Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့အမှုများ” (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဧပြီ ၂၄

အမှုတွေ ပွေတဲ့ ကောက်ရိုးသမ္မတ

၁၉၈ဝ ခုနှစ်ကနေ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုတရားရုံးနဲ့ ပြည်နယ်တရားရုံးတွေက အမှုပေါင်း (၄ဝဝဝ) ကျော်မှာပါဝင်ပတ်သက်မှုရှိပါတယ်။ အဲဒီအထဲမှာ ကာစီနိုလောင်းကစားသူများနဲ့ ဖြစ်တဲ့အမှုများ၊ ဒေါ်လာသန်းချီတန်တဲ့ အိမ်ခြံမြေအမှုအခင်းများ၊ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကျဆင်းစေနိုင်တဲ့ တရားစွဲမှုများနဲ့ စီးပွားရေးလုပ်ငန်း အခွန်ထမ်းဆောင်ခြင်း အငြင်းပွားမှုပေါင်း ၁ဝဝ ကျော်တို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါ့ပြင် လိင်ပိုင်းဆိုင်ရာ အနှောက် အယှက်ပေးမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့လည်း စွပ်စွဲခံထားရပါသေး တယ်။

၂ဝ၁၅ ခုနှစ်မှာတုန်းက သူ့ရဲ့ ရှေ့နေ အယ်လင် ဂါးထင်း Alan Garten က ဒီလိုမျိုးဖြစ်ရပ်ကို အမေရိကန်ပြည်ထောင်စုမှာ “စီးပွားရေးလုပ်ငန်းတစ်ခုမှာ ပါနေကျသဘာဝအစိတ်အပိုင်း” တစ်ခုလို့ပြောခဲ့ဖူးပါတယ်။ အိမ်ခြံမြေ လုပ်ငန်းမှာ တရားတဘောင်ဖြစ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ကိစ္စလို့ဆိုနိုင်ပေမဲ့၊ ထရမ့်ပါဝင်ပတ်သက်တဲ့အမှုတွေက သူနဲ့ခေတ်ပြိုင်စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ အက်ဒွပ် ဂျေ.ဒီဘာတိုလို ဂျူနီယာ Edward J. DeBartolo Jr ၊ ဒေါ်နယ်ဘရင်း Donald Bren ၊ စတီဖင် အမ်.ရိုစ် (Stephen M. Ross) ၊ ဆမ် ဇယ်လ် (Sam Zell)၊  လာရီ ဆီလ်ဗားစတိုင်း (Larry Silverstein) တို့ပါဝင်ပတ်သက်တဲ့ အမှုအားလုံးပေါင်းထက်တောင်များပြားနေတာကြောင့် လွန်လွန်း တယ်လို့ ပြောနိုင်ပါတယ်။ 

၂ဝ၁၆ ခုနှစ်၊ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက၊ ထရမ့်က သူ့ကိုတရားစွဲဆိုမှုတွေကို “အနိုင်ကျင့်တဲ့နည်းဗျူဟာ” တွေပါလို့ ခြိမ်းခြောက်ပြောဆိုဖူးကြောင်း၊ ဂျိမ်းစ် ကော့ပ်လန်းကပြောခဲ့ပါတယ်။ ဂျိမ်းစ်က ကွန်ဆာဗေးတစ်ဖက်ယိမ်းတဲ့ မန်ဟက်တန် အင်စတီကျုရဲ့ တရားဥပဒေဆိုင်ရာပေါ်လစီ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ ထရမ့်က ဒီခြိမ်းခြောက်မှုတွေအတိုင်း အမြဲလိုက်လုပ်တာတော့မဟုတ်ပါဘူး။ သူ့ကိုဝေဖန် သူတချို့က ထရမ့်ရဲ့ ထစ်ကနဲရှိတရားထစွဲလိုတဲ့ အမူအကျင့်ဟာ နိုင်ငံရေးအရ ကွန်ဆာဗေးတစ် စရိုက် တစ်ခု မဟုတ်ဘူးလို့ ပြစ်တင်ကြပါတယ်။

ငွေပေးပြီး ကျေအေးတာလည်း ရှိ

ထရမ့်က တရားပြိုင်အဖြစ် အစွဲခံရတဲ့ အမှုတစ်ချို့မှာ သူနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ တရားလိုတွေကို ငွေပေးပြီး ကျေအေးခဲ့ကြတာတွေလည်းရှိပါတယ်။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတုန်းက၊ သမ္မတအဖြစ် ရွေးကောက် ပွဲအနိုင်ရချိန်မှာ၊ ထရမ့် တက္ကသိုလ် တရားတဘောင်ဖြစ်မှုကို ဒေါ်လာ ၂၅ သန်းပေးပြီး ကျေအေးဖြေရှင်းခဲ့ဖူးပါတယ်။ အမှုတော်တော်များများကတော့ သူ့ရဲ့ သမ္မတသက်တမ်း အတွင်းမှာ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သူသမ္မတ မဟုတ်တော့တဲ့နောက်ပိုင်းမှာ စုံမမ်း စစ်ဆေးမှုတွေက သူ့အပေါ်ပိုအာရုံစိုက်လာကြပါတယ်။

၂ဝ၂၃ ခုနှစ် မတ်လ ၃ဝ ရက်က၊ ပြည်သူလူထု နဲ့ ထရမ့် အမှုမှာ၊ ထရမ့်ဟာ မန်ဟက်တန် တရားရုံးမှာ ရာဇဝတ်မှု စွဲဆိုချက် ၃၄ ခုနဲ့ စွဲချက်အတင်ခံရပါတယ်။ ဧပြီလ ၄ ရက်မှာ သူက တရားရုံးကိုလာရောက်ပြီး စွဲချက်အားလုံးမှာ သူအပစ်မရှိကြောင်း လျှောက်လဲသွားပါတယ်။

ဂျာနယ်လစ်မကလေးလည်း အလွတ်မပေး

၂ဝ၂၃ ခုနှစ် ဧပြီလ ၂၅ ရက်မှာတော့ နယူးယောက်မြို့ ဂျူရီအဖွဲ့တစ်ခုက E. Jean Carroll အဲလစ်ဇဘက် ဂျင်န်း ကာရိုးလ် ဆိုတဲ့ ဂျာနယ်လစ်တယောက်က ဂုဏ်သရေဖျက်ဆီးမှု၊ လိင်ထိပါးနှောက်ယှက်မှုတွေနဲ့ ထရမ့်ကို စွဲဆိုထားချက်တွေကို ကြားနာဖို့ရှိနေပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှာ ထရမ့်ရဲ့အဖွဲ့အစည်းဟာ နယူးယောက် အစိုးရရှေ့နေချုပ် Letitia James လက်တီးရှား ဂျိမ်းစ်က တရားမမှုနဲ့ စွဲဆိုထားတာကို ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဂျော်ဂျီယာခရိုင်၊ ဖူလ်တန် ‌ကောင်တီက အစိုးရရှေ့နေ Fani Willis ဖန်နီဝီးလစ်က၊ ၂ဝ၂ဝ ခုနှစ် သမ္မတ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ထရမ့်ရဲ့ ကြိုးပမ်းမှုတွေကို စုံစမ်းစစ်ဆေးနေပါ တယ်။

အမေရိကန်ပြည်ထောင်စု တရားရေးဌာနကလည်း ၂ဝ၂ဝ ခုနှစ် သမ္မတရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ထရမ့်ရဲ့ကြိုးပမ်းမှုကို တစ်နိုင်ငံလုံး အဆင့်ကနေ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ ( ဒီ စုံစမ်းစစ်ဆေးမှုဟာ ပြီးဆုံးသွားပြီဖြစ်တဲ့ အမေရိကန် အောက်လွှတ်တော် စုံစမ်းစစ်ဆေးမှုနဲ့  တသီးတခြားစီဖြစ်ပါတယ်။) 

ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးကလည်း အမျိုးသားကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အစိုးရလျှို့ဝှက်စာရွက် စာတန်းတွေကို ထရမ့်ရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်။

ကကျီကကြောင်များတဲ့ အမှုသည်

၂ဝ၂၁ ခုနှစ်အောက်တိုဘာလကနေ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ အတွင်းမှာဘဲ၊ ရီပတ်ဘလီကင် အမျိုးသား ကော်မတီက ထရမ့်ဘက်က သမ္မတအနေနဲ့ရော၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအနေနဲ့ပါမက၊ စီးပွားရေးလုပ်ငန်းတွေ အတွက်ပါ လိုက်ပါဆောင်ရွက်တဲ့ အကျိုးဆောင် ရှေ့နေတွေကို ရှေ့နေခ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ပေးခဲ့ရပါတယ်။ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ ပြည်ထောင်စုတရားသူကြီးတစ်ယောက်က “ နိုင်ငံရေးပြိုင်ဘက်တွေကို လက်စားချေဖို့ တရားရုံးတော်ကို ထပ်တလဲလဲ အသုံးချတဲ့ ကကျီကကြောင်များတဲ့ အမှုသည် တစ်ယောက်” လို့ သမုတ်လိုက်ပြီး ထရမ့် နဲ့ သူ့ရှေ့နေကို ဒေါ်လာတသန်း နီးပါး ဒဏ်ငွေရိုက်ပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်းအလှမယ်နဲ့ ဇတ်လမ်း

Karen McDougal ကရင်း မက္ကဒူးဂဲလ်ဆိုတဲ့ ပလေးဘွိုင်မဂ္ဂဇင်း အလှမယ်ဟောင်း တစ်ယောက်နဲ့ ပြဿနာလည်းရှိပါသေးတယ်။ သူမက သူမနဲ့ ထရမ့်တို့ရဲ့ဇတ်လမ်းကို နေရှင်နယ် အင်ကွိုင်ရာ မဂ္ဂဇင်းကို ဒေါ်လာ တစ်သိန်းခွဲနဲ့ ရောင်းချဖို့သဘောတူထားပါတယ်။ အဲဒါက ထရမ့်ရဲ့ သမ္မတမဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာပေါ်လာတာပါ။ နောက်တော့ အဲဒီလို ပုံနှိပ်ဖော်ပြမယ့်အစား၊ ထရမ့်နဲ့ သူ့ရှေ့နေ မိုက်ကယ်ကိုဟင်တို့နဲ့ ညှိနှိုင်းဖို့ နေရှင်နယ် အင်ကွိုင်ယာက ဖိအားပေးခဲ့တယ်လို့ ဆွဲချရှေ့နေတွေက ပြောကြပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ မစ္စက် ဒန်နီယယ်နဲ့ရော မစ္စက် မက္ကဒူးဂဲလ်နဲ့ပါ ဘာဇတ်လမ်းမှ မရှိပါဘူးလို့ ငြင်းပါတယ်။

အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီဒန်နီယယ်စ်နဲ့ အမှု

ထရမ့်ရဲ့ အမှုတွေအားလုံးအကြောင်းကို ရေးရရင် စာတစ်အုပ်လောင်ရေးမှ ပြည့်စုံမှာပါ။ ဒါကြောင့် ဒီဆောင်း ပါးမှာတော့ အများစိတ်ဝင်စားကြပြီး ခုတလော ပြန်ပေါ်လာတဲ့ အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီ ဒန်နီယယ်နဲ့ ဖြစ်တဲ့အမှုအကြောင်းကို ဖော်ပြပါ့မယ်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ၊ ဝေါစထရိဂျာနယ်က သတင်းတစ်ပုဒ်ဖော်ပြပါတယ်။ အဲဒီသတင်းက ၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလထဲမှာ ထရမ့်ရဲ့ ရှေ့နေ မိုက်ကယ်ကိုဟင် Michael Cohen က အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီယယ်စ် Stormy Daniels ကို ၂ဝဝ၆ ခုနှစ်က သူမနဲ့ ထရမ့် ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ဖွင့်ပြောနေတာတွေကို ရပ်တန့်ဖို့ ဒေါ်လာ ၁၃ဝ,ဝဝဝ ပေးခဲ့တဲ့အကြောင်းပါ။ အဲဒီတုန်းက ဒန်နီယယ်က ထုတ်မပြောပါဘူးဆိုတဲ့ ဝန်ခံ ကတိစာချုပ် (NDA- non-disclosure agreement) တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပထမပိုင်းမှာ တော့ ကိုဟင်က ထရမ့်မှာ ဒီလိုစွပ်စွဲခံရတဲ့ ကိစ္စမရှိပါဘူးလို့ငြင်းဆိုပါတယ်။ နောက် တစ်လအကြာ မှာတော့ ဒီလိုငွေပေးရတာ ဟုတ်ပါတယ်လို့ လူသိရှင်ကြားဝန်ခံလိုက်ပါတယ်။

ဒီဇာတ်လမ်းအသေးစိတ်နဲ့ပတ်သက်တဲ့ စွပ်စွဲပြောဆိုချက်တွေအပြင်၊ ငွေပေးရပါတယ်ဆိုတဲ့ ကိစ္စက ဥပဒေ နဲ့ ညီမညီ၊ ကျင့်ဝတ်နဲ့ညီမညီ ဆိုတာ မေးခွန်းထုတ်လာကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပေးလိုက်တဲ့ငွေက ပြည်ထောင်စုမဲဆွယ်စည်းရုံးရေးဆိုင်ရာ ဘဏ္ဍာရေးဥပဒေကို ချိုးဖောက်တာဖြစ် နေနိုင်လို့ပါ။ ပေးလိုက်တဲ့ နှုတ်ပိတ်ခငွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်တဲ့ကိစ္စကို မှန်မှန်ကန်ကန်တားမြစ်တာ မဟုတ်တဲ့အတွက်ကြောင့်ဖြစ်စေ၊ ရွေးကောက်ပွဲရန်ပုံငွေကို ဒီလိုနှုတ်ပိတ်ခ ငွေပေးချေမှုမှာ အသုံးပြုခဲ့တဲ့အတွက်ကြောင့်ဖြစ်စေ၊ ဘာကြောင့်ဖြစ်ဖြစ် ဥပဒေ ကိုချိုးဖောက်ရာ ရောက်နိုင်လို့ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလ ၁၃ ရက်ကတော့ ကိုဟင်က ဒီငွေကို ရွေးကောက်ပွဲနဲ့ မပတ်သက်တဲ့ကိစ္စအဖြစ် သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ ပေးခဲ့တာပါလို့ ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အဖွဲ့အစည်းကရော၊ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကပါ အဲဒီအတွက် ငွေပြန်ထုတ်ပေးခြင်းမရှိပါဘူး။ ဧပြီလ ၅ ရက်ကျတော့ ထရမ့်က အဲဒီလို ငွေပေးတာကို သူမသိပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဧပြီလ ၂၆ ရက်မှာတော့ သူက ပထမဆုံးအကြိမ်အဖြစ်ဝန်ခံပြောကြားတာက “စတော်မီ ဒန်နီယယ် ကိစ္စ” မှာ ကိုဟင်က သူ့ကို ကိုယ်စားပြုခဲ့ပါတယ်တဲ့။ မေလ ၂ ရက်မှာတော့ ထရမ့်ရဲ့ အကျိုးဆောင်ရှေ့နေသစ် ရူဒီ ဂျီလီယန်နီ Rudy Giuliani က ဒီငွေကို ထရမ့်က ကိုဟင်ကို ပြန်ပေးပြီးပြီလို့ ဆိုပါတယ်။ 

၂ဝ၁၈ ခုနှစ် သြဂုတ်လမှာ ကိုဟင်က ဒန်နီယယ်ကိုပေးရတဲ့ ‌ငွေကိစ္စမှာ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေး ရန်ပုံငွေ ဘဏ္ဍာရေးဥပဒေချိုးဖောက်မှုအပါအဝင် ရာဇဝတ်မှုစွဲချက် ၈ ခုမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ သူက “ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်လောင်းတစ်ယောက် (သမ္မတလောင်းကို ဆိုလိုသည်) နဲ့  ပူးပေါင်းပြီး သူ့ရဲ့ ညွှန်ကြားချက်အရ” သူမကို အဆိုပါငွေပေးခဲ့ပါကြောင်း ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။ ကိုဟင်ဟာ  စွဲဆိုချက်တွေအတွက် ထောင်ဒဏ် (၃) နှစ်ကျခံစေရန် ပစ်ဒဏ်ပေးခံခဲ့ရပြီး၊ ရှေ့နေလိုက်ခွင့်ပါ ပိတ်ပင်ခံလိုက်ရပါတယ်။

ဒန်နီယယ်က ပြန်စွဲတဲ့ (၃)မှု

စတော်မီဒန်နီယယ်က ထရမ့်နဲ့ ကိုဟင်ကို အမှု (၃)မှုနဲ့ တရားစွဲပါတယ်။ ပထမအမှုမှာ သူမက NDA – (non-disclosure agreement) က တရားမဝင်ပါလို့ ငြင်းဆိုပါတယ်။ ထရမ့်နဲ့ ကိုဟင်တို့က NDA ကို သက်‌ရောက်မှုဖြစ် အောင်မလုပ်ဖို့ သဘောတူပြီးတဲ့နောက်၊ အဲဒါကို ပယ်ချလိုက်ပေမဲ့ ဒန်နီယယ်က ဒီအမှုနိုင်ပါတယ်။ နောက်ပိုင်းမှာ ကာလီဖိုးနီးယား တရားရုံးတခုက ထရမ့်ကို သူမရဲ့ တရားရုံးစားရိတ် ဒေါ်လာ ၄၄,၁ဝဝ ပြန်ပေးဖို့ အမိန့်ချခဲ့ပါတယ်။

ဒုတိယအမှုမှာတော့ ဒန်နီယယ်ရှုံးပါတယ်။ အဲဒီအမှုမှာ သူမက အသရေဖျက်ခံရပါတယ်လို့ စွပ်စွဲတာပါ။ အဲဒီအမှုမှာ တရားရုံးစားရိတ်နဲ့ တရားရုံးဒဏ်ကြေးအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းနီးပါးပေးဆောင်ရန် သူမအပေါ် အမိန့် ချခဲ့ပါတယ်။ 

တတိယအမှုကတော့၊ ကိုဟင်ဟာ သူမရဲ့ အရင်ရှေ့နေ Keith Davidson ကိသ် ဒေးဗစ်ဆင်နဲ့ ပူးပေါင်းပြီး ငွေပေးမယ့်ကိစ္စကို ညှိနှိုင်းဆွေးနွေးရာမှာ သူမနစ်နာအောင် လိမ်လည်လှည့်ဖျားပါတယ်လို့ စွဲဆိုတာပါ။ အဲဒီအမှုမှာတော့ ထရမ့်နာမည်ကို ခုခံကာကွယ်တဲ့ တရားပြိုင်အနေနဲ့ မထည့်ပါဘူး။ အဲဒီအမှုက ၂ဝ၁၉ ခုနှစ် မေလမှာ ကျေအေးခဲ့ပါတယ်။

ကိုဟင်ကို ထောင်ချလိုက်ပေမဲ့ ဒန်နီယယ်နဲ့ပတ်သက်တဲ့ အမှုက ပြီးမသွား

၂ဝ၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ ပြည်ထောင်စုတရားရုံးရဲ့ ထရမ့်နှင့် ဗန့်စ် အငြင်းပွားမှုအပေါ် ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက်၊ ထရမ့်ရဲ့ ငွေစာရင်းကုမ္ပဏီ မာဇာက ထရမ့်ရဲ့ အခွန်စည်းကြပ်ရန် တင်ပြငွေစာရင်းနဲ့ ဆက်စပ်နေတဲ့ စာရွက်စာတန်းတွေကို မန်ဟက်တန် ခရိုင်အစိုးရရှေ့နေ Cyrus Vance Jr. ဆိုင်းရပ်စ် ဗန့်စ် ဂျူနီယာ ဆီကို ပို့ပေးခဲ့ပါတယ်။ ထရမ့်က ပေးဆပ်ရန်တာဝန်ရှိတဲ့ အလားအလာများနဲ့ ကိုဟင်ကို စွဲချက်တင်နိုင်ခြေရှိတဲ့ တခြား အလားအလာတွေ (ဒန်နီယယ်ကို ငွေပေးချေမှုကနေ ပေါ်ပေါက်လာတဲ့ ပြဿနာ) ကိုတော့ မဆုံးဖြတ် မဖြေရှင်းရသေးပါ။ အတွင်းပိုင်း သတင်းပို့ချက်တခုအရ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့က သိသိကြီးနဲ့ ဘဏ္ဍာ ‌‌ရေးဥပဒေကို ချိုးဖောက်ခဲ့တာလို့ “ ယုံကြည်ရလောက်တဲ့ အကြောင်းအချက်” တွေရှိတယ်လို့ ဆိုပါတယ်။ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် (FEC- Federal Election Commission) က ဒန်နီယယ်ကို ငွေပေးတဲ့ကိစ္စစုံစမ်း စစ်ဆေးမှုကို ဘေးဖယ်ထားလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ဝ၂၁ ခုနှစ် မေလ ၆ ရက်က အဲဒီကိစ္စကို ၂မဲ-၂မဲ နဲ့ ( ပါတီ လိုင်းအတိုင်း) မဲခွဲဆုံးဖြတ်ခဲ့တာပါ။ 

၂ဝ၂၃ ခုနှစ် မတ်လ ၃ဝ ရက်မှာတော့ မန်ဟက်တန် ဂရင်းဂျူရီ (စွဲချက်တင်ရန် သက်သေခံအထောက် အထားရှိ-မရှိ ဆုံးဖြတ်ရသော ခုံအဖွဲ့) က အပုပ်နံ့ထွက်နေတဲ့ စွပ်စွဲချက်မှာ ထရမ့်ပါဝင်တဲ့ အခန်းကဏ္ဍ အတွက် စွဲချက်တင်လိုက်ပါတယ်။ ဧပြီလ ၄ ရက်မှာတော့ မန်ဟက်တန်တရားရုံးမှာ ထရမ့်ကို တရားဝင် စွပ်စွဲရုံးတင် လိုက်ပါတယ်။ 

ဘာတွေဆက်ဖြစ်ကြမလဲ၊ ထရမ့်ရဲ့အမှုတွေက လာမယ့် သမ္မတရွေးကောက်ပွဲအပေါ် သက်ရောက်မှု တွေရှိလာ၊မလား ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ 

                                                                                                 

ကိုးကား- Legal affairs of Donald Trump

            - Donald Trump Faces Several Investigations

zawgyi version

“သမၼတေဟာင္း ေဒၚနယ္ထရမ့္နဲ႔ ၎ရဲ႕အမႈမ်ား” (ဘာသာျပန္ေဆာင္းပါး)

ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဧၿပီ ၂၄

အမႈေတြ ေပြတဲ့ ေကာက္႐ိုးသမၼတ

၁၉၈ဝ ခုႏွစ္ကေန သမၼတအျဖစ္ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ ၂ဝ၁၆ ခုႏွစ္အတြင္းမွာ ေဒၚနယ္ထရမ့္နဲ႔ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြဟာ အေမရိကန္ျပည္ေထာင္စုတရား႐ုံးနဲ႔ ျပည္နယ္တရား႐ုံးေတြက အမႈေပါင္း (၄ဝဝဝ) ေက်ာ္မွာပါဝင္ပတ္သက္မႈရွိပါတယ္။ အဲဒီအထဲမွာ ကာစီႏိုေလာင္းကစားသူမ်ားနဲ႔ ျဖစ္တဲ့အမႈမ်ား၊ ေဒၚလာသန္းခ်ီတန္တဲ့ အိမ္ၿခံေျမအမႈအခင္းမ်ား၊ ပုဂၢိဳလ္ေရးဂုဏ္သိကၡာက်ဆင္းေစႏိုင္တဲ့ တရားစြဲမႈမ်ားနဲ႔ စီးပြားေရးလုပ္ငန္း အခြန္ထမ္းေဆာင္ျခင္း အျငင္းပြားမႈေပါင္း ၁ဝဝ ေက်ာ္တို႔လည္း အပါအဝင္ျဖစ္ပါတယ္။ ဒါ့ျပင္ လိင္ပိုင္းဆိုင္ရာ အေႏွာက္ အယွက္ေပးမႈနဲ႔ လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြနဲ႔လည္း စြပ္စြဲခံထားရပါေသး တယ္။

၂ဝ၁၅ ခုႏွစ္မွာတုန္းက သူ႔ရဲ႕ ေရွ႕ေန အယ္လင္ ဂါးထင္း Alan Garten က ဒီလိုမ်ိဳးျဖစ္ရပ္ကို အေမရိကန္ျပည္ေထာင္စုမွာ “စီးပြားေရးလုပ္ငန္းတစ္ခုမွာ ပါေနက်သဘာဝအစိတ္အပိုင္း” တစ္ခုလို႔ေျပာခဲ့ဖူးပါတယ္။ အိမ္ၿခံေျမ လုပ္ငန္းမွာ တရားတေဘာင္ျဖစ္တာက ျဖစ္ေလ့ျဖစ္ထရွိတဲ့ ပုံမွန္ကိစၥလို႔ဆိုႏိုင္ေပမဲ့၊ ထရမ့္ပါဝင္ပတ္သက္တဲ့အမႈေတြက သူနဲ႔ေခတ္ၿပိဳင္စီးပြားေရးလုပ္ငန္းရွင္ေတြ ျဖစ္ၾကတဲ့ အက္ဒြပ္ ေဂ်.ဒီဘာတိုလို ဂ်ဴနီယာ Edward J. DeBartolo Jr ၊ ေဒၚနယ္ဘရင္း Donald Bren ၊ စတီဖင္ အမ္.႐ိုစ္ (Stephen M. Ross) ၊ ဆမ္ ဇယ္လ္ (Sam Zell)၊  လာရီ ဆီလ္ဗားစတိုင္း (Larry Silverstein) တို႔ပါဝင္ပတ္သက္တဲ့ အမႈအားလုံးေပါင္းထက္ေတာင္မ်ားျပားေနတာေၾကာင့္ လြန္လြန္း တယ္လို႔ ေျပာႏိုင္ပါတယ္။ 

၂ဝ၁၆ ခုႏွစ္၊ သမၼတေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလတုန္းက၊ ထရမ့္က သူ႔ကိုတရားစြဲဆိုမႈေတြကို “အႏိုင္က်င့္တဲ့နည္းဗ်ဴဟာ” ေတြပါလို႔ ၿခိမ္းေျခာက္ေျပာဆိုဖူးေၾကာင္း၊ ဂ်ိမ္းစ္ ေကာ့ပ္လန္းကေျပာခဲ့ပါတယ္။ ဂ်ိမ္းစ္က ကြန္ဆာေဗးတစ္ဖက္ယိမ္းတဲ့ မန္ဟက္တန္ အင္စတီက်ဳရဲ႕ တရားဥပေဒဆိုင္ရာေပၚလစီ ဒါ႐ိုက္တာ တစ္ဦးျဖစ္ပါတယ္။ ထရမ့္က ဒီၿခိမ္းေျခာက္မႈေတြအတိုင္း အၿမဲလိုက္လုပ္တာေတာ့မဟုတ္ပါဘူး။ သူ႔ကိုေဝဖန္ သူတခ်ိဳ႕က ထရမ့္ရဲ႕ ထစ္ကနဲရွိတရားထစြဲလိုတဲ့ အမူအက်င့္ဟာ ႏိုင္ငံေရးအရ ကြန္ဆာေဗးတစ္ စ႐ိုက္ တစ္ခု မဟုတ္ဘူးလို႔ ျပစ္တင္ၾကပါတယ္။

ေငြေပးၿပီး ေက်ေအးတာလည္း ရွိ

ထရမ့္က တရားၿပိဳင္အျဖစ္ အစြဲခံရတဲ့ အမႈတစ္ခ်ိဳ႕မွာ သူနဲ႔ သူ႔ရဲ႕စီးပြားေရးလုပ္ငန္းေတြဟာ တရားလိုေတြကို ေငြေပးၿပီး ေက်ေအးခဲ့ၾကတာေတြလည္းရွိပါတယ္။ ၂ဝ၁၆ ခုႏွစ္ ႏိုဝင္ဘာလတုန္းက၊ သမၼတအျဖစ္ ေ႐ြးေကာက္ ပြဲအႏိုင္ရခ်ိန္မွာ၊ ထရမ့္ တကၠသိုလ္ တရားတေဘာင္ျဖစ္မႈကို ေဒၚလာ ၂၅ သန္းေပးၿပီး ေက်ေအးေျဖရွင္းခဲ့ဖူးပါတယ္။ အမႈေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ရဲ႕ သမၼတသက္တမ္း အတြင္းမွာ ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ သူသမၼတ မဟုတ္ေတာ့တဲ့ေနာက္ပိုင္းမွာ စုံမမ္း စစ္ေဆးမႈေတြက သူ႔အေပၚပိုအာ႐ုံစိုက္လာၾကပါတယ္။

၂ဝ၂၃ ခုႏွစ္ မတ္လ ၃ဝ ရက္က၊ ျပည္သူလူထု နဲ႔ ထရမ့္ အမႈမွာ၊ ထရမ့္ဟာ မန္ဟက္တန္ တရား႐ုံးမွာ ရာဇဝတ္မႈ စြဲဆိုခ်က္ ၃၄ ခုနဲ႔ စြဲခ်က္အတင္ခံရပါတယ္။ ဧၿပီလ ၄ ရက္မွာ သူက တရား႐ုံးကိုလာေရာက္ၿပီး စြဲခ်က္အားလုံးမွာ သူအပစ္မရွိေၾကာင္း ေလွ်ာက္လဲသြားပါတယ္။

ဂ်ာနယ္လစ္မကေလးလည္း အလြတ္မေပး

၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၂၅ ရက္မွာေတာ့ နယူးေယာက္ၿမိဳ႕ ဂ်ဴရီအဖြဲ႕တစ္ခုက E. Jean Carroll အဲလစ္ဇဘက္ ဂ်င္န္း ကာ႐ိုးလ္ ဆိုတဲ့ ဂ်ာနယ္လစ္တေယာက္က ဂုဏ္သေရဖ်က္ဆီးမႈ၊ လိင္ထိပါးေႏွာက္ယွက္မႈေတြနဲ႔ ထရမ့္ကို စြဲဆိုထားခ်က္ေတြကို ၾကားနာဖို႔ရွိေနပါတယ္။

၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ ၂ ရက္မွာ ထရမ့္ရဲ႕အဖြဲ႕အစည္းဟာ နယူးေယာက္ အစိုးရေရွ႕ေနခ်ဳပ္ Letitia James လက္တီးရွား ဂ်ိမ္းစ္က တရားမမႈနဲ႔ စြဲဆိုထားတာကို ရင္ဆိုင္ရဖို႔ ရွိပါတယ္။

ေဂ်ာ္ဂ်ီယာခ႐ိုင္၊ ဖူလ္တန္ ‌ေကာင္တီက အစိုးရေရွ႕ေန Fani Willis ဖန္နီဝီးလစ္က၊ ၂ဝ၂ဝ ခုႏွစ္ သမၼတ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ ထရမ့္ရဲ႕ ႀကိဳးပမ္းမႈေတြကို စုံစမ္းစစ္ေဆးေနပါ တယ္။

အေမရိကန္ျပည္ေထာင္စု တရားေရးဌာနကလည္း ၂ဝ၂ဝ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ ထရမ့္ရဲ႕ႀကိဳးပမ္းမႈကို တစ္ႏိုင္ငံလုံး အဆင့္ကေန စုံစမ္းစစ္ေဆးတာေတြ လုပ္ေနပါတယ္။ ( ဒီ စုံစမ္းစစ္ေဆးမႈဟာ ၿပီးဆုံးသြားၿပီျဖစ္တဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္ စုံစမ္းစစ္ေဆးမႈနဲ႔  တသီးတျခားစီျဖစ္ပါတယ္။) 

ျပည္ေထာင္စုစုံစမ္းစစ္ေဆးေရးကလည္း အမ်ိဳးသားကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ အစိုးရလွ်ိဳ႕ဝွက္စာ႐ြက္ စာတန္းေတြကို ထရမ့္ရဲ႕ ကိုင္တြယ္မႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးေနပါတယ္။

ကက်ီကေၾကာင္မ်ားတဲ့ အမႈသည္

၂ဝ၂၁ ခုႏွစ္ေအာက္တိုဘာလကေန ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ အတြင္းမွာဘဲ၊ ရီပတ္ဘလီကင္ အမ်ိဳးသား ေကာ္မတီက ထရမ့္ဘက္က သမၼတအေနနဲ႔ေရာ၊ ပုဂၢိဳလ္ေရးဆိုင္ရာအေနနဲ႔ပါမက၊ စီးပြားေရးလုပ္ငန္းေတြ အတြက္ပါ လိုက္ပါေဆာင္႐ြက္တဲ့ အက်ိဳးေဆာင္ ေရွ႕ေနေတြကို ေရွ႕ေနခ အေမရိကန္ေဒၚလာ ၂ သန္းေက်ာ္ေပးခဲ့ရပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလထဲမွာ ျပည္ေထာင္စုတရားသူႀကီးတစ္ေယာက္က “ ႏိုင္ငံေရးၿပိဳင္ဘက္ေတြကို လက္စားေခ်ဖို႔ တရား႐ုံးေတာ္ကို ထပ္တလဲလဲ အသုံးခ်တဲ့ ကက်ီကေၾကာင္မ်ားတဲ့ အမႈသည္ တစ္ေယာက္” လို႔ သမုတ္လိုက္ၿပီး ထရမ့္ နဲ႔ သူ႔ေရွ႕ေနကို ေဒၚလာတသန္း နီးပါး ဒဏ္ေငြ႐ိုက္ပါတယ္။

ပေလးဘြိဳင္ မဂၢဇင္းအလွမယ္နဲ႔ ဇတ္လမ္း

Karen McDougal ကရင္း မကၠဒူးဂဲလ္ဆိုတဲ့ ပေလးဘြိဳင္မဂၢဇင္း အလွမယ္ေဟာင္း တစ္ေယာက္နဲ႔ ျပႆနာလည္းရွိပါေသးတယ္။ သူမက သူမနဲ႔ ထရမ့္တို႔ရဲ႕ဇတ္လမ္းကို ေနရွင္နယ္ အင္ကြိဳင္ရာ မဂၢဇင္းကို ေဒၚလာ တစ္သိန္းခြဲနဲ႔ ေရာင္းခ်ဖို႔သေဘာတူထားပါတယ္။ အဲဒါက ထရမ့္ရဲ႕ သမၼတမဲဆြယ္စည္း႐ုံးေရး ကာလအတြင္းမွာေပၚလာတာပါ။ ေနာက္ေတာ့ အဲဒီလို ပုံႏွိပ္ေဖာ္ျပမယ့္အစား၊ ထရမ့္နဲ႔ သူ႔ေရွ႕ေန မိုက္ကယ္ကိုဟင္တို႔နဲ႔ ညႇိႏႈိင္းဖို႔ ေနရွင္နယ္ အင္ကြိဳင္ယာက ဖိအားေပးခဲ့တယ္လို႔ ဆြဲခ်ေရွ႕ေနေတြက ေျပာၾကပါတယ္။ ေဒၚနယ္ထရမ့္ကေတာ့ မစၥက္ ဒန္နီယယ္နဲ႔ေရာ မစၥက္ မကၠဒူးဂဲလ္နဲ႔ပါ ဘာဇတ္လမ္းမွ မရွိပါဘူးလို႔ ျငင္းပါတယ္။

အျပာ႐ုပ္ရွင္သ႐ုပ္ေဆာင္ စေတာ္မီဒန္နီယယ္စ္နဲ႔ အမႈ

ထရမ့္ရဲ႕ အမႈေတြအားလုံးအေၾကာင္းကို ေရးရရင္ စာတစ္အုပ္ေလာင္ေရးမွ ျပည့္စုံမွာပါ။ ဒါေၾကာင့္ ဒီေဆာင္း ပါးမွာေတာ့ အမ်ားစိတ္ဝင္စားၾကၿပီး ခုတေလာ ျပန္ေပၚလာတဲ့ အျပာ႐ုပ္ရွင္သ႐ုပ္ေဆာင္ စေတာ္မီ ဒန္နီယယ္နဲ႔ ျဖစ္တဲ့အမႈအေၾကာင္းကို ေဖာ္ျပပါ့မယ္။

၂ဝ၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္မွာ၊ ေဝါစထရိဂ်ာနယ္က သတင္းတစ္ပုဒ္ေဖာ္ျပပါတယ္။ အဲဒီသတင္းက ၂ဝ၁၆ ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ေအာက္တိုဘာလထဲမွာ ထရမ့္ရဲ႕ ေရွ႕ေန မိုက္ကယ္ကိုဟင္ Michael Cohen က အျပာ႐ုပ္ရွင္မင္းသမီး စေတာ္မီ ဒန္နီယယ္စ္ Stormy Daniels ကို ၂ဝဝ၆ ခုႏွစ္က သူမနဲ႔ ထရမ့္ ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြကို ဖြင့္ေျပာေနတာေတြကို ရပ္တန႔္ဖို႔ ေဒၚလာ ၁၃ဝ,ဝဝဝ ေပးခဲ့တဲ့အေၾကာင္းပါ။ အဲဒီတုန္းက ဒန္နီယယ္က ထုတ္မေျပာပါဘူးဆိုတဲ့ ဝန္ခံ ကတိစာခ်ဳပ္ (NDA- non-disclosure agreement) တစ္ခု လက္မွတ္ေရးထိုးခဲ့ပါတယ္။ ပထမပိုင္းမွာ ေတာ့ ကိုဟင္က ထရမ့္မွာ ဒီလိုစြပ္စြဲခံရတဲ့ ကိစၥမရွိပါဘူးလို႔ျငင္းဆိုပါတယ္။ ေနာက္ တစ္လအၾကာ မွာေတာ့ ဒီလိုေငြေပးရတာ ဟုတ္ပါတယ္လို႔ လူသိရွင္ၾကားဝန္ခံလိုက္ပါတယ္။

ဒီဇာတ္လမ္းအေသးစိတ္နဲ႔ပတ္သက္တဲ့ စြပ္စြဲေျပာဆိုခ်က္ေတြအျပင္၊ ေငြေပးရပါတယ္ဆိုတဲ့ ကိစၥက ဥပေဒ နဲ႔ ညီမညီ၊ က်င့္ဝတ္နဲ႔ညီမညီ ဆိုတာ ေမးခြန္းထုတ္လာၾကပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေပးလိုက္တဲ့ေငြက ျပည္ေထာင္စုမဲဆြယ္စည္း႐ုံးေရးဆိုင္ရာ ဘ႑ာေရးဥပေဒကို ခ်ိဳးေဖာက္တာျဖစ္ ေနႏိုင္လို႔ပါ။ ေပးလိုက္တဲ့ ႏႈတ္ပိတ္ခေငြဟာ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးမႈနဲ႔ ပတ္သက္တဲ့ကိစၥကို မွန္မွန္ကန္ကန္တားျမစ္တာ မဟုတ္တဲ့အတြက္ေၾကာင့္ျဖစ္ေစ၊ ေ႐ြးေကာက္ပြဲရန္ပုံေငြကို ဒီလိုႏႈတ္ပိတ္ခ ေငြေပးေခ်မႈမွာ အသုံးျပဳခဲ့တဲ့အတြက္ေၾကာင့္ျဖစ္ေစ၊ ဘာေၾကာင့္ျဖစ္ျဖစ္ ဥပေဒ ကိုခ်ိဳးေဖာက္ရာ ေရာက္ႏိုင္လို႔ျဖစ္ပါတယ္။ 

ေဖေဖာ္ဝါရီလ ၁၃ ရက္ကေတာ့ ကိုဟင္က ဒီေငြကို ေ႐ြးေကာက္ပြဲနဲ႔ မပတ္သက္တဲ့ကိစၥအျဖစ္ သူ႔ရဲ႕ကိုယ္ပိုင္ေငြနဲ႔ ေပးခဲ့တာပါလို႔ ဆိုပါတယ္။ ဒါေပမဲ့ ထရမ့္ရဲ႕ အဖြဲ႕အစည္းကေရာ၊ ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ကပါ အဲဒီအတြက္ ေငြျပန္ထုတ္ေပးျခင္းမရွိပါဘူး။ ဧၿပီလ ၅ ရက္က်ေတာ့ ထရမ့္က အဲဒီလို ေငြေပးတာကို သူမသိပါဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ ဧၿပီလ ၂၆ ရက္မွာေတာ့ သူက ပထမဆုံးအႀကိမ္အျဖစ္ဝန္ခံေျပာၾကားတာက “စေတာ္မီ ဒန္နီယယ္ ကိစၥ” မွာ ကိုဟင္က သူ႔ကို ကိုယ္စားျပဳခဲ့ပါတယ္တဲ့။ ေမလ ၂ ရက္မွာေတာ့ ထရမ့္ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနသစ္ ႐ူဒီ ဂ်ီလီယန္နီ Rudy Giuliani က ဒီေငြကို ထရမ့္က ကိုဟင္ကို ျပန္ေပးၿပီးၿပီလို႔ ဆိုပါတယ္။ 

၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လမွာ ကိုဟင္က ဒန္နီယယ္ကိုေပးရတဲ့ ‌ေငြကိစၥမွာ ေ႐ြးေကာက္ပြဲမဲဆြယ္ စည္း႐ုံးေရး ရန္ပုံေငြ ဘ႑ာေရးဥပေဒခ်ိဳးေဖာက္မႈအပါအဝင္ ရာဇဝတ္မႈစြဲခ်က္ ၈ ခုမွာ အျပစ္ရွိေၾကာင္း ဝန္ခံလိုက္ပါတယ္။ သူက “ျပည္ေထာင္စုအဆင့္ ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ (သမၼတေလာင္းကို ဆိုလိုသည္) နဲ႔  ပူးေပါင္းၿပီး သူ႔ရဲ႕ ၫႊန္ၾကားခ်က္အရ” သူမကို အဆိုပါေငြေပးခဲ့ပါေၾကာင္း က်မ္းက်ိန္ထြက္ဆိုခဲ့ပါတယ္။ ကိုဟင္ဟာ  စြဲဆိုခ်က္ေတြအတြက္ ေထာင္ဒဏ္ (၃) ႏွစ္က်ခံေစရန္ ပစ္ဒဏ္ေပးခံခဲ့ရၿပီး၊ ေရွ႕ေနလိုက္ခြင့္ပါ ပိတ္ပင္ခံလိုက္ရပါတယ္။

ဒန္နီယယ္က ျပန္စြဲတဲ့ (၃)မႈ

စေတာ္မီဒန္နီယယ္က ထရမ့္နဲ႔ ကိုဟင္ကို အမႈ (၃)မႈနဲ႔ တရားစြဲပါတယ္။ ပထမအမႈမွာ သူမက NDA – (non-disclosure agreement) က တရားမဝင္ပါလို႔ ျငင္းဆိုပါတယ္။ ထရမ့္နဲ႔ ကိုဟင္တို႔က NDA ကို သက္‌ေရာက္မႈျဖစ္ ေအာင္မလုပ္ဖို႔ သေဘာတူၿပီးတဲ့ေနာက္၊ အဲဒါကို ပယ္ခ်လိုက္ေပမဲ့ ဒန္နီယယ္က ဒီအမႈႏိုင္ပါတယ္။ ေနာက္ပိုင္းမွာ ကာလီဖိုးနီးယား တရား႐ုံးတခုက ထရမ့္ကို သူမရဲ႕ တရား႐ုံးစားရိတ္ ေဒၚလာ ၄၄,၁ဝဝ ျပန္ေပးဖို႔ အမိန႔္ခ်ခဲ့ပါတယ္။

ဒုတိယအမႈမွာေတာ့ ဒန္နီယယ္ရႈံးပါတယ္။ အဲဒီအမႈမွာ သူမက အသေရဖ်က္ခံရပါတယ္လို႔ စြပ္စြဲတာပါ။ အဲဒီအမႈမွာ တရား႐ုံးစားရိတ္နဲ႔ တရား႐ုံးဒဏ္ေၾကးအတြက္ အေမရိကန္ေဒၚလာ ၃ သိန္းနီးပါးေပးေဆာင္ရန္ သူမအေပၚ အမိန႔္ ခ်ခဲ့ပါတယ္။ 

တတိယအမႈကေတာ့၊ ကိုဟင္ဟာ သူမရဲ႕ အရင္ေရွ႕ေန Keith Davidson ကိသ္ ေဒးဗစ္ဆင္နဲ႔ ပူးေပါင္းၿပီး ေငြေပးမယ့္ကိစၥကို ညႇိႏႈိင္းေဆြးေႏြးရာမွာ သူမနစ္နာေအာင္ လိမ္လည္လွည့္ဖ်ားပါတယ္လို႔ စြဲဆိုတာပါ။ အဲဒီအမႈမွာေတာ့ ထရမ့္နာမည္ကို ခုခံကာကြယ္တဲ့ တရားၿပိဳင္အေနနဲ႔ မထည့္ပါဘူး။ အဲဒီအမႈက ၂ဝ၁၉ ခုႏွစ္ ေမလမွာ ေက်ေအးခဲ့ပါတယ္။

ကိုဟင္ကို ေထာင္ခ်လိုက္ေပမဲ့ ဒန္နီယယ္နဲ႔ပတ္သက္တဲ့ အမႈက ၿပီးမသြား

၂ဝ၂၁ ခုႏွစ္ေဖေဖာ္ဝါရီလမွာ ျပည္ေထာင္စုတရား႐ုံးရဲ႕ ထရမ့္ႏွင့္ ဗန႔္စ္ အျငင္းပြားမႈအေပၚ ဆုံးျဖတ္ခ်က္ ထြက္လာၿပီးတဲ့ေနာက္၊ ထရမ့္ရဲ႕ ေငြစာရင္းကုမၸဏီ မာဇာက ထရမ့္ရဲ႕ အခြန္စည္းၾကပ္ရန္ တင္ျပေငြစာရင္းနဲ႔ ဆက္စပ္ေနတဲ့ စာ႐ြက္စာတန္းေတြကို မန္ဟက္တန္ ခ႐ိုင္အစိုးရေရွ႕ေန Cyrus Vance Jr. ဆိုင္းရပ္စ္ ဗန႔္စ္ ဂ်ဴနီယာ ဆီကို ပို႔ေပးခဲ့ပါတယ္။ ထရမ့္က ေပးဆပ္ရန္တာဝန္ရွိတဲ့ အလားအလာမ်ားနဲ႔ ကိုဟင္ကို စြဲခ်က္တင္ႏိုင္ေျခရွိတဲ့ တျခား အလားအလာေတြ (ဒန္နီယယ္ကို ေငြေပးေခ်မႈကေန ေပၚေပါက္လာတဲ့ ျပႆနာ) ကိုေတာ့ မဆုံးျဖတ္ မေျဖရွင္းရေသးပါ။ အတြင္းပိုင္း သတင္းပို႔ခ်က္တခုအရ ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးေရး အဖြဲ႕က သိသိႀကီးနဲ႔ ဘ႑ာ ‌‌ေရးဥပေဒကို ခ်ိဳးေဖာက္ခဲ့တာလို႔ “ ယုံၾကည္ရေလာက္တဲ့ အေၾကာင္းအခ်က္” ေတြရွိတယ္လို႔ ဆိုပါတယ္။ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ (FEC- Federal Election Commission) က ဒန္နီယယ္ကို ေငြေပးတဲ့ကိစၥစုံစမ္း စစ္ေဆးမႈကို ေဘးဖယ္ထားလိုက္ပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂ဝ၂၁ ခုႏွစ္ ေမလ ၆ ရက္က အဲဒီကိစၥကို ၂မဲ-၂မဲ နဲ႔ ( ပါတီ လိုင္းအတိုင္း) မဲခြဲဆုံးျဖတ္ခဲ့တာပါ။ 

၂ဝ၂၃ ခုႏွစ္ မတ္လ ၃ဝ ရက္မွာေတာ့ မန္ဟက္တန္ ဂရင္းဂ်ဴရီ (စြဲခ်က္တင္ရန္ သက္ေသခံအေထာက္ အထားရွိ-မရွိ ဆုံးျဖတ္ရေသာ ခုံအဖြဲ႕) က အပုပ္နံ႔ထြက္ေနတဲ့ စြပ္စြဲခ်က္မွာ ထရမ့္ပါဝင္တဲ့ အခန္းက႑ အတြက္ စြဲခ်က္တင္လိုက္ပါတယ္။ ဧၿပီလ ၄ ရက္မွာေတာ့ မန္ဟက္တန္တရား႐ုံးမွာ ထရမ့္ကို တရားဝင္ စြပ္စြဲ႐ုံးတင္ လိုက္ပါတယ္။ 

ဘာေတြဆက္ျဖစ္ၾကမလဲ၊ ထရမ့္ရဲ႕အမႈေတြက လာမယ့္ သမၼတေ႐ြးေကာက္ပြဲအေပၚ သက္ေရာက္မႈ ေတြရွိလာ၊မလား ဆက္လက္ေစာင့္ၾကည့္ၾကရမွာျဖစ္ပါတယ္။ 

                                                                                                 

ကိုးကား- Legal affairs of Donald Trump

            - Donald Trump Faces Several Investigations

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဇွန်တောင်ဘူတာ ပလက်ဖောင်းပေါ်၌ ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသည်ဟုယူဆရသော အလောင်းတစ်လောင်းတွေ့ရှိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved