ပဲခူး၌ (၁၂)ဘီးယာဉ်နှင့် (၆)ဘီးယာဉ် နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NP News) - မေ ၃ဝ
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့ရှောင်လမ်း၌ (၁၂)ဘီးယာဉ်နှင့်(၆)ဘီးယာဉ် နှစ်စီးတိုက်မိရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ(မေလ ၂၉ ရက်)၊ ည(၁၁)နာရီခွဲဝန်းကျင်အချိန်တွင် မြို့ရှောင်လမ်း၊ ထောက်ပို့တပ်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သုဘ-နာရေးကူညီမှုအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်ပြီး တိုက်တာလဲတော့မသိဘူး ။ ကျွန်တော်တို့ရောက်တော့ ရဲတွေက ကားတွေကို ရွှေ့ထားပြီးပြီ။ ထိခိုက်ဒဏ်ရာရတဲ့လူက အမျိုးသားတစ်ယောက်ထဲပါ။ အသက်အန္တရာယ်ကတော့မစိုးရိမ်ရပေမယ့် ဘယ်ဘက်လက်ကော၊ ဘယ်ဘက်ခြေထောက်ကောကျိုးသွားတယ်”ဟု သုဘ-နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူအမျိုးသားသည် တွဲကားမှ ယာဉ်နောက်လိုက်ဖြစ်ပြီး ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
zawgyi version
ပဲခူး၌ (၁၂)ဘီးယာဥ္ႏွင့္ (၆)ဘီးယာဥ္ ႏွစ္စီးယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၃ဝ
ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္း၌ (၁၂)ဘီးယာဥ္ႏွင့္(၆)ဘီးယာဥ္ ႏွစ္စီးတိုက္မိရာမွ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန႔္ေန(ေမလ ၂၉ ရက္)၊ ည(၁၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ၿမိဳ႕ေရွာင္လမ္း၊ ေထာက္ပို႔တပ္အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သုဘ-နာေရးကူညီမႈအသင္းထံမွ သိရသည္။
“ဘယ္လိုျဖစ္ၿပီး တိုက္တာလဲေတာ့မသိဘူး ။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ရဲေတြက ကားေတြကို ေ႐ႊ႕ထားၿပီးၿပီ။ ထိခိုက္ဒဏ္ရာရတဲ့လူက အမ်ိဳးသားတစ္ေယာက္ထဲပါ။ အသက္အႏၲရာယ္ကေတာ့မစိုးရိမ္ရေပမယ့္ ဘယ္ဘက္လက္ေကာ၊ ဘယ္ဘက္ေျခေထာက္ေကာက်ိဳးသြားတယ္”ဟု သုဘ-နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားသည္ တြဲကားမွ ယာဥ္ေနာက္လိုက္ျဖစ္ၿပီး ပဲခူးေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်းများအား ကီလိုမီတာ(၁ဝဝ)အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ရေးအတွက် အဆင့်မြှင့်တင်ရန် တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ