Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းကိုတိုက်လေယာဉ်များကူညီပေးပြီး အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေက မီးနဲ့ကစားနေကြောင်း ရုရှားအစိုးရသတိပေး

ဂျန်ဇက် (NP News) - မေ ၂၉

အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များအပါအဝင် စစ်ရေးအကူညီများထပ်တိုးပေးခြင်းနေဟာ မီး နဲ့ ကစားနေခြင်းဖြစ်ကြောင်း ရုရှားအစိုးရက သတိပေးလိုက်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက် လေယာဉ်များကူညီထောက်ပံ့ပေးခြင်း၊ လေ့ကျင့်ခြင်းများလုပ်ဆောင်ဖို့ ခွင့်ပြုလိုက်ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုမျိုးသတိပေးလိုက်တာဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က "ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်တွေ ကူညီပေးတာဟာ လက်မခံနိုင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ အနောက်အုပ်စုနိုင်ငံတွေထဲမှာ အချို့နိုင်ငံတွေဟာ ဒီကိစ္စကို ကျိုးကြောင်းဆီလျော်စွာနားလည်တဲ့နိုင်ငံတွေလည်းရှိနေပါတယ်"လို့ပြောပါတယ်။

အက်ဖ် ၁၆ တိုက်လေယာဉ်တွေ လွှဲပြောင်းကူညီရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတို့က နောက်ကွယ်ကနေ တိုက်ရိုက်ညွှန်ကြားပေးနေခြင်းဖြစ်ကြောင်း ရုရှားသမ္မတကပြောပါတယ်။ ပိုလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယားနိုင်ငံတို့ဟာ ရုရှားကို အားနည်းစေဖို့ အမေရိကန်စီစဉ်ညွှန်ကြားမှုတွေကို မြေပြင်မှာလက်တွေ့အကောင်ထည်ဖော်ဖို့ ကြိုးပမ်းလုပ်ကိုင်နေကြောင်း ရုရှားနိုင်ငံ ခြားရေးဝန်ကြီးကပြောပါတယ်။

၎င်းက "အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်တွေ ကူညီပေးပြီး မီးနဲ့ကစားနေသလိုမျိုးဖြစ်နေတယ်။ ဒီအချက်ကို သံသယရှိမရာမလိုပါဘူး"လို့ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ၎င်းရဲ့လေကြောင်းပိုင်နက်ကို ကာကွယ်ဖို့ရည်ရွယ်ပြီး အမေရိကန်ထုတ်အက်ဖ် ၁၆ တိုက်လေယာဉ်များကူညီပေးဖို့ လအတန်ကြာ တောင်းဆိုနေခဲ့ရာ အမေရိကန် နဲ့ အနောက်အုပ် စုနိုင်ငံများက အက်ဖ် ၁၆ တိုက်လေယာဉ်များကူညီပေးဖို့ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းကိုအမေရိကန်ထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များကူညီပေးပေမယ့် စစ်ပွဲကိုအပြောင်းအလဲလုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း Bloomberg သတင်းဌာနကသုံးသပ်ဖော်ပြထားပါတယ်။


zawgyi version

ယူကရိန္းကိုတိုက္ေလယာဥ္မ်ားကူညီေပးၿပီး အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြက မီးနဲ႔ကစားေနေၾကာင္း ႐ုရွားအစိုးရသတိေပး

ဂ်န္ဇက္ (NP News) - ေမ ၂၉

အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားအပါအဝင္ စစ္ေရးအကူညီမ်ားထပ္တိုးေပးျခင္းေနဟာ မီး နဲ႔ ကစားေနျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရက သတိေပးလိုက္ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို အက္ဖ္ ၁၆ တိုက္ ေလယာဥ္မ်ားကူညီေထာက္ပံ့ေပးျခင္း၊ ေလ့က်င့္ျခင္းမ်ားလုပ္ေဆာင္ဖို႔ ခြင့္ျပဳလိုက္ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အခုလိုမ်ိဳးသတိေပးလိုက္တာျဖစ္ပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္က "ယူကရိန္းကို အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ကူညီေပးတာဟာ လက္မခံႏိုင္တဲ့ လုပ္ရပ္မ်ိဳးျဖစ္တယ္။ အေနာက္အုပ္စုႏိုင္ငံေတြထဲမွာ အခ်ိဳ႕ႏိုင္ငံေတြဟာ ဒီကိစၥကို က်ိဳးေၾကာင္းဆီေလ်ာ္စြာနားလည္တဲ့ႏိုင္ငံေတြလည္းရွိေနပါတယ္"လို႔ေျပာပါတယ္။

အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ လႊဲေျပာင္းကူညီေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ေနာက္ကြယ္ကေန တိုက္႐ိုက္ၫႊန္ၾကားေပးေနျခင္းျဖစ္ေၾကာင္း ႐ုရွားသမၼတကေျပာပါတယ္။ ပိုလန္၊ လတ္ဗီးယား၊ လစ္သူေယးနီးယား၊ အက္စတိုးနီးယားႏိုင္ငံတို႔ဟာ ႐ုရွားကို အားနည္းေစဖို႔ အေမရိကန္စီစဥ္ၫႊန္ၾကားမႈေတြကို ေျမျပင္မွာလက္ေတြ႕အေကာင္ထည္ေဖာ္ဖို႔ ႀကိဳးပမ္းလုပ္ကိုင္ေနေၾကာင္း ႐ုရွားႏိုင္ငံ ျခားေရးဝန္ႀကီးကေျပာပါတယ္။

၎က "အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ကူညီေပးၿပီး မီးနဲ႔ကစားေနသလိုမ်ိဳးျဖစ္ေနတယ္။ ဒီအခ်က္ကို သံသယရွိမရာမလိုပါဘူး"လို႔ေျပာပါတယ္။ ယူကရိန္းသမၼတ ဇီလန္စကီးဟာ ၎ရဲ႕ေလေၾကာင္းပိုင္နက္ကို ကာကြယ္ဖို႔ရည္႐ြယ္ၿပီး အေမရိကန္ထုတ္အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကူညီေပးဖို႔ လအတန္ၾကာ ေတာင္းဆိုေနခဲ့ရာ အေမရိကန္ နဲ႔ အေနာက္အုပ္ စုႏိုင္ငံမ်ားက အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကူညီေပးဖို႔ခြင့္ျပဳခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းကိုအေမရိကန္ထုတ္ အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကူညီေပးေပမယ့္ စစ္ပြဲကိုအေျပာင္းအလဲလုပ္ေဆာင္ႏိုင္မွာမဟုတ္ေၾကာင္း Bloomberg သတင္းဌာနကသုံးသပ္ေဖာ္ျပထားပါတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုန်တိုင်းဘေးသင့်ဒေသများအတွက် ကိုရီယားနိုင်ငံရှိ The Asian Union Forum နှင့် THL Networks ကုမ္ပဏီတို့က ဝမ်(၂)သန်းလှူဒါန်း

RELATED POSTS
RECENT POSTS
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved