KNU ဥက္ကဋ္ဌ ရုတ်တရက် သတိလစ်မှုဖြစ်ပွားခဲ့ရာ မဲဆောက်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေ
မျိုးကြီး (NP News) - ဧပြီ ၁၉
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ရုတ်တရက် သတိလစ်မှုဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် သွေးတိုးကာ မူးဝေအော့အန်ပြီးနောက် ရုတ်တရက် သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း KNU နှင့်နီးစပ်သော အသိုင်းအဝိုင်းက အသိပေးပြောဆိုထားသည်။
“မနေ့က ညနေပိုင်းက ဖြစ်တာပါ။ အပူရှိန်ကလည်း များတာပါမှာပေါ့။ သွေးကလည်း တိုးတယ်ပြောတယ်။ အသက်အရွယ်ကလည်း ရလာပြီဆိုတော့လေ။ ဒါပေမယ့် အခုတော့ သတိပြန်ရပါပြီ။ စိုးရိမ်စရာမရှိပါဘူး” ဟု KNU နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ Maesotram Hospital ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ပြန်လည်သက်သာလာပြီဖြစ်ကြောင်းသိရပြီး ၎င်း၏ အသက်အရွယ်မှာလည်း (၉ဝ)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
zawgyi version
KNU ဥကၠ႒ ႐ုတ္တရက္ သတိလစ္မႈျဖစ္ပြားခဲ့ရာ မဲေဆာက္ၿမိဳ႕ရွိ ေဆး႐ုံ၌ ေဆးကုသမႈခံယူေန
မ်ိဳးႀကီး (NP News) - ဧၿပီ ၁၉
ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးသည္ ႐ုတ္တရက္ သတိလစ္မႈျဖစ္ပြားခဲ့ရာ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ ေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သတင္းရရွိသည္။
ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးသည္ ဧၿပီလ ၁၈ ရက္ ညေနပိုင္းတြင္ ေသြးတိုးကာ မူးေဝေအာ့အန္ၿပီးေနာက္ ႐ုတ္တရက္ သတိလစ္သြားခဲ့ျခင္းျဖစ္ေၾကာင္း KNU ႏွင့္နီးစပ္ေသာ အသိုင္းအဝိုင္းက အသိေပးေျပာဆိုထားသည္။
“မေန႔က ညေနပိုင္းက ျဖစ္တာပါ။ အပူရွိန္ကလည္း မ်ားတာပါမွာေပါ့။ ေသြးကလည္း တိုးတယ္ေျပာတယ္။ အသက္အ႐ြယ္ကလည္း ရလာၿပီဆိုေတာ့ေလ။ ဒါေပမယ့္ အခုေတာ့ သတိျပန္ရပါၿပီ။ စိုးရိမ္စရာမရွိပါဘူး” ဟု KNU ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။
KNU ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးသည္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ရွိ Maesotram Hospital ၌ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးသည္ ျပန္လည္သက္သာလာၿပီျဖစ္ေၾကာင္းသိရၿပီး ၎၏ အသက္အ႐ြယ္မွာလည္း (၉ဝ)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိုင်မြို့နယ်တွင် PDF များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆေးခန်းနှင့် စာသင်ကျောင်းအတွင်းမှတွေ့ရှိ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ