Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို PDF အဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

NP News - ဧပြီ ၇

ရန်ကုန်မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အခင်းဖြစ်ရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီလ ၆ ရက်)၊ ည(၉)နာရီခွဲအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သတင်းအရင်းအမြစ်မှ ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို ဇေကမ္ဘာဝန်းအတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်‌နိုင်ကြောင်း ကနဦးသတင်းများအရသိရသည်။

လေဆိပ်ကို ရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။ ရှော့တိုက်ဒုံး(၅)လုံးအနက် တစ်လုံးသည် လေယာဥ်ပြေးလမ်းပေါ် ကျရောက်ခဲ့ကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားချိန်တွင် လေဆိပ်ရှိ လုံခြုံရေးတပ်ဖွဲ့များမှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha အဖွဲ့တို့မှ ပူးပေါင်း၍ ဧပြီလ ၆ ရက် ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းထုတ်ပြန်ချက်တွင် "ရန်ကုန်မင်္ဂလာဒုံလေဆိပ်အနီးအနားသို့ ၄၈ နာရီအတွင်း အသွားအလာမပြုလုပ်ကြရန် နှင့် delay counter attack အဖြစ် အဆိုပါနေရာသို့ ရှော့တိုက်ဒုံးများလည်း ထပ်မံရောက်ရှိနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လုံးဝမသွားရောက်ကြရန်" ဆိုသည့် သတိပေးစာများပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်းတွင်လည်း တပ်တွင်းသင်္ကြန်များနှင့် မဏ္ဏုပ်များသို့ မသွားရောက်ကြရန်နှင့် သင်္ကြန်မဏ္ဏုပ်များကို ပစ်ခတ်ရန်အတွက်လည်း (၁ဝ၇)မမ များ အဆင်သင့်ရောက်ရှိနေပြီးဖြစ်ကြောင်း PDF အဖွဲ့မှ သတိပေး ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆယ်မိုင်ကုန်း စစ်ဆေးရေးဂိတ်တွင် ရန်ကုန်လေဆိပ်ကို ‌ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းများသယ်လာသည့် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version

ရန္ကုန္မဂၤလာဒုံေလဆိပ္ကို PDF အဖြဲ႕မွ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္

NP News - ဧၿပီ ၇

ရန္ကုန္မဂၤလာဒုံေလဆိပ္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း အခင္းျဖစ္ရာေနရာအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၆ ရက္)၊ ည(၉)နာရီခြဲအခ်ိန္ခန႔္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါ သတင္းအရင္းအျမစ္မွ ဆိုသည္။

အဆိုပါ ပစ္ခတ္မႈကို ေဇကမာၻဝန္းအတြင္းမွ ပစ္ခတ္ခဲ့ျခင္းျဖစ္‌ႏိုင္ေၾကာင္း ကနဦးသတင္းမ်ားအရသိရသည္။

ေလဆိပ္ကို ေရွာ့တိုက္ဒုံး(၅)လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။ ေရွာ့တိုက္ဒုံး(၅)လုံးအနက္ တစ္လုံးသည္ ေလယာဥ္ေျပးလမ္းေပၚ က်ေရာက္ခဲ့ေၾကာင္း သိရၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ ေလဆိပ္ရွိ လုံၿခဳံေရးတပ္ဖြဲ႕မ်ားမွလည္း ျပန္လည္ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

ရန္ကုန္မဂၤလာဒုံေလဆိပ္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး BWM ၏ ပံ့ပိုးမႈျဖင့္ Liberty Thunder ႏွင့္ Anonymous Mission Team Alpha အဖြဲ႕တို႔မွ ပူးေပါင္း၍ ဧၿပီလ ၆ ရက္ ည ၉ နာရီ ၁၆ မိနစ္တြင္ မဂၤလာဒုံေလတပ္အား ေရွာ့တိုက္ဒုံး ၇ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေအာင္ျမင္စြာဆုတ္ခြာႏိုင္ခဲ့ေၾကာင္း အတည္ျပဳထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

ယင္းထုတ္ျပန္ခ်က္တြင္ "ရန္ကုန္မဂၤလာဒုံေလဆိပ္အနီးအနားသို႔ ၄၈ နာရီအတြင္း အသြားအလာမျပဳလုပ္ၾကရန္ ႏွင့္ delay counter attack အျဖစ္ အဆိုပါေနရာသို႔ ေရွာ့တိုက္ဒုံးမ်ားလည္း ထပ္မံေရာက္ရွိႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ လုံးဝမသြားေရာက္ၾကရန္" ဆိုသည့္ သတိေပးစာမ်ားပါ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ထို႔ျပင္ သၾကၤန္ကာလအတြင္းတြင္လည္း တပ္တြင္းသၾကၤန္မ်ားႏွင့္ မဏၰဳပ္မ်ားသို႔ မသြားေရာက္ၾကရန္ႏွင့္ သၾကၤန္မဏၰဳပ္မ်ားကို ပစ္ခတ္ရန္အတြက္လည္း (၁ဝ၇)မမ မ်ား အဆင္သင့္ေရာက္ရွိေနၿပီးျဖစ္ေၾကာင္း PDF အဖြဲ႕မွ သတိေပး ၿခိမ္းေျခာက္ထားသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ ဆယ္မိုင္ကုန္း စစ္ေဆးေရးဂိတ္တြင္ ရန္ကုန္ေလဆိပ္ကို ‌ေဖာက္ခြဲမႈျပဳလုပ္ရန္ လက္လုပ္မိုင္းမ်ားသယ္လာသည့္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံရှိ အီလက်ထ‌ရောနစ် စက်ရုံမှ မြန်မာလုပ်သား(၁ဝဝဝ) ကျော်ကို လျော်ကြေးငွေပေးအပ်ကာ အလုပ်ထုတ်ပယ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved