သူတို႔ကေတာ့ ပါတီတည္ေထာင္ခြင့္ျပဳထားတဲ့အေနအထားေတြကို ကြင္းဆင္းၿပီးေတာ့ ေျမျပင္အေနအထား လာၿပီးေတာ့ ေလ့လာတဲ့သေဘာပါပဲ”ဟု တစညပါတီမွ အေထြေထြအတြင္းေရးမႉးဦးထြန္းရီက NP News ကိုေျပာ သည္။

လက္ရွိတြင္ တစညပါတီ၌ ပါတီဝင္အင္အား (၁၂ဝဝဝဝ)ဝန္းက်င္ခန႔္ရွိေၾကာင္းႏွင့္ ပါတီ႐ုံးခန္းေပါင္း သည္လည္း (၂၄၇)႐ုံးရွိေၾကာင္း ဦးထြန္းရီက ဆက္လက္ေျပာဆိုထားသည္။

“ပါတီ႐ုံးခန္းေပါင္း ခန႔္မွန္ေခ်ေတာ့ ၂၄၇ ႐ုံးေလာက္ေတာ့ ဖြင့္ၿပီးပါၿပီ။ စည္းကမ္းသတ္မွတ္ခ်က္ (၃)ခ်က္ထဲက အန္ကယ္တို႔အေနနဲ႔ေတာ့ ပါတီဝင္တစ္သိန္းဆိုတာ သိပ္ႀကီးႀကီးမားမားခက္ခက္ခဲခဲမရွိဘူး။ လက္ထဲမွာ ရေနၿပီ။ ဆက္လုပ္ရမယ့္ လုပ္ငန္းက soft copy ကြန္ပ်ဴတာသြင္းတဲ့လုပ္ငန္း ဒါလုပ္ေနတယ္။ ႐ုံးေတြကလည္း အရင္ကတည္းက အဆင္သင့္ရွိေနေတာ့ ဘာမွႀကီးႀကီးမားမားအခက္အခဲအဟန႔္အတားမရွိေတာ့ဘူး” ဟု ၎က ဆိုသည္။

တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၏ ပါတီဝင္အင္အားစာရင္းကို ေကာ္မရွင္ထံသို႔ soft copy ပို႔ေပးရန္လည္း ျပင္ဆင္ေနေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဦးထြန္းရီက “သူတို႔ကိုေတာ့ soft copy ေပးရမယ္။ အခုအဲဒီ ပါတီဝင္ တစ္သိန္းျဖစ္ျဖစ္၊ တစ္သိန္းေက်ာ္တဲ့ အေရအတြက္ျဖစ္ျဖစ္ေပါ့။ ကိုယ့္အပိုင္းကေတာ့ သတ္မွတ္ခ်ိန္အတြင္းမွာ ေဘာင္ဝင္ေအာင္ေတာ့ အန္ကယ္တို႔ ႀကိဳးစားလုပ္ေနတာေပါ့” ဟု ေျပာသည္။

ထို႔ျပင္ ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးအေနျဖင့္ တစညပါတီအား ကြင္းဆင္းေလ့လာစဥ္အခ်ိန္၌ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ က်င္းပေပးမည့္အေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲ၌ မဲေပးစက္ကို အသုံးျပဳကာ မဲေပးႏိုင္ေရးအတြက္ လုပ္ေဆာင္ေနမႈမ်ားကို ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း ၾကားသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူး၌ (၁၂)ဘီးယာဉ်နှင့် (၆)ဘီးယာဉ် နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved