Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ နျူကလီးယားခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်လာနေကြောင်း မြောက်ကိုရီးယားအစိုးရဝေဖန်

ဂျန်ဇက် (NP News) - မေ ၁၉

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ပြီး နျူကလီးယား ခြိမ်း ခြောက်မှုတွေကို တိုးမြင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရက စွပ်စွဲဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ဖို့ ရူးသွပ်မှုတွေအပေါ် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA ကဖော်ပြပါတယ်။ တောင်ကိုရီးယား နဲ့ အမေရိကန်တို့ဟာ မတ်လနောက်ပိုင်းကတည်းက စစ်ရေးလေ့ကျင့် ခန်းအမျိုးမျိုးကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးအဲဒီစစ်ရေးလေ့ကျင့်ခန်းများအတွင်း အမေရိကန်လေယာဉ် တင်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အမေရိကန် နဲ့ တောင်ကိုရီးယားတို့ ပြုလုပ်တဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအပေါ် ဒေါသတကြီးဝေဖန်ပြစ်တင်လေ့ရှိနေပြီး ကျူးကျော်ဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်တယ်လို့ဝေဖန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက "ကျွန်တော်တို့ကို စစ်ရေးအရချေမှုန်းဖို့ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ကြံစည်မှုတွေဟာ နောက်ထပ်ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့တယ်။ ရန်သူတွေရဲ့စစ်ရေး ရူးသွပ်မှုတွေဟာ လျစ်လျူရူထားလို့မရနိုင်တဲ့အခြေအနေမျိုးကိုရောက်ရှိလာတယ်။ အမေရိကန်အစိုးရနဲ့ သူရဲ့ရုပ်သေးရုပ်အစိုးရတွေကြား အရူးအမူးဖြစ်နေတဲ့ နျူကလီးယားစစ်ပွဲကို လိုအပ်သလို တုံ့ပြန်ရမှာဖြစ်တယ်"လို့ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ၎င်းတို့ရဲ့လက်နက်အစီအစဉ်များကို ဖွံ့ဖြိုးတိုးတက်စေဖို့ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ကြောင်း၊ အလားလာရှိတဲ့ခြိမ်းခြောက်မှုတွေ၊ ဆိုးရွားတဲ့အခြေအနေများကို ကာကွယ်ဖို့ နဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အင်အားပိုမိုကောင်းမွန်စေဖို့ရည်ရွယ်ပြီး လက်နက်ဖွံ့ဖြိုးရေးလုပ် ငန်းများကို ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ဒီသီတင်းပတ်အစောပိုင်းက စစ်ဘက်သုံး ဂြိုလ်တုလွှတ်တင်ရေးအတွက် သွားရောက်ကြည့်ရှုခဲ့ပြီး စပိုင်ဂြိုလ်တုလွှတ်တင်နိုင်ရေးက နိုင်ငံလုံခြုံရေးဝန်းကျင် ပိုမိုကောင်းမွန်လာစေဖို့ လိုအပ်ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လတွေအတွင်း စစ်ရေးလှုပ်ရှားမှုများတိုးမြင့်လာခဲ့ပြီး အမေရိကန်နိုင်ငံအထိပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခြင်းအပါအဝင် အသေးစားနျူကလီးယားထိပ်ဖူးများ၊ ဒုံးကျည်အသစ်များ စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့သလို ရေအောက်သုံး နျူကလီးယားဒရုန်း စမ်းသပ်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သင်ကြားမှု(၁ဝ)မျိုးပါဝင်သည့် အခမဲ့ ရွှေပညာသင်တန်းကို (၁ဝ)ရက်ကြာ သင်ကြားပေးမည်ဟု YGEA အသိပေး

RELATED POSTS
RECENT POSTS
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved