Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနှင့်တရုတ်နိုင်ငံသားများပါဝင်သည့် အငှားကိုယ်ဝန်ဆောင်ဂိုဏ်းကို ထိုင်းအာဏာပိုင်များဖမ်းဆီး

Pika (NP News) - ဧပြီ ၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Silom ဧရိယာတွင် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းများ အပါအ ဝင် လိမ်လည်လှည့်ဖြားမှုများ လုပ်ဆောင်နေသည့် နိုင်ငံခြားသား(၇)ဦးကို ဧပြီလ (၄)ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါနိုင်ငံခြားသား(၇)ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးမှုကို ခံရသည့် သံသယရှိသူများထဲတွင် နာမည်ကြီးထိုင်းဆရာဝန်တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။ ဧပြီလ(၄)ရက် နံနက်ပိုင်းက Silom ဧရိယာရှိ ငါးထပ်တိုက်အဆောက်အဦးကို ဝင်ရောက်စီးနင်းမှုအတွင်း တရုတ်နှင့်မြန်မာနိုင်ငံသားများ ပါဝင်သည့် ဂိုဏ်းတစ်ဂိုဏ်းက ပြန်ပေးဆွဲထားသော တရုတ်နိုင်ငံသားနှစ်ဦးကို တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအဆောက်အဦးကို တရုတ်အမျိုးသမီးများအတွက် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်ရန်အသုံးပြုနေကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အဆိုပါတရုတ်နိုင်ငံသားနှစ်ဦးကို တရုတ်နှင့်မြန်မာနိုင်ငံသားများ ပါဝင်သည့်ဂိုဏ်းက မတ်လ(၂ဝ)ရက်တွင် ချွန်ဘူရီပြည်နယ် Bang Lamung ခရိုင်၌ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဂိုဏ်းတွင် ပါဝင်သည့် မြန်မာနိုင်ငံသား(၃)ဦးနှင့် တရုတ်နိုင်ငံသားလေးဦးတို့ကို လူဝင်မှုကြီးကြပ်ရေးရာဇဝတ်မှုဖြင့် တရားစွဲဆိုထားကြောင်းလည်းသိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများကို တရားမဝင်နေထိုင်ခွင့်ပြုမှုဖြင့် ထိုင်းနိုင်ငံ သားတစ်ဦးကိုလည်း တရားစွဲဆိုထားကြောင်းသိရသည်။ အဆိုပါဂိုဏ်းသည် အငှားကိုယ်ဝန် ဆောင်လုပ်ငန်းများကို လုပ်ကိုင်နေပြီး ပတ်စ်ပို့အတုနှင့်သက်သေခံကတ်ပြား အတုတို့ကို စီစဥ်ပေးကြောင်း  ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒုရဲချုပ် Surachet Hakparn က"စုံစမ်းစစ်ဆေးမှုတွေကို ပိုမိုတိုးချဲ့လုပ်ဆောင်နေပြီး ဒီအငှားကိုယ်ဝန်ဆောင်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူအားလုံးကို တရားဥပဒေအရ အရေးယူဖို့ အမိန့်ထုတ်ထားပါတယ်"ဟုပြောဆိုခဲ့သည်။

အဆိုပါဂိုဏ်းသည် တရုတ်နိုင်ငံသားနှစ်ဦးကို မတ်လ(၂ဝ)ရက်က ပြန်ပေးဆွဲခဲ့ပြီးနောက် ပြန်ပေးငွေအဖြစ် ဘတ်(၅)သန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ အဆိုပါအငှားကိုယ်ဝန် ဆောင်လုပ်ငန်းများလုပ်ဆောင်နေသည့် ဂိုဏ်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရန်လိုလားနေခြင်းကို တရုတ်နိုင်ငံဘက်မှ  ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

zawgyi version

ျမန္မာႏွင့္တ႐ုတ္ႏိုင္ငံသားမ်ားပါဝင္သည့္ အငွားကိုယ္ဝန္ေဆာင္ဂိုဏ္းကို ထိုင္းအာဏာပိုင္မ်ားဖမ္းဆီး

Pika (NP News) - ဧၿပီ ၈

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ Silom ဧရိယာတြင္ အငွားကိုယ္ဝန္ေဆာင္လုပ္ငန္းမ်ား အပါအ ဝင္ လိမ္လည္လွည့္ျဖားမႈမ်ား လုပ္ေဆာင္ေနသည့္ ႏိုင္ငံျခားသား(၇)ဦးကို ဧၿပီလ (၄)ရက္က ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ထုတ္ျပန္ေျပာဆိုခဲ့သည္။

အဆိုပါႏိုင္ငံျခားသား(၇)ဦးကို လူဝင္မႈႀကီးၾကပ္ေရးဌာန အက္ဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ အဆိုပါအမႈကို စုံစမ္းစစ္ေဆးေနသည့္ ရဲတပ္ဖြဲ႕မ်ား၏ ဖမ္းဆီးမႈကို ခံရသည့္ သံသယရွိသူမ်ားထဲတြင္ နာမည္ႀကီးထိုင္းဆရာဝန္တစ္ဦးလည္းပါဝင္ေၾကာင္း သိရသည္။ ဧၿပီလ(၄)ရက္ နံနက္ပိုင္းက Silom ဧရိယာရွိ ငါးထပ္တိုက္အေဆာက္အဦးကို ဝင္ေရာက္စီးနင္းမႈအတြင္း တ႐ုတ္ႏွင့္ျမန္မာႏိုင္ငံသားမ်ား ပါဝင္သည့္ ဂိုဏ္းတစ္ဂိုဏ္းက ျပန္ေပးဆြဲထားေသာ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါအေဆာက္အဦးကို တ႐ုတ္အမ်ိဳးသမီးမ်ားအတြက္ အငွားကိုယ္ဝန္ေဆာင္လုပ္ငန္းလုပ္ကိုင္ရန္အသုံးျပဳေနေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ အဆိုပါတ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို တ႐ုတ္ႏွင့္ျမန္မာႏိုင္ငံသားမ်ား ပါဝင္သည့္ဂိုဏ္းက မတ္လ(၂ဝ)ရက္တြင္ ခြၽန္ဘူရီျပည္နယ္ Bang Lamung ခ႐ိုင္၌ ျပန္ေပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါဂိုဏ္းတြင္ ပါဝင္သည့္ ျမန္မာႏိုင္ငံသား(၃)ဦးႏွင့္ တ႐ုတ္ႏိုင္ငံသားေလးဦးတို႔ကို လူဝင္မႈႀကီးၾကပ္ေရးရာဇဝတ္မႈျဖင့္ တရားစြဲဆိုထားေၾကာင္းလည္းသိရသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံအတြင္း ႏိုင္ငံျခားသားမ်ားကို တရားမဝင္ေနထိုင္ခြင့္ျပဳမႈျဖင့္ ထိုင္းႏိုင္ငံ သားတစ္ဦးကိုလည္း တရားစြဲဆိုထားေၾကာင္းသိရသည္။ အဆိုပါဂိုဏ္းသည္ အငွားကိုယ္ဝန္ ေဆာင္လုပ္ငန္းမ်ားကို လုပ္ကိုင္ေနၿပီး ပတ္စ္ပို႔အတုႏွင့္သက္ေသခံကတ္ျပား အတုတို႔ကို စီစဥ္ေပးေၾကာင္း  ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ဒုရဲခ်ဳပ္ Surachet Hakparn က"စုံစမ္းစစ္ေဆးမႈေတြကို ပိုမိုတိုးခ်ဲ႕လုပ္ေဆာင္ေနၿပီး ဒီအငွားကိုယ္ဝန္ေဆာင္လုပ္ငန္းမွာ ပါဝင္ပတ္သက္ေနတဲ့ သံသယရွိသူအားလုံးကို တရားဥပေဒအရ အေရးယူဖို႔ အမိန႔္ထုတ္ထားပါတယ္"ဟုေျပာဆိုခဲ့သည္။

အဆိုပါဂိုဏ္းသည္ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို မတ္လ(၂ဝ)ရက္က ျပန္ေပးဆြဲခဲ့ၿပီးေနာက္ ျပန္ေပးေငြအျဖစ္ ဘတ္(၅)သန္းေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ အဆိုပါအငွားကိုယ္ဝန္ ေဆာင္လုပ္ငန္းမ်ားလုပ္ေဆာင္ေနသည့္ ဂိုဏ္းကို ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးရန္လိုလားေနျခင္းကို တ႐ုတ္ႏိုင္ငံဘက္မွ  ပူးေပါင္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုထားေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေပြည်တော်သို့ကားငှားစီးလာသည့်လင်မယားမှ ယာဉ်မောင်းကို ဆန်ပိုက်ဖြင့်ထိုးကာ ကားလုယက်မှုဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved