TNLA အကျအဆုံးများနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေ

သုတကျော် (NSS) - စက်တင်ဘာ ၁၂
TNLA အကျအဆုံး များနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီးဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိစောင့်ကြည့်နေသော သတင်းရင်းမြစ်တစ်ဦးက NSS ကို ပြောသည်။
နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာအနီး တပ်မတော်စခန်းများကို TNLA က တိုက်ခိုက်နေသည့် တစ်လကျော်ကာလအတွင်း TNLA ဘက်က အကျအဆုံး များပြားနေခြင်း ဖြစ်သည်။ “တောင်ခမ်းကို စစ်ဆင်ရေး ဆင်တာက ကျွန်တော်တို့ မျက်စိနဲ့မြင်တာပေါ့နော်။ အနီးအနားက ရွာတွေကလည်း ပြောပြတာရောပေါ့။ TNLA ကတော့ နည်းတယ်။ TNLA ရဲ့ ဗိုလ်ကြီးတို့ ဘာတို့ပေါ့။ ပြီးတော့ (ဗမာ) PDF တွေ ပါတယ်။ ယူနီဖောင်း လဲထားတာပေါ့။ ရပ်စောက်နားမှာ ရှိတဲ့ ဓနု PDF တွေပါတယ်။ နောင်ချိုနားမှာ ရှိတဲ့ PDF တွေ ပါတယ်။ MNDAA က အနည်းငယ်ပါတယ်။ အဲဒီလို ပူးပေါင်း အဖွဲ့နဲ့ ထိုးစစ်ဆင်တယ်”ဟု ၎င်းက ဆိုသည်။
တောင်ခမ်း ဖြစ်စဉ်တွင် AA ပါသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အဆိုပါ အချက်မှာမူ အတည်ပြုရန် ခက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ “Dead Body ကတော့ TNLA ဝတ်စုံနဲ့တော့ မြင်ရတာများပါတယ်” ဟု အ ထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ သိရှိရသော အခြေအနေအရ တောင်ခမ်းတွင် အများဆုံးတိုက်ပွဲဝင်နေသော တပ်ဖွဲ့ မှာ PDF များဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။
“TNLA ဝတ်စုံဝတ်ထားပြီးတော့ ဗမာစကားပြောပြီး ဗမာမျက်နှာတွေနော်။ အဲဒီလိုပဲ သိတယ်။ မြင်လည်း မြင်နေရတယ်”ဟု ၎င်းက ထပ်မံ ရှင်းလင်း ပြောကြားသည်။ NSS က သိရသော သတင်းအချက်အလက်များအရ တပ်မတော်အနေဖြင့် တောင်ခမ်း မကျရေး အားသွန်ခွန်စိုက် တိုက်ပွဲဝင်၊ ဖြည့်တင်းမှုများ ဆောင်ရွက်နေကာ တပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် TNLA ဘက်မှ အကျအဆုံး များပြားကြောင်းလည်း သိရသည်။
တောင်ခမ်းသည် TNLA အတွက် အရေးပါသော စစ်မျက်နှာဖြစ်ပြီး တပ်မ တော်အတွက်လည်း အရေးပါသော နေရာဖြစ်သည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီ စာအုပ်ဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ် (၄၄)ခုတွင် စတင်ရောင်းချ
RELATED POSTS
15 Jul 2025 | နိုင်ငံရေး,နိုင်ငံတကာ
15 Jul 2025 | နိုင်ငံရေး,နိုင်ငံတကာ
15 Jul 2025 | နိုင်ငံရေး,နိုင်ငံတကာ