Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"ကမ္ဘာ့အရပ်အပုဆုံးအဖြစ် စံချိန်သစ် ချိုးလိုက်တဲ့ အီရန်နိုင်ငံသား " (ထူးခြားသုတဆောင်းပါး)

ဝတီ (NP News) - ဒီဇင်ဘာ ၂၇

အက်ဖ်ရှင်အီစမယ် ဂါဒါဇဒီ (Afshin Esmaeil Ghaderzadeh)ဆိုတဲ့ အသက် ၂ဝ အရွယ် အီရန်နိုင်ငံသားဟာ ကမ္ဘာပေါ်က သက်ရှိထင်ရှားအမျိုးသားတွေထဲမှာ အရပ်အပုဆုံးအဖြစ် စံချိန်သစ်တင်လိုက်ပါပြီ။ သူဟာ အရပ် ၂ ပေ နဲ့ ၁ ဒသမ ၆ လက်မပဲရှိလို့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ အခုလိုကမ္ဘာ့စံချိန်သစ် တင်သွားခဲ့တာပါ။သူဟာ စံချိန်ရှင်ဟောင်း အသက် ၃၆ နှစ်အရွယ် အက်ဒွပ်နီနို ဟာနန်ဒက်ဇ်ထက် ၂ ဒသမ ၇ လက်မ ပုပါတယ်။

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းပြုစုရေးအရာရှိက သူ့ကို ဒူဘိုင်းကို ဖိတ်ကြားပြီးတစ်ရက်အတွင်းမှာ သုံးကြိမ်တိုင်တိုင် တိုင်းတာခဲ့တာဖြစ်ပြီး သုံးကြိမ်လုံးလုံးဒီကိန်းဂဏန်းပဲ ထွက်လာတာပါ။ ဒူဘိုင်းကို လာခွင့်ရတယ်ဆိုတော့အက်ဖ်ရှင်က ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီး ဘာ့ဂျ်ကာလီဖာ(Burj Khalifa) ကို သွားကြည့်ပါတယ်။ ပြီးတော့ အဝတ်အစားချုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်ကိုလည်း သွားခဲ့ပါသေးတယ်။

ကမ္ဘာ့စံချိန်ရှင်သစ်ဖြစ်သွားတဲ့ သူဟာ အီရန်နိုင်ငံက ဝေးလံခေါင်ဖျား ရွာလေးတစ်ရွာကပါ။ သူမွေးတုန်းကဆိုရင် ကိုယ်အလေးချိန် ၁ ဒသမ ၅ ပေါင်ပဲ ရှိပါသတဲ့။အဲဒီကနေမှ အခုဆိုရင် ကိုယ်အလေးချိန် ၁၄ ဒသမ ၃ ပေါင် ရှိလာပါပြီ။ လူပုလေး ဖြစ်လို့ သူ့ဘဝဟာ မလွယ်ကူ ၊ မချောမွေ့ပါဘူး။ လူကအရမ်းသေးနေ၊ ပုနေတော့ သူဟာ ကျောင်းတက်ရတာ အဆင်မပြေပါဘူး။ ဒါကြောင့် စာကောင်းကောင်း မတတ်ပါဘူး။ ဟိုတလောကမှ သူကသူ့နာမည်သူ ရေးတတ်သွားပါတယ်။ အဲဒီတော့ သူ့မှာပျော်တာပေါ့။ ကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့်မို့သာ သူ့သားက ကျောင်းမထွက်ချင်ပဲ ထွက်ခဲ့ရတာပါလို့ သူ့အဖေက ပြောပြပါတယ်။ အက်ဖ်ရှင်ဟာ စာသာ ကောင်းကောင်း မတတ်ပေမယ့် ဖုန်းကိုတော့ကောင်းကောင်းသုံးတတ်ပါသတဲ့။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က အရမ်းသေးတော့ ဖုန်းကိုအကြာကြီး ကိုင်မသုံးနိုင်ပါဘူး။ အကြာကြီးဆိုရင် ဖုန်းကသူ့အတွက် လေးလာလို့ပါ။ သူ့မိသားစုဟာ အလုပ်ကို ပင်ပန်းတကြီးလုပ်ကြပေမယ့် စားဖို့သောက်ဖို့တောင် အနိုင်နိုင်ရယ်ပါ။ အက်ဖ်ရှင်ကသူ့အဖေလို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ကြမ်း လိုက်လုပ်ချင်ပေမယ့် လူက အရမ်း ပုပုသေးသေး ဖြစ်နေတော့ အဆင်မပြေပါဘူး။

အမှန်ပြောရမယ်ဆိုရင် ရွာမှာသူ့အတွက် ဘာအလုပ်မှ မရှိပါဘူး။ ဒါကြောင့် သူက တစ်နေ့တစ် နေ့ ကာတွန်းကြည့်လိုက်၊ ဖုန်းပွတ်လိုက်နဲ့ပဲ နေပါတယ်။ ကြောင်နဲ့ကြွက် ကာတွန်းကို သဘောအကျဆုံးပဲလို့ သူက ဆိုပါတယ်။ သူက ဘောလုံးပွဲလည်း ကြိုက်ပါတယ်။ ဘောလုံးသမားထဲမှာဆိုရင်တော့ အီရန်က အလီဒါအင် Ali Daei) နဲ့ပေါ်တူဂီက ခရစ္စတီယာနို ရော်နယ်ဒိုကို ကြိုက်ပါသတဲ့။ သူက အပြင်ထွက်ရတာကို ကြိုက်ပါတယ်။ အလုပ်ကလည်း မရှိတော့ ရွာရိုးကိုး ပေါက် လျှောက်သွားနေတာပေ့ါ။ ဒီတော့ ရွာက ရှိရှိသမျှ လူတွေနဲ့ အကုန်ခင်နေပါတော့တယ်။ ဘဝက ပျော်စရာကောင်းပေမယ့် သူများတွေလို ပုံမှန်လူဖြစ်ချင်တယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့် သူက ကားဝယ်နိုင်ချင်ပြီး ကားမောင်းချင်ပါသတဲ့လေ။ ရွာရိုးကိုးပေါက် လျှောက်သွားတယ်ဆိုပေမယ့် သူက တစ်ယောက် တည်း မသွားနိုင်ပါဘူး။ သူတပါး အကူအညီမပါဘဲ လမ်းလျှောက်နိုင်တယ်ဆိုပေမယ့် သူက သူများ ချီပိုးတာကို ခံချင်ပါတယ်။ ဒါကြောင့် သူ့ကို ချီပြီးလိုက်ပို့မယ့်လူရှိမှ ရွာထဲ လျှောက်သွားပါတယ်။

"ကမ္ဘာ့အရပ်အရှည်ဆုံး လူကြီး ရှိမှန်း ကျွန်တော် သိပါတယ်။ ကျွန်တော်ကသေးတော့ သူ့လက်ဖဝါးနဲ့တောင် ဆန့်မယ်နဲ့တူတယ်"လို့ အက်ဖ်ရှင်က ဆိုပါတယ်။ အရပ် ရှည်လွန်း၊ ပုလွန်းတဲ့ လူတွေအတွက်တော့ အဝတ်အစား၊ ဖိနပ်ဝယ်ရတာ သိပ်ခက်ပါတယ်။ အက်ဖ်ရှင်ဆိုသူ ဝတ်လို့ရတဲ့ အဝတ်အစားဆိုလို့ ကလေး သေးသေးလေးတွေရဲ့ အဝတ်အစားပဲရှိပါတယ်။ ဒါပေမဲ့ အသက် ၂ဝ ဖြစ်နေပြီဆိုတော့ သူက ကလေးဒီဇိုင်းတွေကို မဝတ်ချင်ဘူးလေ။ ဒါကြောင့် အထူးချုပ်ရပါတော့တယ်။

သူက အရပ်သိပ်ပုတော့ ဘာအားကစားမှမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူက က ရတာတော့ ကြိုက်ပါတယ်။ သူကလေးဘဝတုန်းက ဘာဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှမရခဲ့ဖူးဘူးလို့ သူက ဆိုပါတယ်။ အခုတော့ သူ ကိုယ်တိုင် ဒီကမ္ဘာကျော်စာအုပ်ကြီးထဲမှာ တစ်ထောင့်တစ်နေရာက ပါခွင့်ရပြီဆိုတော့ သူ့မှာကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်အောင် ဖြစ်နေရပါသတဲ့။"လူမသိ သူမသိ ဘဝကနေ နေ့ချင်းညချင်း ကမ္ဘာကျော် ဖြစ်သွားတော့အိပ်မက် မက်နေသလားတောင် အောက်မေ့မိတယ်။ ကျွန်တော်ကအာရုံစိုက်ခံရတာ သဘောကျတယ်။ ကမ္ဘာ့စံချိန်ရှင်ဆိုတော့ ထူးခြားတဲ့လူတစ်ယောက်လို ဖြစ်သွားတာပေါ့ဗျာ"လို့သူက သာသာထိုးထိုးလေး ဆိုပါတယ်။ သူက လူကသာ သေးပေမယ့် ရည်မှန်းချက်တော့ ကြီးပုံရပါတယ်။"ကျွန်တော့ ရည်မှန်းချက်ကတော့ မိဘတွေကို ကူညီထောက်ပံ့ပေးချင်သူဖြစ်ချင်တာပါပဲ။ ဒီစံချိန်နဲ့ဆို အဲဒီစိတ်ကူးအိပ် မက်ကို အကောင်အထည်ဖော်နိုင်ကောင်းရဲ့"လို့ သူက ဆက်ပြောသွားပါသေးတယ်။


zawgyi version

"ကမာၻ႔အရပ္အပုဆုံးအျဖစ္ စံခ်ိန္သစ္ ခ်ိဳးလိုက္တဲ့ အီရန္ႏိုင္ငံသား " (ထူးျခားသုတေဆာင္းပါး)

ဝတီ (NP News) - ဒီဇင္ဘာ ၂၇

အက္ဖ္ရွင္အီစမယ္ ဂါဒါဇဒီ (Afshin Esmaeil Ghaderzadeh)ဆိုတဲ့ အသက္ ၂ဝ အ႐ြယ္ အီရန္ႏိုင္ငံသားဟာ ကမာၻေပၚက သက္ရွိထင္ရွားအမ်ိဳးသားေတြထဲမွာ အရပ္အပုဆုံးအျဖစ္ စံခ်ိန္သစ္တင္လိုက္ပါၿပီ။ သူဟာ အရပ္ ၂ ေပ နဲ႔ ၁ ဒသမ ၆ လက္မပဲရွိလို႔ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလထဲမွာ အခုလိုကမာၻ႔စံခ်ိန္သစ္ တင္သြားခဲ့တာပါ။သူဟာ စံခ်ိန္ရွင္ေဟာင္း အသက္ ၃၆ ႏွစ္အ႐ြယ္ အက္ဒြပ္နီႏို ဟာနန္ဒက္ဇ္ထက္ ၂ ဒသမ ၇ လက္မ ပုပါတယ္။ ဂင္းနစ္ကမာၻ႔မွတ္တမ္းျပဳစုေရးအရာရွိက သူ႔ကို ဒူဘိုင္းကို ဖိတ္ၾကားၿပီးတစ္ရက္အတြင္းမွာ သုံးႀကိမ္တိုင္တိုင္ တိုင္းတာခဲ့တာျဖစ္ၿပီး သုံးႀကိမ္လုံးလုံးဒီကိန္းဂဏန္းပဲ ထြက္လာတာပါ။

ဒူဘိုင္းကို လာခြင့္ရတယ္ဆိုေတာ့အက္ဖ္ရွင္က ကမာၻ႔အျမင့္ဆုံး အေဆာက္အအုံႀကီး ဘာ့ဂ်္ကာလီဖာ(Burj Khalifa) ကို သြားၾကည့္ပါတယ္။ ၿပီးေတာ့ အဝတ္အစားခ်ဳပ္ဆိုင္၊ ဆံပင္ညႇပ္ဆိုင္ကိုလည္း သြားခဲ့ပါေသးတယ္။ ကမာၻ႔စံခ်ိန္ရွင္သစ္ျဖစ္သြားတဲ့ သူဟာ အီရန္ႏိုင္ငံက ေဝးလံေခါင္ဖ်ား ႐ြာေလးတစ္႐ြာကပါ။ သူေမြးတုန္းကဆိုရင္ ကိုယ္အေလးခ်ိန္ ၁ ဒသမ ၅ ေပါင္ပဲ ရွိပါသတဲ့။အဲဒီကေနမွ အခုဆိုရင္ ကိုယ္အေလးခ်ိန္ ၁၄ ဒသမ ၃ ေပါင္ ရွိလာပါၿပီ။ လူပုေလး ျဖစ္လို႔ သူ႔ဘဝဟာ မလြယ္ကူ ၊ မေခ်ာေမြ႕ပါဘူး။ လူကအရမ္းေသးေန၊ ပုေနေတာ့ သူဟာ ေက်ာင္းတက္ရတာ အဆင္မေျပပါဘူး။ ဒါေၾကာင့္ စာေကာင္းေကာင္း မတတ္ပါဘူး။ ဟိုတေလာကမွ သူကသူ႔နာမည္သူ ေရးတတ္သြားပါတယ္။ အဲဒီေတာ့ သူ႔မွာေပ်ာ္တာေပါ့။ ေက်ာင္းမွာ အႏိုင္က်င့္ခံရတာေၾကာင့္မို႔သာ သူ႔သားက ေက်ာင္းမထြက္ခ်င္ပဲ ထြက္ခဲ့ရတာပါလို႔ သူ႔အေဖက ေျပာျပပါတယ္။ အက္ဖ္ရွင္ဟာ စာသာ ေကာင္းေကာင္း မတတ္ေပမယ့္ ဖုန္းကိုေတာ့ေကာင္းေကာင္းသုံးတတ္ပါသတဲ့။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္က အရမ္းေသးေတာ့ ဖုန္းကိုအၾကာႀကီး ကိုင္မသုံးႏိုင္ပါဘူး။ အၾကာႀကီးဆိုရင္ ဖုန္းကသူ႔အတြက္ ေလးလာလို႔ပါ။ သူ႔မိသားစုဟာ အလုပ္ကို ပင္ပန္းတႀကီးလုပ္ၾကေပမယ့္ စားဖို႔ေသာက္ဖို႔ေတာင္ အႏိုင္ႏိုင္ရယ္ပါ။ အက္ဖ္ရွင္ကသူ႔အေဖလို ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ အလုပ္ၾကမ္း လိုက္လုပ္ခ်င္ေပမယ့္ လူက အရမ္း ပုပုေသးေသး ျဖစ္ေနေတာ့ အဆင္မေျပပါဘူး။

အမွန္ေျပာရမယ္ဆိုရင္ ႐ြာမွာသူ႔အတြက္ ဘာအလုပ္မွ မရွိပါဘူး။ ဒါေၾကာင့္ သူက တစ္ေန႔တစ္ ေန႔ ကာတြန္းၾကည့္လိုက္၊ ဖုန္းပြတ္လိုက္နဲ႔ပဲ ေနပါတယ္။ ေၾကာင္နဲ႔ႂကြက္ ကာတြန္းကို သေဘာအက်ဆုံးပဲလို႔ သူက ဆိုပါတယ္။ သူက ေဘာလုံးပြဲလည္း ႀကိဳက္ပါတယ္။ ေဘာလုံးသမားထဲမွာဆိုရင္ေတာ့ အီရန္က အလီဒါအင္ Ali Daei) နဲ႔ေပၚတူဂီက ခရစၥတီယာႏို ေရာ္နယ္ဒိုကို ႀကိဳက္ပါသတဲ့။ သူက အျပင္ထြက္ရတာကို ႀကိဳက္ပါတယ္။ အလုပ္ကလည္း မရွိေတာ့ ႐ြာ႐ိုးကိုး ေပါက္ ေလွ်ာက္သြားေနတာေပ့ါ။ ဒီေတာ့ ႐ြာက ရွိရွိသမွ် လူေတြနဲ႔ အကုန္ခင္ေနပါေတာ့တယ္။ ဘဝက ေပ်ာ္စရာေကာင္းေပမယ့္ သူမ်ားေတြလို ပုံမွန္လူျဖစ္ခ်င္တယ္လို႔ သူက ဆိုပါတယ္။ အထူးသျဖင့္ သူက ကားဝယ္ႏိုင္ခ်င္ၿပီး ကားေမာင္းခ်င္ပါသတဲ့ေလ။ ႐ြာ႐ိုးကိုးေပါက္ ေလွ်ာက္သြားတယ္ဆိုေပမယ့္ သူက တစ္ေယာက္ တည္း မသြားႏိုင္ပါဘူး။ သူတပါး အကူအညီမပါဘဲ လမ္းေလွ်ာက္ႏိုင္တယ္ဆိုေပမယ့္ သူက သူမ်ား ခ်ီပိုးတာကို ခံခ်င္ပါတယ္။ ဒါေၾကာင့္ သူ႔ကို ခ်ီၿပီးလိုက္ပို႔မယ့္လူရွိမွ ႐ြာထဲ ေလွ်ာက္သြားပါတယ္။

"ကမာၻ႔အရပ္အရွည္ဆုံး လူႀကီး ရွိမွန္း ကြၽန္ေတာ္ သိပါတယ္။ ကြၽန္ေတာ္ကေသးေတာ့ သူ႔လက္ဖဝါးနဲ႔ေတာင္ ဆန႔္မယ္နဲ႔တူတယ္"လို႔ အက္ဖ္ရွင္က ဆိုပါတယ္။ အရပ္ ရွည္လြန္း၊ ပုလြန္းတဲ့ လူေတြအတြက္ေတာ့ အဝတ္အစား၊ ဖိနပ္ဝယ္ရတာ သိပ္ခက္ပါတယ္။ အက္ဖ္ရွင္ဆိုသူ ဝတ္လို႔ရတဲ့ အဝတ္အစားဆိုလို႔ ကေလး ေသးေသးေလးေတြရဲ႕ အဝတ္အစားပဲရွိပါတယ္။ ဒါေပမဲ့ အသက္ ၂ဝ ျဖစ္ေနၿပီဆိုေတာ့ သူက ကေလးဒီဇိုင္းေတြကို မဝတ္ခ်င္ဘူးေလ။ ဒါေၾကာင့္ အထူးခ်ဳပ္ရပါေတာ့တယ္။ သူက အရပ္သိပ္ပုေတာ့ ဘာအားကစားမွမလုပ္ႏိုင္ပါဘူး။

ဒါေပမဲ့ သူက က ရတာေတာ့ ႀကိဳက္ပါတယ္။ သူကေလးဘဝတုန္းက ဘာဂင္းနစ္ကမာၻ႔မွတ္တမ္းစာအုပ္မွမရခဲ့ဖူးဘူးလို႔ သူက ဆိုပါတယ္။ အခုေတာ့ သူ ကိုယ္တိုင္ ဒီကမာၻေက်ာ္စာအုပ္ႀကီးထဲမွာ တစ္ေထာင့္တစ္ေနရာက ပါခြင့္ရၿပီဆိုေတာ့ သူ႔မွာကိုယ့္ကိုယ္ကိုယ္ေတာင္ မယုံႏိုင္ေအာင္ ျဖစ္ေနရပါသတဲ့။"လူမသိ သူမသိ ဘဝကေန ေန႔ခ်င္းညခ်င္း ကမာၻေက်ာ္ ျဖစ္သြားေတာ့အိပ္မက္ မက္ေနသလားေတာင္ ေအာက္ေမ့မိတယ္။ ကြၽန္ေတာ္ကအာ႐ုံစိုက္ခံရတာ သေဘာက်တယ္။ ကမာၻ႔စံခ်ိန္ရွင္ဆိုေတာ့ ထူးျခားတဲ့လူတစ္ေယာက္လို ျဖစ္သြားတာေပါ့ဗ်ာ"လို႔သူက သာသာထိုးထိုးေလး ဆိုပါတယ္။ သူက လူကသာ ေသးေပမယ့္ ရည္မွန္းခ်က္ေတာ့ ႀကီးပုံရပါတယ္။

"ကြၽန္ေတာ့ ရည္မွန္းခ်က္ကေတာ့ မိဘေတြကို ကူညီေထာက္ပံ့ေပးခ်င္သူျဖစ္ခ်င္တာပါပဲ။ ဒီစံခ်ိန္နဲ႔ဆို အဲဒီစိတ္ကူးအိပ္ မက္ကို အေကာင္အထည္ေဖာ္ႏိုင္ေကာင္းရဲ႕"လို႔ သူက ဆက္ေျပာသြားပါေသးတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တနင်္သာရီတိုင်းရှိ ပလမြို့ရဲစခန်းအား အင်အားအများအပြားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved