Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Jamaat-e-Islami (သို့မဟုတ်)ဟာစီနာကို လွင့်ပါးစေသည့် မုန်တိုင်းတစ်ခု (ဘာသာပြန်ဆောင်းပါး)

လင်းမြတ်  (NSS) - ဩဂုတ် ၂၈

(၂၀၂၄) ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ဒါကာတက္ကသိုလ်ကျောင်း သားများစတင်လိုက်သော ဆူပူအုံကြွမှုသည် ဩဂုတ်လ (၅)ရက်နေ့တွင် အာဏာရအစိုးရကိုပြုတ်ကျစေခဲ့ပြီး အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို နိုင်ငံပြင်ပသို့ လွင့်ပါးစေခဲ့သည်။ (၂၀ဝ၉) ခုနှစ်မှ (၂၀၂၄) ခုနှစ် ဩဂုတ်လအထိတာဝန်ယူခဲ့သော သက်တမ်း ရှည်ဝန်ကြီးချုပ်တစ်ဦးဖြစ်သည့်အပြင် ဆူပူအုံကြွမှုများစွာကိုဖြေရှင်းနိုင်ခဲ့သည့် ဟာစီနာကို အချိန်တိုကာလအတွင်းမှာပင် လွင့်ပါးစေနိုင်သောမုန်တိုင်း များမှာ တစ်ခုတည်းတော့မဟုတ်နိုင်ပေ။ ထို့ကြောင့် လည်း ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ကမ္ဘာ့မီဒီယာများမှ အသီးသီး သုံးသပ်ရေးသားလျက်ရှိသည်။ 

မုန်တိုင်းများထဲမှဟာစီနာကို လွင့်ပါး စေမည့် မောင်းခလုတ်ကိုဆွဲလိုက်သည့်Jamaat-e-Islami  အဖွဲ့အစည်းအကြောင်းတင်ပြလိုသည်။ Jamaat-e-Islami  ဆိုသည်မှာ "အစ္စလာမ်သာသနာတော်၏နောက်လိုက်များ"ဟု အဓိပ္ပာယ် ရသည်။Jamaat-e-Islami ကို (၁၉၄၁) ခုနှစ်တွင် ကိုလိုနီအိန္ဒိယနိုင်ငံ လာဟိုးမြို့(နောင်တွင် ပါကစ္စ တန်နိုင်ငံ)တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်တည်ထောင် သူမှာ အစ္စလာမ်ဘာသာရေးဆရာ၊ အတွေးအခေါ် ပညာရှင်Syed Abul Ala Maududi ဖြစ်သည်။ ထို့အဖွဲ့ကိုထူထောင်ရန် အားပေးကူညီခဲ့သူများမှာ ယနေ့ ကမ္ဘာတွင်နာမည်ကျော်နေသောMuslim Brotherhood အဖွဲ့ပင်ဖြစ်သည်။ 

    Muslim Brotherhood  အဖွဲ့မှာ (၁၉၂၈) ခုနှစ်တွင်ဖွဲ့စည်းထားသော သက်တမ်းရှည် အဖွဲ့အစည်းဖြစ်သည်။Jamaat-e-Islami  အဖွဲ့အ စည်း၏ဦးတည်ချက်မှာ အစ္စလာမ္မစ်နိုင်ငံတော်များပေါ် ထွန်းရေးဖြစ်သည်။ နှစ်ကြာလာသည်နှင့်အမျှJamaat-e-Islami  အဖွဲ့အစည်းသည်လည်း ကြီး ထွားလာကာ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ဂျာမူး၊ ကက်ရှ်မီးယားဒေသတို့တွင် ရုံးခွဲ များတည်ထောင်နိုင်လာခဲ့သည်။ 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏Jamaat-e-Islami  ကို (၁၉၇၁)ခုနှစ်က ဒါကာမြို့တွင် တရားမဝင် တည်ထောင်ခဲ့သည်။ ထိုအချိန်က ဘင်္ဂလားဒေရှ့်နိုင်ငံ ၏ ပထမဆုံးသမ္မတဖြစ်သည့် Sheikh Mujibur Rahman သည်Jamaat-e-Islami အဖွဲ့အစည်း ကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်နှိမ်နင်း ခဲ့သည်။Sheikh Mujibur Rahman သည် ဟာစီနာ၏ဖခင်ဖြစ်သည်။ (၁၉၇၅)ခုနှစ် ဩဂုတ်လတွင် ဟာစီနာ၏ဖခင်ဖြစ်သူSheikh Mujibur Rahman ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိငယ်များက လုပ်ကြံသတ်ဖြတ်၍ အာဏာသိမ်းပြီးနောက်Jamaat-e-Islami သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ပနံသင့်ကာ ဘင်္ဂလားဒေ့ရှ်တွင် တရားဝင်တည်ထောင်ခွင့်ရရှိလာသည်။ 

ထိုသို့ တရားဝင်တည်ထောင်ခွင့်ရရှိရန် ဆော်ဒီအာရေးဗျအစိုးရနှင့် ပါကစ္စတန်အစိုး ရတို့ကလည်း ဘင်္ဂလားဒေ့ရှ်စစ်အစိုးရကို အသိအ မှတ်ပြုခြင်းဖြင့် လဲလှယ်ခဲ့သည်။ (၁၉၉၀)ပြည့် နှစ်တွင် စစ်အုပ်ချုပ်ရေးပြီးဆုံးသည့်နောက် ဘင်္ဂလားဒေ့ရှ်စာရေးဆရာမနှင့် နိုင်ငံရေးသမားဖြစ်သူJaha­nara Imam ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်ပြည် သူလူထုသည် စစ်အုပ်ချုပ်ရေးကာလက စစ်ရာဇဝတ် မှုများကျူးလွန်ခဲ့သည့်Bangladesh Jamaat-e-Islami  ခေါင်းဆောင်Ghulam Azam ကို တရား ရုံးချုပ်သို့ တရားစွဲဆိုခဲ့သော်လည်း အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ပြစ်ဒဏ်မှကင်းလွတ်ခဲ့သည်။ သို့ သော် (၂၀၁၂) ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ (ဝန် ကြီးချုပ် ဟာစီနာ၏ ဒုတိယသက်တမ်းကာလအတွင်း)တွင် ဖမ်းဆီးခံရပြီး စစ်ရာဇဝတ်မှုအတွက် ထောင် ဒဏ်ချမှတ်ခံရသည်။ 

(၂၀၁၄) ခုနှစ် အောက်တိုဘာ (၂၃) ရက် နေ့တွင်Ghulam Azam သည် လေဖြတ်ခြင်းကြောင့်Bangabandhu Sheikh Mujib Medical University  ဆေးရုံတွင် သေဆုံးခဲ့သည်။ Bang ladesh  Jamaat-e-Islami  ပါတီသည် ဝန်ကြီးချုပ် ဟောင်း ဟာစီနာဦးဆောင်သည့် Awami League ပါတီ၏အတိုက်အခံဖြစ်သည့်Bangladesh Nationalist Party၏ (၄)ပါတီ မဟာမိတ်အဖွဲ့တွင် ပါဝင်နေခြင်းကြောင့် မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရနေခဲ့သည်။ 

Bangladesh Jamaat-e-Islami ပါတီသည် ပါတီ၏Jamaat-e-Islami student wings (ပါတီဝင်ကျောင်းသားအင်အားစု)ကို အသုံးချကာ တက္ကသိုလ်ကျောင်းသားများကြားamaat-e-Islami ပါတီ၏ မူဝါဒနှင့်အယူဝါဒများ သွတ်သွင်းနေခဲ့သည်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဈေး နှုန်းကြီးမြင့်ခြင်းကိုအကြောင်းပြု၍ တစ်ကြိမ်၊ (၂၀၂၃) ခုနှစ်တွင် (ဇန်နဝါရီ၊ အောက်တိုဘာ၊ နိုဝင်ဘာလ) သုံးကြိမ် လူထုအုံကြွမှုတို့တွင် Jamaat-e-Islami  ပါတီသည် ဦးဆောင်ခဲ့သည်။ (၂၀၂၄) ခုနှစ် ဇူလိုင် လ(၁)ရက်နေ့တွင် အစိုးရအလုပ်အကိုင်ခွဲတမ်းစနစ် ကိုမကျေနပ်သဖြင့် ဒါကာတက္ကသိုလ်ရှိကျောင်းသား အချို့ဆန္ဒပြရာ ဆန္ဒပြကျောင်းသားများနှင့် အာဏာ ရအစိုးရထောက်ခံသူ ကျောင်းသား၊ ပြည်သူများအကြား ရုန်းရင်းဆန်ခတ်အခြေ အနေဖြစ်ပေါ်ခဲ့သည်။ ထို့နောက် အုံကြွမှုသည် Chittagong (စစ်တ ကောင်း)  နှင့်Rangpur ကဲ့သို့  အခြားတက္ကသိုလ်များသို့ကူး စက်ခဲ့ပြီး  ဇူလိုင်လ (၁၆) ရက်နေ့တွင် လူ(၆)ဦး သေဆုံးသည်အထိ အပြန်အလှန်တိုက်ခိုက်မှုများဖြစ် ပေါ်ခဲ့သဖြင့် တက္ကသိုလ်များအားလုံး ပိတ်ခိုင်းခဲ့ရ သည်။ 

ဇူလိုင်လ(၁၈)ရက်နေ့တွင် ဆန္ဒပြကျောင်း သားများက ဝန်ကြီးချုပ်အားတွေ့ဆုံရန် တောင်းဆိုမှု ကိုပယ်ချပြီးနောက် ကျောင်းသားများ၏ quota reform movement မှသည် non-cooperation movement  သို့ပြောင်းလဲသွားသည်။ non-coo­peration movement သည် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် CDM လုပ်ရှားမှုနှင့် တစ်ပုံစံတည်း ဖြစ်သည်။ ထိုနေ့မှာပင် အစိုးရသည် တစ်နိုင်ငံလုံး အင်တာနက်အသုံးပြုမှုကို ရပ်တန့်ခဲ့သည်။

ဇူလိုင်လ (၂၁) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်မှ ကိုတာစနစ်ကို လျှော့ချပေးသော်လည်း ဆန္ဒပြသူများကျေနပ်မှုမရှိချေ။ ဇူလိုင် (၂၅) ရက်နေ့ တွင် ဝန်ကြီးချုပ်ဟာစီနာသည် ဆန္ဒပြသူများ ဖျက်ဆီးထားသော မြေအောက်ဘူတာရုံသို့သွားရောက် ကြည့်ရှုခဲ့သည်။ ဇူလိုင်လ(၂၈)ရက်နေ့တွင် အင်တာနက်များပြန်လည်ဖွင့်ပေးခဲ့သော်လည်း လူမှုမီဒီယာ အသုံးပြုများကို ထိန်းကျောင်းထားခဲ့သည်။ ထို့နောက် အားကောင်းလာသော ဆန္ဒပြသူများသည် ဩဂုတ်လ ဆန်းမှစ၍ One Point Movement ဟု ခေါင်းစဉ် တပ်ထားသော ဝန်ကြီးချုပ်နုတ်ထွက်ရေးတစ်ခု တည်းကို အာရုံစိုက်တောင်းဆိုခဲ့ပြီးနောက် ဆန္ဒပြ ကျောင်းသားများနှင့် ဆူပူအုံကြွမှုကိုထိန်းသိမ်းမည့် စစ်တပ်သည် ပူးပေါင်းသွားကာ ဝန်ကြီးချုပ် ဟာစီနာ သည် ၎င်း၏ ညီမဖြစ်သူရှိသည့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။  နောက်ဆုံးအခြေအနေ အရ UKတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားကြောင်း သိရသည်။ ဩဂုတ်လ (၅) ရက်နေ့တွင် ဆန္ဒပြသူ များသည် အောင်ပွဲခံအထိမ်းအမှတ်အနေဖြင့် ဒါကာ တွင် စုရုံးချီတက်အောင်ပွဲခံခဲ့ကြသည်။

(၂၀၂၄) ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် ဟာစီနာအစိုးရက အလုပ်အကိုင်ခွဲတမ်းဆန္ဒပြပွဲ တွင်ပါဝင်မှုဖြင့် ဖျက်သိမ်းလိုက်သော Bangladesh Jamaat-e-Islami  ပါတီသည်လည်း ကြားဖြတ်အ စိုးရဖွဲ့ပြီး မကြာမီ ဩဂုတ်လ (၆) ရက်နေ့တွင် ပါတီ ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းမှာ စိတ်ဝင်စားစရာ ပင်ဖြစ်သည်။ အစွန်းရောက်သည့်အစ္စလာမ္မစ်ဝါဒကို အခြေခံထားသည့်Jamaat-e-Islami ပါတီပေါ် မှီတည်သည့်အစိုးရသည် ဘင်္ဂါလီအရေးနှင့်ပတ် သက်၍ ပိုမိုတင်းမာလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း အာဏာလွန်ဆွဲပွဲများ ရှည်ကြာလာနိုင်သော ကြောင့် မြန်မာနိုင်ငံရှိ CMPအထည်ချုပ်လုပ်ငန်း များအတွက် အခွင့်အလမ်းများရရှိလာနိုင်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သွင်းကုန်များ အပေါ် ပိုမိုမှီတည်လာနိုင်သဖြင့် အခက်အခဲနှင့် အခွင့်အလမ်းများကို အကျိုးရှိစွာအသုံးချနိုင်ရေး ရေးသားလိုက်ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၌ TNLA က ဗမာများကို TNLA ယူနီဖောင်းဝတ်ပေးပြီး အသေခံခိုင်းနေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved