(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အသင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမိုင်းတစ်လျှောက်အသင်းအများဆုံးပါဝင်လာခြင်းဖြစ်
ရဲပြည့် (NP News) - ဧပြီ ၇
(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အသင်း(၉)သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမိုင်းတစ်လျှောက်အသင်းအများဆုံးပါဝင်လာခြင်းဖြစ်ကြောင်း နကစ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အာဆီယံ (၁၁)နိုင်ငံမှ ဘရူနိုင်း နှင့် အရှေ့တီမောမှလွဲ၍ (၉)နိုင်ငံသည် လာမည့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းစ် ၂ဝ၂၃ တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
Sea Games အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၉၅ ခုနှစ်တွင် ဒေသတွင်းပြိုင်ပွဲများ၌ ထည့် သွင်းခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူအများဆုံးအသင်းအရေအတွက်သည် ၂ဝဝ၁၊ ၂ဝဝ၃ နှင့် ၂ဝ၂၂ ခုနှစ်တို့တွင် (၇)သင်းအထိ အများဆုံးပါဝင်ခဲ့ပြီး ယခု(၃၂)ကြိမ်မြောက်ဆီးဂိမ်းတွင် သမိုင်းတစ်လျှောက်အများဆုံးအနေဖြင့် (၉)သင်းအထိ ပါဝင်လာခြင်းဖြစ်သည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ၏အုပ်စု(က)တွင် လက်ရှိချန်ပီယံ ဗီ ယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား အသင်းတို့ကျရောက်နေပြီး အုပ်စု(ခ) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူ နဲ့ လာအိုအသင်းတို့ဖြစ်ကြောင်းသိရသည်။
အမျိုးသားဘောလုံးအသင်းအနေဖြင့်(၁ဝ)သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်ကမ္ဘောဒီယားအသင်းတစ်သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။
ယခုနှစ်တွင် ရွှေတံဆိပ်ဆုရရှိရန် ရေပန်းစားနေသည့် အသင်း(၄)သင်းရှိပြီး ၎င်းအသင်းများ သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် မြန်မာတို့ဖြစ်ကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းကို မေလ ၅ ရက်မှ ၁၇ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး အားကစားနည်း (၃၇)မျိုးဖြင့် စာရင်းသွင်းထားကြောင်းသိရသည်။
zawgyi version
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းအမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲတြင္ အသင္း(၉)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္အသင္းအမ်ားဆုံးပါဝင္လာျခင္းျဖစ္
ရဲျပည့္ (NP News) - ဧၿပီ ၇
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းအမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲတြင္ အသင္း(၉)သင္းဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္အသင္းအမ်ားဆုံးပါဝင္လာျခင္းျဖစ္ေၾကာင္း နကစ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အာဆီယံ (၁၁)ႏိုင္ငံမွ ဘ႐ူႏိုင္း ႏွင့္ အေရွ႕တီေမာမွလြဲ၍ (၉)ႏိုင္ငံသည္ လာမည့္ (၃၂)ႀကိမ္ေျမာက္ဆီးဂိမ္းစ္ ၂ဝ၂၃ တြင္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္သည္။
Sea Games အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲကို ၁၉၉၅ ခုႏွစ္တြင္ ေဒသတြင္းၿပိဳင္ပြဲမ်ား၌ ထည့္ သြင္းခဲ့ၿပီး ပါဝင္ယွဥ္ၿပိဳင္သူအမ်ားဆုံးအသင္းအေရအတြက္သည္ ၂ဝဝ၁၊ ၂ဝဝ၃ ႏွင့္ ၂ဝ၂၂ ခုႏွစ္တို႔တြင္ (၇)သင္းအထိ အမ်ားဆုံးပါဝင္ခဲ့ၿပီး ယခု(၃၂)ႀကိမ္ေျမာက္ဆီးဂိမ္းတြင္ သမိုင္းတစ္ေလွ်ာက္အမ်ားဆုံးအေနျဖင့္ (၉)သင္းအထိ ပါဝင္လာျခင္းျဖစ္သည္။
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းအမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ၏အုပ္စု(က)တြင္ လက္ရွိခ်န္ပီယံ ဗီ ယက္နမ္၊ ဖိလစ္ပိုင္၊ ျမန္မာ၊ မေလးရွား၊ အင္ဒိုနီးရွား အသင္းတို႔က်ေရာက္ေနၿပီး အုပ္စု(ခ) တြင္ အိမ္ရွင္ ကေမာၻဒီးယား၊ ထိုင္း၊ စင္ကာပူ နဲ႔ လာအိုအသင္းတို႔ျဖစ္ေၾကာင္းသိရသည္။
အမ်ိဳးသားေဘာလုံးအသင္းအေနျဖင့္(၁ဝ)သင္းအထိ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အိမ္ရွင္ကေမာၻဒီယားအသင္းတစ္သင္းသာ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေၾကာင္း သိရသည္။
ယခုႏွစ္တြင္ ေ႐ႊတံဆိပ္ဆုရရွိရန္ ေရပန္းစားေနသည့္ အသင္း(၄)သင္းရွိၿပီး ၎အသင္းမ်ား သည္ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ ထိုင္း ႏွင့္ ျမန္မာတို႔ျဖစ္ေၾကာင္းသိရသည္။
ကေမာၻဒီးယားႏိုင္ငံတြင္ (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းကို ေမလ ၅ ရက္မွ ၁၇ ရက္အထိ လက္ခံက်င္းပမည္ျဖစ္ၿပီး အားကစားနည္း (၃၇)မ်ိဳးျဖင့္ စာရင္းသြင္းထားေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို PDF အဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း