Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံးပြုနေ

သုတကျော်၊ ချယ်ရီ (NSS) - စက်တင်ဘာ ၁၂

အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံး ပြုနေကြောင်း ကျားဖျန့်တိုက်ဖျက်ရေး နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသော ဦးဝေယံတင်မောင်ဝင်းက NSS သို့ သုံးသပ်ပြောကြားထားချက်အရ သိရသည်။ 


အွန်လိုင်းမှ လိမ်လည်မှုများသည် ယခုနောက်ပိုင်းကာလများတွင် ပိုမိုများ ပြားလာကာ ကျပ်ငွေထောင်ဂဏန်းမှစတင်ကာ ကျပ်သိန်းရာဂဏန်းအထိ လိမ်လည်မှုများရှိနေခြင်းဖြစ်ကြောင်း NSS က စုံစမ်းမေးမြန်းထားချက်များအရ သိရသည်။ ယခုကဲ့သို့ အွန်လိုင်းမှ လိမ်လည်နည်းမျိုး မတိုင်မီ ယခင်ကပင် ဆက်သွယ်ရေးစနစ်သုံး လိမ်လည်မှုအချို့ရှိခဲ့ခြင်းဖြစ်သည်။ “လွန်ခဲ့တဲ့ (၁ဝ)နှစ်ပတ်ချာလည်လောက်က (၁ဝ)နှစ်နဲ့အထက် နှစ်(၂ဝ) အတွင်းမှာကျတော့ နိုင်ငံခြားကနေ စာတွေ၊ ဘာတွေလာတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာအားဖြင့် နှစ်မျိုးပေါ့နော်။ သူက လူတစ်ယောက်ကသေဆုံးခါနီးဖြစ်တယ်။ ပြီးတော့ သူ့မှာအမွေတွေရစရာအများကြီးပဲ ရထားတဲ့ဟာတွေ။ အဲဒီလိုဟာမျိုးမှာ သူကအမွေပေးခဲ့ချင်တယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့လာတယ်။ ငွေပေးခဲ့ဖို့ စာရွက်စာတမ်းတွေ အတုတွေလုပ်ပြီးတော့ လွှဲပေးတယ်ပေါ့နော်။ ရှေ့နေတွေ၊ ဘာတွေပုံစံနဲ့လုပ်တယ်။ ပြီးတော့ ငွေပို့ဖို့အတွက်ကို ငွေလွှဲခပေါ့နော်၊ ငွေလွှဲခဆိုပြီးတော့ တောင်းပြီးတော့ သူတို့ရဲ့လိမ်ညာတဲ့ပုံစံတစ်မျိုးပါ”ဟု ဦးဝေယံတင်မောင်ဝင်း က ဆိုသည်။ 

ထို့နောက် အင်တာနက်ခေတ်တွင် ကံစမ်းမဲပေါက်သည်၊ ပရိုမိုးရှင်း ပေး သည်ဆိုသော အီးမေလ်များ ပေးပို့လိမ်လည်မှုများရှိခဲ့ကာ ထို့နောက်တွင်မူ ကျားဖျန့်တို့သည် လိမ်နည်းကို အဆင့်ဆင့်မွမ်းမံတိုးမြှင့်လာခဲ့ခြင်း ဖြစ် သည်။ 

“အစောဆုံးကတော့သူတို့က ကံစမ်းမဲပေါက်တာတို့၊ ပရိုမိုးရှင်းလုပ်တာတို့။ ပြီးရင် ငွေချေးတဲ့ဟာတို့၊ ဘောလုံးပွဲရယ်၊ လောင်းကစားရယ်ဆိုပြီးပေါ်လာတယ်။ ပြီးရင် ဂိမ်းကစားတဲ့ကိစ္စလာတယ်။ ပြီးရင် အလိမ်အများဆုံးက Online Shop ကို ခရစ်ပတိုတို့၊ Forex တို့ပေါ့။ လုပ်ငန်းတစ်ခုနဲ့တွဲတွဲပြီးတော့ လာတယ်။ ပြီးတော့ နောက်ဆုံးတစ်ခုက Payment တစ်ခုကို အခြေခံတာပေါ့။ ရှိပြီးသား Bussiness ကို အခြေခံပြီးအတုလုပ်ပြီးတော့မှ လိမ်တယ်။ ပြီးတော့ ရှယ်ယာခေါ်တယ်။ အမြတ်အများပေးတယ်။ လူတွေက လောဘသားကောင်သွားဖြစ်လို့။ အမြတ်ဆိုတာက တကယ့်စီးပွားရေးလုပ်နေတာ တစ်ရာမှာ ၅ ကျပ်မြတ်ဖို့တောင် အနိုင်နိုင်လေ”ဟု ၎င်းက ရှင်းပြသည်။ 

လတ်တလော ပေါပေါများများ တွေ့နေရသည့် လိမ်နည်းတမျိုးမှာ ဖုန်းအော် ပရေတာတစ်ခုခုမှ ကံစမ်းမဲပေါက်သည်ဟု လိမ်နည်းမျိုးဖြစ်ပြီး အခြားတစ်မျိုးမှာ KBZ Pay သို့မဟုတ် Wave Pay အပလီကေးရှင်းမှာ မလုံခြုံသော ကြောင့် အဆင့်မြှင့်ရမည်ဟုဆိုကာ ဖုန်းအတွင်းဝင်လာသော OTP ကုတ်ကို တောင်းခြင်းမျိုး ဖြစ်သည်။ ထို့ပြင် အင်တာနက်လူမှုကွန်ယက်များ ခေတ်စားလာပြီးနောက် ချေးငွေလုပ်ငန်းများ အမည်ခံကာ လိမ်နည်းတမျိုးပေါ် လာပြီး အဆိုပါ လိမ်နည်းမှာ မသိနားမလည်သူများအတွက် အလိမ်ခံရရန် ပိုမိုအခွင့်အလမ်းများခဲ့သည်။

“စာရွက်၊ စာတမ်းတွေ၊ CV တွေ၊ ဓာတ်ပုံတွေ၊ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုဇယားတွေနဲ့တောင်းပြီးတော့ သူတို့ကဘာလဲဆိုတော့ Deposit အနေနဲ့ ပိုက်ဆံလွှဲခိုင်းတယ်။ ပြီးရင် ပထမလရဲ့အတိုး နောက်ပြီးဘယ်လောက်ချေးမှာလဲ (၁ဝ)သိန်းဟုတ်ပြီ ပထမလအတိုးက (၁)ကျပ်ဆိုတော့ (၁)သောင်းကျပ်ပေါ့၊ အဲဒီ (၁)သောင်း အရင်လွှဲပေးရမယ် ပထမလကိုပေါ့၊ ဒီလူက ယုံရလား၊ မယုံရလား စမ်းသပ်တာ ဘာညာပေါ့။ ငွေလွှဲပေးတာနဲ့ တစ်ဖက်မှာ ငွေထုတ်တယ်၊ ထုတ်ပြီးတာနဲ့ ကိုယ်နဲ့ပတ်သက်တဲ့ ဖုန်းတွေအားလုံးကို block ပြီးတော့ ပြေးသွားတယ်”ဟု ဦးဝေယံ တင်မောင်ဝင်းက ဆိုသည်။ 

ထို့နောက်တွင်မှ လောင်းကစားဂိမ်းဖြင့် လိမ်သည့်နည်း အွန်လိုင်းတွင် ပေါ်ပေါက်လာပြီး အဆိုပါလိမ်နည်းဖြင့် အလိမ်ခံရသူ ပမာဏမှာလည်း မနည်းလှပေ။ “ဘောလုံးပွဲနဲ့ဂိမ်းတို့ ဝင်လာတဲ့အခါမှာလည်း  သူတို့ပြောတဲ့အတိုင်းကို လောင်းရတယ်။ အနိုင်ပေးထားတယ်။ ပထမဦးဆုံးတစ်ကြိမ်၊ နှစ်ကြိမ်ပေါ့နော်။ ဦးဆုံးစဝင်တဲ့သူရဲ့ယုံကြည်မှုရပြီဆိုမှ ထပ်ခေါ်လာမှာ။  သူငယ်ချင်းမိတ်ဆွေတွေကို ဟ ဒါရတယ်လုပ်ကြည့်ပါ၊ ငါတောင် ဘယ်နှစ်သိန်းရသွားပြီဆိုတဲ့အခါမှာမှ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလုပ်မယ့်သူတွေ လူလတ်တန်းစားကို မက်လုံးထားတယ်။ အရမ်းချမ်းသာတဲ့သူတွေက သိတယ်လေ အဲဒီဟာကိုမလုပ်ကြဘူးပေါ့နော်။ အဲဒါကြောင့် ဆင်းရဲသားအုပ်စုနဲ့ လူလတ်တန်းစားတွေကိုပဲ ပစ်မှတ်ထားတယ်။ သူတို့တွေရဲ့ ထမင်းအိုးတွေကို ခွဲတာပေါ့နော်”ဟု ဦးဝေယံတင်မောင်ဝင်းက ရှင်းပြသည်။ 

ထို့ပြင် အခြားသောထင်ရှားသည့် လိမ်နည်းတစ်မျိုးမှာ Online Shop ပရိုမိုးရှင် ပေးသည်ဆိုသော လိမ်နည်တစ်မျိုး ဖြစ်သည်။ “Online Shop ပုံစံနဲ့ လာတဲ့အခါမှာ တုံးပြီးကြောက်ရွံ့လွန်းတဲ့သူကိုလည်း ပစ်မှတ်မထားဘူး။ အွန်လိုင်းကို နားလည်တဲ့သူတွေ၊ ဝင်ငွေကြပ်တည်းနေတဲ့လူတွေပေါ့နော်။ ပြောရမယ်ဆို မုန်တိုင်းကျတဲ့အချိန်မှာ ငါးရှာ၊ ဖားရှာပေါ့ကွယ် အဲဒီလိုမျိုးပစ်မှတ်ထားတာ”ဟု ၎င်းက ဆိုသည်။ 

Online Shop ပုံစံ လိမ်လည်ရာတွင် Promotion ပေးသည်ဟု ဆိုကာ Online Shop ရောင်းသူထံ  ပစ္စည်းများကို စျေးပေါပေါဖြင့် လက္ကားဖြန့်ပေးပြီး တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ကို မလိမ်ပဲလွှတ်ပြီးနောက် ယုံကြည်သည်ဟုဆိုသောအခါမှ ဝယ်သူက ထပ်ပေးသော ငွေပမာဏများစွာကို လိမ်လည်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။   

ထို့ပြင် ငွေကြေးစျေးကစားခြင်းပြုလုပ်နိုင်မည်ဟုဆိုကာ လိမ်လည်ခြင်းလည်းရှိနေပြီး အဆိုပါ လိမ်နည်းအတွက် သင်တန်းဆရာအတုဖြင့် သင် တန်းပေးခြင်းကိုပါ ပြုလုပ်ပေးပြီး ၎င်းတို့က စိတ်ကြိုက်ချယ်လှယ်နိုင်မည့် ငွေကြေး စျေးကစားနိုင်သော ဝက်ဘ်ဆိုက်အတု၌ သားကောင်ကို ငွေထည့်ပြီး စျေးကစားစေကာ တစ်ကြိမ်၊ နှစ်ကြိမ် အနိုင်ရပြီးနောက် လောဘဖြင့် ငွေထပ်သွင်း၍ ကိုယ်တိုင်ကြိုးစားပါက အနိုင်မပေးတော့ပဲ လိမ်ခြင်း ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

TNLA အကျအဆုံးများနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေ

RECENT POSTS
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
20 May 2025
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
20 May 2025
အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ
20 May 2025
ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
20 May 2025
UEC ကို မင်းသားခန့်စည်သူ သိန်း ၂၀၀ ဖိုး လှူဒါန်းခြင်း၊ လားရှိုးမှာ လဝက လုပ်ငန်းတွေ ပြန်စပြီ၊ မပြေလည်သေးတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားကိစ္စ၊ NUG-PDF တို့ရဲ့ကမ္ဘာ့ပထမဆုံး ထူးခြားတဲ့လက်နက်(၁၉၊၅၊၂၀၂၅)
19 May 2025
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည် ကို တိုးမြှင့်မည်
19 May 2025
ပြင်သစ်တွင် Made in Myanmar ထုတ်ကုန်များ ပြသမည်
19 May 2025
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ
19 May 2025
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
19 May 2025
အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
19 May 2025
အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်
19 May 2025
KNU စောထူးထူးလေး ကွယ်လွန်မှုနဲ့ EAO ခေါင်းဆောင်ဟောင်းတို့ ရွက်ဟောင်းကြွေချိန်၊ UEC နဲ့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီကြားက အလွဲ၊ ဇူလိုင်လ ကြားဖြတ်အစိုးရ အဖွသတင်း၊ ဟာသ သရုပ်ဆောင်စူပါလင်းရဲ့ယာဥ်မတော်တဆမှု (၁၈၊ ၅၊ ၂၀၂၅)
18 May 2025
အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော
18 May 2025
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
18 May 2025
အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်
18 May 2025
နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ
18 May 2025
“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”
18 May 2025
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
18 May 2025
CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
18 May 2025
အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ
18 May 2025
FOLLOW US

Copyright © News Services Station | All Right Reserved