Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးငယ်အား ငွေကျပ်သိန်း(၂ဝ)ဖြင့် ရောင်းချရန် စီစဥ်ခဲ့သော လင်မယားကို နစကဝန်ကြီးဌာနမှ စည်းရုံးပြောဆိုကာ ကလေးငယ်နှင့်အတူ နေရပ်ပြန်ပို့

ယွန်း (NP News) - ဧပြီ ၈

လသားအရွယ်ကလေးငယ်ကို ငွေကျပ်သိန်း(၂ဝ)ဖြင့် ရောင်းချရန် စီစဥ်ခဲ့သော လင်မယားကို နစကဝန်ကြီးဌာနမှ တာဝန်ရှိသူများက စည်းရုံးပြောဆိုကာ ကလေးငယ်နှင့်အတူ နေရပ်ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လင်မယား(၂)ဦးသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့မှ ရန်ကုန်မြို့သို့ လာရောက်ကာ ၎င်းတို့၏ ကလေးငယ်အား ငွေကျပ်သိန်း(၂ဝ)ဖြင့် ရောင်းချရန် စီစဥ်ထားသူများဖြစ်ကြောင်း သိရသည်။

ကလေးငယ်သည် (၅)လသားအရွယ်သာရှိပြီး ၎င်းတို့တွင် အကြွေးများတင်နေသည့်အတွက် ကလေးငယ်ကို ရောင်းချရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယနေ့(ဧပြီလ ၈ ရက်)တွင် ခေါ်ယူကာ စည်းရုံးပြောဆို သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ကလေးကို မိဘနဲ့အတူ ပြန်နေဖို့ပဲ စည်းရုံးပြီးတော့ ပြန်ပို့ပေးလိုက်ပါတယ်။ မိဘနဲ့ အတူတူနေဖို့လိုတယ်ဆိုတာကို ပြောပြပြီးတော့ စည်းရုံးပြောဆိုလိုက်တာပေါ့။ ကလေးကလည်း သူတို့နဲ့ပဲပြန်ပါသွားတယ်။ သူတို့ကို နားလည်အောင်ပြောပြလိုက်တယ်။ သူတို့ကလည်းလက်ခံကြပါတယ်” ဟု ရန်ကုန်တိုင်းလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးလွင်ဦးက NP News ကို ပြောဆိုထားသည်။

လက်ရှိတွင် ဝန်ကြီးဌာနမှ ၎င်းတို့အား ကလေးငယ်နှင့်အတူ နေရပ်ဒေသသို့ပြန်လည်ပို့ပေးခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။ 

“အခုကတော့ ပြန်ပို့ပေးလိုက်ပါပြီ။ သူတို့မှာလည်း ဘာအခက်အခဲတွေရှိလည်းဆိုတာပြောလို့မရဘူးလေ။ မိသားစုပြဿနာတွေကိုလည်း သေချာမသိဘူးလေ။ သူတို့ဆီကလည်း ဘာမှမေးလို့မရဘူး။ ပြောလာလို့ရှိရင်တော့ ကူညီပေးမှာပေါ့။ ဘာမှမပြောရင်တော့ အခက်အခဲရှိနေမှာပေါ့”ဟု ညွှန်ကြားရေးမှူး ဦးလွင်ဦးမှ ဆိုသည်။  

အဆိုပါ လင်မယားနှစ်ဦးသည် ကလေးငယ်အား သရုပ်ဆောင်ခိုင်နှင်းဝေထံ ရောင်းချရန်လည်း ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရသည်။ 

၎င်းဖြစ်စဥ်နှင့် ပတ်သက်၍ သရုပ်ဆောင် ခိုင်နှင်းဝေက “သတင်းအတိအကျမဟုတ်ပဲ လိုင်းပေါ်ပြန့်နေတဲ့အတွက် အားလုံးစိတ်ပူပြီး လာမေးနေကြတဲ့ ကလေးလေးကိစ္စကို သက်ဆိုင် ရာအဖွဲ့အစည်းများမှ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေဆဲဖြစ်ပါတယ် ရှင်... အားလုံးအတိအကျ ဖြစ်တဲ့အချိန် ရောက်တဲ့အခါ ကျွန်မ တရားဝင် အသိပေး ပေးပါမယ်... ကလေးအတွက်လဲ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတဲ့အတွက် စိတ်မပူကြပါနဲ့ရှင်...” ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသိပေးပြောဆိုထားသည်။

ကလေးသူငယ်ကို ရောင်းချခြင်း၊ ကလေးသူငယ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရားမဝင် ထုတ်ယူဖယ်ရှားခြင်း ပြုလုပ်သူအား အနည်းဆုံးထောင်ဒဏ်(၁ဝ)နှစ်မှ အများဆုံးနှစ်(၂ဝ)အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေကျပ် သိန်း(၅ဝ)မှ အများဆုံး သိန်း(၁ဝဝ)အထိ ဒဏ်ငွေလည်း ချမှတ်နိုင်ကြောင်း ကလေးသူငယ်ဥပဒေ၌ ပြဌာန်းထားသည်ကို တွေ့ရသည်။

zawgyi version

ကေလးငယ္အား ေငြက်ပ္သိန္း(၂ဝ)ျဖင့္ ေရာင္းခ်ရန္ စီစဥ္ခဲ့ေသာ လင္မယားကို နစကဝန္ႀကီးဌာနမွ စည္း႐ုံးေျပာဆိုကာ ကေလးငယ္ႏွင့္အတူ ေနရပ္ျပန္ပို႔

ယြန္း (NP News) - ဧၿပီ ၈

လသားအ႐ြယ္ကေလးငယ္ကို ေငြက်ပ္သိန္း(၂ဝ)ျဖင့္ ေရာင္းခ်ရန္ စီစဥ္ခဲ့ေသာ လင္မယားကို နစကဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက စည္း႐ုံးေျပာဆိုကာ ကေလးငယ္ႏွင့္အတူ ေနရပ္ျပန္ပို႔ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ လင္မယား(၂)ဦးသည္ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ င႐ုတ္ေကာင္းၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ကာ ၎တို႔၏ ကေလးငယ္အား ေငြက်ပ္သိန္း(၂ဝ)ျဖင့္ ေရာင္းခ်ရန္ စီစဥ္ထားသူမ်ားျဖစ္ေၾကာင္း သိရသည္။

ကေလးငယ္သည္ (၅)လသားအ႐ြယ္သာရွိၿပီး ၎တို႔တြင္ အေႂကြးမ်ားတင္ေနသည့္အတြက္ ကေလးငယ္ကို ေရာင္းခ်ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ႏွစ္ဦးအား လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ယေန႔(ဧၿပီလ ၈ ရက္)တြင္ ေခၚယူကာ စည္း႐ုံးေျပာဆို သတိေပးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ကေလးကို မိဘနဲ႔အတူ ျပန္ေနဖို႔ပဲ စည္း႐ုံးၿပီးေတာ့ ျပန္ပို႔ေပးလိုက္ပါတယ္။ မိဘနဲ႔ အတူတူေနဖို႔လိုတယ္ဆိုတာကို ေျပာျပၿပီးေတာ့ စည္း႐ုံးေျပာဆိုလိုက္တာေပါ့။ ကေလးကလည္း သူတို႔နဲ႔ပဲျပန္ပါသြားတယ္။ သူတို႔ကို နားလည္ေအာင္ေျပာျပလိုက္တယ္။ သူတို႔ကလည္းလက္ခံၾကပါတယ္” ဟု ရန္ကုန္တိုင္းလူမႈဝန္ထမ္း႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးလြင္ဦးက NP News ကို ေျပာဆိုထားသည္။

လက္ရွိတြင္ ဝန္ႀကီးဌာနမွ ၎တို႔အား ကေလးငယ္ႏွင့္အတူ ေနရပ္ေဒသသို႔ျပန္လည္ပို႔ေပးခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။ 

“အခုကေတာ့ ျပန္ပို႔ေပးလိုက္ပါၿပီ။ သူတို႔မွာလည္း ဘာအခက္အခဲေတြရွိလည္းဆိုတာေျပာလို႔မရဘူးေလ။ မိသားစုျပႆနာေတြကိုလည္း ေသခ်ာမသိဘူးေလ။ သူတို႔ဆီကလည္း ဘာမွေမးလို႔မရဘူး။ ေျပာလာလို႔ရွိရင္ေတာ့ ကူညီေပးမွာေပါ့။ ဘာမွမေျပာရင္ေတာ့ အခက္အခဲရွိေနမွာေပါ့”ဟု ၫႊန္ၾကားေရးမႉး ဦးလြင္ဦးမွ ဆိုသည္။  

အဆိုပါ လင္မယားႏွစ္ဦးသည္ ကေလးငယ္အား သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝထံ ေရာင္းခ်ရန္လည္း ႀကိဳးပမ္းခဲ့ေၾကာင္း ေတြ႕ရွိရသည္။ 

၎ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက “သတင္းအတိအက်မဟုတ္ပဲ လိုင္းေပၚျပန႔္ေနတဲ့အတြက္ အားလုံးစိတ္ပူၿပီး လာေမးေနၾကတဲ့ ကေလးေလးကိစၥကို သက္ဆိုင္ ရာအဖြဲ႕အစည္းမ်ားမွ တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္ ရွင္... အားလုံးအတိအက် ျဖစ္တဲ့အခ်ိန္ ေရာက္တဲ့အခါ ကြၽန္မ တရားဝင္ အသိေပး ေပးပါမယ္... ကေလးအတြက္လဲ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေပးေနတဲ့အတြက္ စိတ္မပူၾကပါနဲ႔ရွင္...” ဟု လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ အသိေပးေျပာဆိုထားသည္။

ကေလးသူငယ္ကို ေရာင္းခ်ျခင္း၊ ကေလးသူငယ္၏ ခႏၶာကိုယ္ အစိတ္အပိုင္းအား ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ တရားမဝင္ ထုတ္ယူဖယ္ရွားျခင္း ျပဳလုပ္သူအား အနည္းဆုံးေထာင္ဒဏ္(၁ဝ)ႏွစ္မွ အမ်ားဆုံးႏွစ္(၂ဝ)အထိ ခ်မွတ္ရမည့္အျပင္ အနည္းဆုံးေငြက်ပ္ သိန္း(၅ဝ)မွ အမ်ားဆုံး သိန္း(၁ဝဝ)အထိ ဒဏ္ေငြလည္း ခ်မွတ္ႏိုင္ေၾကာင္း ကေလးသူငယ္ဥပေဒ၌ ျပဌာန္းထားသည္ကို ေတြ႕ရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနှင့်တရုတ်နိုင်ငံသားများပါဝင်သည့် အငှားကိုယ်ဝန်ဆောင်ဂိုဏ်းကို ထိုင်းအာဏာပိုင်များဖမ်းဆီး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved