Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးကို အီရန်တို့ မဟာဗျူဟာမြောက် တုံ့ပြန်နိုင်မှာလား (ဘာသာပြန်ဆောင်းပါး)

ALynn (NSS) - ဩဂုတ် ၂၃

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဟားမတ်စ်နိုင်ငံ ရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယတ် လုပ်ကြံ ခံရခြင်း၊ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟဇ်ဘိုလာခေါင်းဆောင်  Fuad Shukr ရှင်းလင်း ခံရခြင်း တို့သည် အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။ အီရန်ပြည်သူများ ကလည်း အစ္စရေး တိုက်ခိုက်မှုအတွက် လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်စေလိုသည့် သဘောထား ရှိနေကြသည်။ အစ္စရေးသည် ဂါဇာဒေသတွင် လပေါင်းအတော်ကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပါလက်စတိုင်းပြည်သူ (၄)ထောင်နီးပါး သေဆုံးခဲ့သည်။ 

ဟားမတ်စ်ခေါင်းဆောင်နှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်တို့ သေဆုံးပြီး ရက်သတ္တပတ်နီးပါး ကြာချိန်အထိ အီရန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံကို ကြီးမားသည့် လက်တုံ့ပြန်တိုက်ခိုက်မှုမျိုး မတွေ့ ရသေးပါ ။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nasser Kanaani ကမူ ကျူးကျော် သူများကို အပြစ်ပေးခြင်း၊ ဇီယွန်ဝါဒီအစိုးရ၏ ရမ်းကားမှုများကို ကြိုတင်ဟန့်တားခြင်းဖြင့်သာ ဒေသတွင်း တည် ငြိမ်ရေးကို ရရှိစေနိုင်မည် ဖြစ်သည့်အတွက် အသေအချာ လက်တုံ့ပြန်သွားမည်ဟု ပြောဆိုထားသည်။ သို့သော် မည်သည့်ပုံစံဖြင့် လက်တုံ့ပြန်မည်၊ ဒေသတွင်း စစ်ပွဲ ဖြစ်ပွားခြင်းမျိုးအထိ မရောက်ရှိစေဘဲ အကန့်အသတ်ဖြင့်သာ လက်တုံ့ပြန်မည်လား ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ မည်သို့ပင် ဖြစ်စေ အီရန်-အစ္စရေး တင်းမာမှုသည် ရေဆူမှတ်တစ်ခုအတွင်း ရောက်ရှိနေပြီဆိုသည်မှာ သေချာသည်။ 

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယတ် လုပ်ကြံခံရခြင်းသည် အောက်တိုဘာလ (၇)ရက် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အတင်းမာဆုံး အခြေအနေတစ်ခုသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။ ဟားမက်စ်တို့ ဦးဆောင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာလတိုက်ခိုက်မှုတွင် အစ္စရေး နိုင်ငံသား (၁,၁၃၉)ဦး သေဆုံးခဲ့ပြီး (၂၀ဝ)ကျော်ကို ဓားစာခံအဖြစ် ဖမ်း ဆီးခံခဲ့ရသည်။ အစ္စရေးတို့သည် အဆိုပါ တိုက်ခိုက်မှု အတွက် ဂါဇာဒေသကို အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းပြည်သူ (၄၀, ဝဝဝ)နီးပါး သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယတ် လုပ်ကြံမခံရမီ(၂၄)နာရီအတွင်းမှာပင် ဟဇ်ဘို လာ စစ်ရေးခေါင်းဆောင်ကို လက်ဘနွန်တောင်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အစ္စရေးတို့သည် လူငယ် နှင့် ကလေး (၁၂)ဦး သေဆုံးစေခဲ့သည် ဂိုလန်ကုန်း မြင့်ဒေသ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟစ်ဇ်ဘိုလာစစ်ရေး ခေါင်းဆောင်  Fuad Shukr အား အပြစ်တင်ခဲ့သည်။ ဟစ်ဇ်ဘိုလာတို့ကမူ အဆိုပါ တိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။ အစ္စေရေးတို့သည် ဒေသတွင်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ကြီးစိုးမှုအား ဆန့်ကျင်သည့် အီရန် ကျောထောက်နောက်ခံပြုကွန်ရက် အကြီးတန်း ပုဂ္ဂိုလ်များ သို့မဟုတ် ကွန်မန်ဒါ (၃၉)ဦးအား ရှင်းလင်းနိုင်ခဲ့သည်။ ထိုကဲ့သို့ အကြီးတန်း ပုဂ္ဂိုလ်များအား ရှင်းလင်းခြင်းဖြင့်သာ အစ္စရေးမြောက်ပိုင်းနှင့် တောင်ပိုင်း နယ်စပ်ဒေသတစ်လျှောက် လက်ရှိ ပဋိပက္ခများကို အဆုံးသတ်ပြီး အစ္စရေးနိုင်ငံကို ကြီးမားသည့် ခြိမ်းခြောက်မှု ပြုလုပ်ခြင်းမှ ကင်းဝေး လိမ့်မည်ဟု အစ္စရေးတို့က ယူဆထားပုံရသည်။ 

ယခုအခါ အစ္စရေးနှင့်ဟားမတ်စ်တို့၏ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း ပိုမို အလှမ်းဝေးသွားခဲ့ပြီဖြစ်သည်။ အစ္စရေးတို့၏ လုပ်ကြံ သတ်ဖြတ်မှုများသည် ဒေသတစ်ခုလုံးကို စစ်ပွဲ တစ်ခု၏ ခြောက်ကမ်းပါးဆီသို့ပင် ရောက်ရှိသွားပြီး အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်သည့် အကျိုး ဆက်များအဖြစ် ရိုက်ခတ်သွားစေနိုင်သည်။ အစ္စရေး တို့သည် ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီ ယတ် လုပ်ကြံခံရခြင်းအပေါ် ၎င်းတို့လုပ်ဆောင် ခြင်းဖြစ်သည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိ သော်လည်း လုပ်ကြံခံရပြီးနောက်တစ်ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်နိုင်ငံ၏ တုံ့ပြန်လာနိုင်ခြေကို မျှော်မှန်းထားကြောင်း သတိပေးပြောဆိုခဲ့သည်။ ဖြစ်လာနိုင်သည့် အခြေအနေ အားလုံးအတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ မည်သည့် ခြိမ်းခြောက်မှုအတွက် စုစည်းညီညွတ်စွာ ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောဆို ခဲ့သည်။ 

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယတ်အား အီရန်မြေပေါ်တွင် လုပ်ကြံခံရခြင်းသည် အစ္စရေးအစိုးရက အီရန်အစိုးရကို နားရွက်တံတွေး ဆွတ်ကာ မထီမဲ့မြင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ သို့ သော် အီရန်ခေါင်းဆောင်ပိုင်းသည် အစ္စရေးနှင့် ၎င်း ကို အဓိကထောက်ပံ့ပေးနေသည့် အမေရိကန် နိုင်ငံ နှင့်ဒေသတွင်း ကြီးမားသောစစ်ပွဲအထိ ဖြစ်ပေါ် မလာစေရေး ရှောင်ရှားလိုသည့် ဆန္ဒမှာပြောင်းလဲ လိုခြင်း ရှိပုံမရကြောင်း ပညာရှင်များက ယူဆသည်။ အီရန်ထိပ်ပိုင်း ခေါင်းဆောင်များ၏ စိတ်ထဲတွင် ဒေသတွင်း စစ်ပွဲအထိ ရောက်ရှိလိုသည့်ဆန္ဒရှိသည်ဟု မယုံကြည်ကြောင်း အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ Reza abkari  က အယ်ဂျာဇီးယား သတင်းဌာနကို ပြောဆိုဘူးသည်။ သို့သော် အီရန် ထိပ်ပိုင်းခေါင်းဆောင်များကမူ ပြင်းပြင်းထန်ထန် လက်စားချေတုံ့ပြန်သွားမည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ 

အမေရိကန်တို့သည် အစ္စရေးနိုင်ငံကို ဂါဇာ စစ်ပွဲတစ်လျှောက် စစ်ရေးအရလည်းကောင်း၊ သံတမန်ရေးအရလည်းကောင်း ကျားကန်ပေးထား သည်။ သို့သော် အီရန်၊ ၎င်း၏ မဟာမိတ်များနှင့် တင်းမာမှု မြင့်တက်စေနိုင်သော ပြင်းထန်သည့် တိုက်ခိုက်မှုများ မပြုလုပ်ရန် မဟာမိတ် အစ္စရေးနိုင်ငံ အား တိုက်တွန်းထားသည်။ သို့သော် အစ္စရေးတို့သည် ဂါဇာငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းနေသည့် ပုဂ္ဂိုလ်ဖြစ်သည့် အစ္စမေးလ်ဟာနီယတ်လိုလူကိုတင် လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ 

ဝန်ကြီးချုပ် နေတန်ယာဟုသည်လည်း ၎င်း၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အချိန်ဆွဲနေခြင်း ဖြစ်သည်ဟု ဝေဖန်ခံနေရသည်။ မေလတွင် ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ အစ္စရေးပြည်သူ (၃၂) ရာခိုင်နှုန်းကသာလျှင် ၎င်း၏ လုပ်ဆောင်ချက်များကို ထောက်ခံနေကြခြင်းဖြစ်သည်။ ဝန်ကြီးချုပ် နေတန်ယာဟုသည် (၂၀၁၉) ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု၊ အကျင့်ပျက်ခြားစားမှု ၊ ယုံကြည်မှု အလွဲသုံးစားပြုလုပ်မှု စသည့်အမှုသုံးမှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။ သို့သော် အဆိုပါ အမှုများ မှာ ဂါဇာစစ်ပွဲကြောင့် ရပ်နားထားရသည်။ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ တရားရုံးကလည်း စစ်ရာဝတ်မှု စွဲချက်များဖြင့် ဝန်ကြီးချုပ်နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်နိုင်ရန် နည်းလမ်း ရှာဖွေနေသည်။ ဂါဇာတွင် အပစ်ရပ်နိုင်မည်ဆိုပါက အစ္စရေးနှင့် ၎င်း၏ ဒေသတွင်းပြိုင်ဘက်များကြား တင်းမာမှုများ လျော့ပါးသွားစေနိုင်သည်။ ဒေသတွင်း အင်အားကြီး နိုင်ငံများကလည်း ဟားမတ်စ်ခေါင်းဆောင် အစ္စ မေးလ်ဟာနီယတ် လုပ်ကြံခံရမှုက ဆွေးနွေးပွဲများအပေါ် မည်သို့ရိုက်ခတ်စေနိုင်သည်ကို စောင့်ကြည့် နေကြသည်။ ဝန်ကြီးချုပ် နေတန်ယာဟုအတွက်မူ တိုက်ခိုက်မှုများ အဆုံးသတ်လိုက်ခြင်းသည် ၎င်း၏ ဝန်ကြီးချုပ်ရာထူးကိုပါ အဆုံးသတ်လိုက်စေခြင်း ဖြစ်လိမ့်မည်ဟု လေ့လာသူများက ဆိုကြသည်။ ဝန်ကြီးချုပ်နေတန်ယာဟုသည် အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ကတည်း က သတိပေးခဲ့ပြီး အီရန်နိုင်ငံကို ထိပ်တိုက် ရင်ဆိုင်ရန်လည်း အမေရိကန်နိုင်ငံကို တွန်းအားပေးခဲ့သူ ဖြစ်သည်။ ယခုအခါ အီရန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တိုက်ခိုက်ရန်အခွင့်အရေးတစ်ရပ် ရှိနေသည်ဟု ယူဆထားပုံရသည်။ 

အစ္စရေးတို့သည် အီရန်နိုင်ငံတစ်ခုတည်း၏ တုံ့ပြန်မှုကိုသာမဟုတ်ဘဲ ဟစ်ဇ်ဘိုလာခေါင်းဆောင် ကိုလည်းရှင်းလင်းခဲ့ရာ အီရန်မဟာမိတ်တို့၏ တုံ့ပြန်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အစ္စရေးတို့သည် သတ်မှတ်ထားသည့် နောက်ဆုံး စည်းဖြစ်သည့် အနီရောင်မျဉ်းကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ရာ မမျှော်မှန်းထားသည့် တုံ့ပြန်မှုများကို ကြုံတွေ့ ရလိမ့်မည်ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင်  Hassan Nasrallah ကလည်း ထုတ်ဖော်ပြောဆိုထားသည်။ သို့သော် အီရန်တို့၏ တုံ့ပြန်မှုမှာ ဟစ်ဇ်ဘိုလာ၊ ဟူသီ စသည့် မဟာမိတ်များဖြင့် ညှိနှိုင်းတုံ့ပြန်မည်လား သို့မဟုတ် တစ်ဖွဲ့ချင်းအလိုက် ကိုယ့်နည်းကိုယ်ဟန် ဖြင့် တုံ့ပြန်ကြမည်လားဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ လေ့လာသူများ၏ အဆိုအရ ဟူသီ တို့သည် သီးခြားတိုက်ခိုက်လေ့ရှိပြီး အီရန်နှင့် ဟစ်ဇ်ဘိုလာတို့မှာ မည်သည့်တိုက်ခိုက်မှုပြုလုပ်ရာတွင် မဆို မဟာဗျူဟာမြောက်တိုက်ခိုက်လေ့ရှိပြီး မီးလောင်ရာလေပင့် ဆိုသကဲ့သို့ မဖြစ်ရလေအောင် ရှောင်ရှားလေ့ရှိသည်ဟု လက်ဘနွန်အမေရိကန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ  Hassan Nasrallah က ထောက်ပြသည်။ 

ယခုတစ်ကြိမ်တွင်လည်း အီရန်နိုင်ငံအနေဖြင့် အစ္စရေးကို လက်တုံ့ပြန်ရာတွင် ဟဇ်ဘိုလာတို့နှင့် ညှိနှိုင်းပြီးတုံ့ပြန်နိုင်သည်။ ထိုကဲ့သို့ ညှိနှိုင်းတိုင်ပင်ပြီး တုံ့ပြန်မှသာလျှင် ၎င်းတို့၏ မဟာဗျူဟာမြောက် မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်း အလုံးစုံစစ်ပွဲဖြစ် ပွားခြင်းမရှိအောင် ရှောင်ရှားနိုင်မည်ဖြစ်သကဲ့သို့ ဂါဇာ “အစ္စရေးပဋိပက္ခမှသည် အီရန်” အစ္စရေး စစ်ပွဲဆီ ရောက်ရှိမလာအောင်လည်း ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း တင်ပြရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းမြောက် (အရှေ့ မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့မျှော်ကြည့်ခြင်း အပိုင်း(၁)

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved