Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ခေါင်းဆောင်မော်စီတုံး စိုးရိမ်ခဲ့ဖူးသော “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’’ စကားပုံနှင့် သူလက်ခံကျင့်သုံးခဲ့သော “ ဝါးရုံပင်ကဲ့သို့ ’’ စကားပုံ

လင်းမြတ် (NSS) - ဩဂုတ် ၂၁

မြန်မာလူမျိုးတို့ယနေ့အထိ လက်ခံကျင့်သုံးခဲ့တဲ့ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံနှင့် ဆင်တူရိုးမှား တရုတ်ပြည်တွင်လည်း ‘ညောင်တစ်ပင်ရှင်သန်ကောင်းမွန်ခဲ့ရင် နောင်မျိုးဆက်များ စွာအတွက် အရိပ်ပေး စွမ်းနိုင်တယ်။ ချမ်းချမ်းသာသာ မိုးလုံလေလုံနိုင်တယ်’ ဆိုတဲ့အယူဝါဒကို ရှေးနှစ် ပေါင်းများစွာကပင် လက်ခံကျင့်သုံးခဲ့ ကြပါတယ်။ နှစ်ပေါင်းကြာရှည် ခေတ်အချိန်အခါပြောင်းလာချိန်မှာတော့ အာရှသားတို့ဓလေ့ထုံးစံအတိုင်း အဲဒီစကား ပုံကိုမှီပြီး မိသားစုထက်ကျော်လွန်တဲ့ မလိုလားအပ်တဲ့ တိုင်းပြည်၊ လူမျိုး၊ လူသားအရင်းအမြစ်တို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာတွေကို ခေါင်းဆောင် ကြီးဟာ လက်တွေ့စတင်တွေ့ရှိလာပါတယ်။ 

လူမှုအဖွဲ့အစည်းမှသည် နိုင်ငံနဲ့ လူမျိုးအဆင့်အထိ ရိုက်ခတ်လာတဲ့ ဘေးထွက်ဆိုးကျိုးများ

ဥပမာ-လူတစ်ယောက် ထူးချွန်ထက်မြက်လို့ မြင့်မားတဲ့ရာထူးရလာတာသော်လည်းကောင်း ကြီးပွားတိုးတက် ချမ်းသာလာခဲ့ရင်သော်လည်းကောင်း သူနဲ့သူ့မိသားစုတင်မက အခြွေအရံ၊ အသိမိတ်ဆွေတွေ မျက်မှန်းတမ်း သူတွေ ကပါ ချဉ်းကပ်၊ မြှောက်ပင့်၊ ဟန်ဆောင်အရိုအသေပေးတာကတစ် ဆင့်အကျိုးရလဒ်အပေါ်ပူပေါင်းတဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ ကြီးမားထင်ရှားစွာပေါ်ပေါက်လာတတ်ပြီး ဥရောပလူ့အဖွဲ့အစည်းများထက်များစွာ ရှုပ်ထွေး အရှက် မဲ့လာခဲ့ပါတယ်။

ထိုနည်းတူ အဆိုပါရာထူးကြီးသူ သူဌေးတွေဟာလည်း လိုတာထက်လွန်ကျူးတဲ့ အခစားခံရတာ၊ အချီးမြှောက် ခံရတာကနေတစ်ဆင့် အဆိုပါ နီးစပ်သူတွေကို ယုံကြည်လာတာ၊ အခွင့်အရေးပေးတာ၊ အထူးအာဏာ ပြောရေးဆိုခွင့် ပေးတာတို့ကို ခွင့်ပြုလာကြရာကနေတစ်ဆင့် အရိုက်အရာဆက်ခံသူအ ဆင့်အထိပေးလာကြပါတယ်။ သာမန်ရိုးသားစွာ အလုပ်ကြိုးစားသူတွေ သမာသမတ်ကျကျ အလုပ်လုပ်သူတွေရဲ့ယုံကြည်ချက်ကို ရိုက်ချိုးနိုင်လောက်တဲ့အထိ အရှိန် အဝါကြီးသူတစ်ယောက်ယောက်ကို အရှက်မဲ့စွာပြေးကပ် အခစားဝင်ပြီး လူသိရှင်ကြား   ‘သားတပည့်’ ခံရုံတင်နဲ့ ဘဝက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲရုံမက အလားတူ ‘သားတပည့်’ အခြွေအရံခံလိုသူတွေဟာလည်း ဆင့်ကဲပြေးဝင်လာ တာကို လက်တွေ့ကျကျတွေ့မြင်လာရသလို အချိန်ကြာလာတော့ နိုင်ငံနဲ့လူမှုပတ်ဝန်းကျင်အတွက်လည်း အမှန်တရား လို ဖြစ်လာပါတော့တယ်။

နိုင်ငံတော်ဆိုင်ရာ မဟာဗျူဟာမြောက် အဖွဲ့အစည်းကြီးတွေထဲအထိ ဆရာတပည့်မွေး အရိပ်ခို ကိုယ့်လူ ကိုယ်မွေး မိမိရဲ့ကျွမ်းကျင်ရာအလုပ် Professional ကိုပင် မေ့ပျောက်ဘေးဖယ်ကာ အင်ပါယာထောင်ခြင်း ဓလေ့ဟာ ကြီးထွားလာပြီး အဲဒီအရိပ်ခိုခြင်းရဲ့ အောက်ဆုံးအရင်းအမြစ်လူတန်းစားကတော့ အရိပ်တွေရဲ့အရှိန်အဝါနဲ့ သာမန် အပြစ်မဲ့ လူထုဆီက နည်းမျိုးစုံနဲ့ တရားမဝင်အရှက်မဲ့စွာ အခွန်အခထက်ကျော်လွန်တဲ့ ငွေနဲ့ရပိုင်ခွင့်တွေကို နည်းနည်း ကနေ ကြီးမားတဲ့ ပမာဏအထိပင်သာမက ကာမနဲ့ လူအဖွဲ့အစည်းက လက်မခံ မနှစ်မြို့လောက် တဲ့အပြုအမူတွေကိုပါ တရားဝင်ကဲ့သို့ ပြုမူတောင်းယူ အနိုင်ကျင့်ခြင်းဓလေ့ခိုင်မာလာခြင်းမှသည် အစဉ်အလာဓလေ့တစ်ခုအထိ ဖြစ်လာပါ တယ်။ မိမိရဲ့ ကျွမ်းကျင်ရာအလုပ် Professional ရဲ့ ကြီးလေးတဲ့ တာဝန်သစ္စာစောင့်သိမှုပျက်ကွက်ခြင်း၊ စဉ်ဆက်မ ပြတ်လေ့ကျင့်ဖြည့်တင်းမှု၊ ခေတ်နဲ့အညီဆန်းသစ်မှု တွေအစား ရှေ့ကလူလည်းဒါတွေမလုပ်ဘဲ ငါ့အလှည့်ရောက်လာတဲ့ အတွက် ငါမလုပ်လည်းရတယ်။ နောက်လူအလှည့်ကျရင် လုပ်လိမ့်မယ်ဆိုတဲ့ တာဝန်မဲ့အရှက်မဲ့စွာ ရပိုင်ခွင့်နဲ့ စည်းစိမ် ကိုသာယာရင်း အချိန်ဖြုန်းတတ်ခြင်းနဲ့အတူ အဲဒီအမူအကျင့်ကို အစဉ်အလာကဲ့သို့ အထက်လူကြီးအဆင့်ဆင့်ကလည်း အပြစ်မမြင်နိုင်တဲ့အပြင် ဆက်လက်ချီးမြှောက်တဲ့အ ထိ ဆိုးရွားတဲ့ဓလေ့ ကြီးထွားလာပါတယ်။   

ကြွယ်ဝချမ်းသာသူတွေထဲမှာလည်း စီးပွားရေးမဟာဗျူဟာအရ အားနည်းလို့မဟုတ်ဘဲ သားသ မီးလမ်းမှားလို့ တပည့်ခိုးလို့ ကုန်းကောက်စရာမရှိ အောင်မွဲပြီး မျိုးဆက်ပြတ်ကုန်တာတွေလည်း မြင်တွေ့လာရပါတယ်။ အဲဒီလိုပဲ အကြောင်းကြောင်းကြောင့် အဆိုပါ ရာထူးကြီးသူချမ်းသာသူ ပြိုလဲပျက် စီးသွားတာကြောင့် အခစားဝင်သူတွေက ပြောင်းလဲ အခစားဝင်စရာ ခေါင်းဆောင်ရှာတွေ့သူထက် မျိုးရိုးအစဉ်အဆက်လိုက် ပျက်ဆီးဆုံးရှုံးလမ်းပျောက်ရသူ တွေကသာ ပိုများလာပါတယ်။ တစ်ခါတစ်ရံမှာ ရိုသေလှချည်ရဲ့ဆိုတဲ့ အခြွေအရံတွေကပင် အဆိုပါအရို သေခံတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာ အနီးဆုံး ကိုယ်ရေးအရာရှိ ကိုယ်ရံတော်တွေထံကပင် ပြင်ပက ကြီးမားဆွဲဆောင်လှတဲ့ လာဘ်သပ်ပကာကြောင့် စဉ်ဆက်မပြတ် အရေးကြီးအချက်အလက်တွေကို ပေါက်ကြားဖွင့်ဟတာတွေအထိ ဆိုးကျိုး တွေကို လက်တွေ့ကျကျ အစဉ်အဆက် သာဓကများစွာဖြင့် မြင်တွေ့လာရပါတယ်။ 

အခက်အခဲမှာ အဲဒီလို အလွယ်တကူ ရေသာခို အခွင့်အရးယူခြင်းဟာ သာမန်မျိုးဆက်သစ် ကလေးငယ် တွေအထိ ကူးစက်လာပြီး ခေတ်စကားလို ဖြစ်လာပါတယ်။ ဥပမာ-အာဏာ(သို့)ချမ်းသာသူရဲ့ သားမြေးတပည့်တွေ တင်သာမက အသိမိတ်တွေ အဆင့်လောက်ကပင် ‘ငါဘယ်သူလဲသိလား’ (သို့) ‘ငါဘယ်သူလည်း မသိရကောင်းလား’  ‘မည်သူမည် ဝါ၏ဆွေမျိုးတော်စပ်သူပါ/မိတ်ဆွေပါ’ စသည်ဖြင့် သာမက အသိမိတ်တွေတစ်ယောက်က ထင်ရှားစွမ်း ဆောင်နိုင်လောက်တဲ့ ရာထူးစည်းစိမ်ရရှိသွားတာနဲ့ မိမိကို ‘မေ့မထားပါနဲ့’ ‘စောင့်ရှောက်ပါဦး’ ဆိုတဲ့ စကားတွေဟာ တစ်ချိန်က တရုတ်ပြည် လူ့အသိုင်းအဝိုင်းထဲမှာ အခုအချိန်ထက် ရင်းနှီးလွယ်တဲ့ သာမန် အာလုတ်စကားဖြစ် လာပါတယ်။ အခုခေတ်ကာလမှာတော့ အဲဒီအကျိုးအပြစ်ကို အထိုက်အလျောက် နားလည်သွားတဲ့ တရုတ်လူမျိုး တွေဟာ တရုတ်ပြည် ထဲထက် သာမန် နီးစပ်ရာနိုင်ငံတွေမှာသာ အခြေအနေကြည့် ကျင့်သုံးဆဲဖြစ်ပါတယ်။

အရည်အချင်းမဲ့ လောင်းရိပ်မိ အာဏာပိုင်တွေနဲ့ အရည်အချင်းမဲ့ စီးပွားရေးသမားတွေဟာ လူပုံအလယ်မှာ ပုလဲနံမသင့်ရင်းနှီးကြသလို ကိုင်းကျွန်းမီ ကျွန်းကိုင်းမီရှိကြပေမယ့် မမြင်ကွယ်ရာမှာတော့ အဲဒီ အရည်အချင်းမဲ့ အာဏာ ပိုင်အဆင့်ဆင့်ကို လူထက်အဆင့်နိမ့်ကြ ယုတ်ညံ့စွာပြောဆိုခိုင်းနှိုင်း တတ်ကြလေ့ရှိခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဂုဏ်ဒြပ်ကိုပါ ငြှိုးနွမ်းကျဆင်းလာစေတဲ့အထိဖြစ် လာပါတော့တယ်။ အဲဒီလိုပဲ လောင်းရိပ်မိအကျင့် ပျက်သူတွေကြောင့် ဂုဏ်ဒြပ်အစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းတွေကိုပင် ပြည်သူတွေက မလေးစား အားမကိုးကြတဲ့အပြင် ရွံမုန်းလာရပါ တော့တယ်။

မော်စီတုံးနဲ့ လီကွမ်ယုပြောတဲ့ ‘သစ်တစ် ပင်ကောင်း ငှက်တစ်သောင်းနား’ ရဲ့ အနာဂတ် အားနည်းချက်

ခေါင်းဆောင်ကြီး မော်စီတုံးရဲ့အမြင်မှာ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံဟာ မိသားစု ထဲမှာတောင် အိုမင်းမစွမ်းနိုင်တော့တဲ့ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ လူမမည်က လေးတွေအတွက်သာ မှန်သင့် သလောက်မှန်ပြီး အရိပ်ရဲ့အားကိုယူပြီး အရိပ်ကြီးတစ်ပင် ဆက်လက် ပေါက်နိုင်လောက်တဲ့မျိုးဆက်ထက် လောင်းရိပ်မိ ပြီး ခိုလှုံရာအပင်ကြီးလောက်နီးတူ အဆင့်လောက်ပင် မရှင်သန်မကြီးထွားနိုင်မှုက ပိုများသည်ကို ရလဒ်ဆိုး အဖြစ်ရှာ တွေခဲ့ပါတယ်။

မြန်မာစကားပုံထဲကလို ‘အဖေထက် သားတစ်လကြီး’ ‘ဆရာထက် တပည့် လက်စောင်း ထက်’ ဆိုသည်ထက် ‘အရိပ်နေနေ ခက်ချိုးချိုး’က ပိုများလာရင်းကတစ်ဆင့် နောက်မျိုးဆက်ကျတော့ ‘ဆင်သေနဲ့လိုက်တဲ့ ကျီးမိုက်’ ကဲ့သို့ လက်တွေ့ကျကျ တွေ့လာရပါတယ်။

စင်ကာပူနိုင်ငံတည်ထောင်သူ လီကွမ်ယု ကလည်း ‘‘တို့အာရှမှာ အောင်မြင်ပြီး ထက်မြက်မှု (သို့မဟုတ်) စနစ်တစ်ခုဟာ ဘယ်တော့မှ မျိုးဆက် နှစ်ဆက်ကျော်အထိ ဆက်လက်အားကောင်းပြီးရှင် သန်မနေနိုင်ဘူး”လို့ မိန့်ဆိုခဲ့ ဖူးတဲ့စကားဟာလည်း အာရှအတွက်မက သူနိုင်ငံအတွက်ပါ ဒီနေ့အထိ ထိရောက်မှန်ကန်နေလို့ အရှိန်မလျော့သွား အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အလို့ငှာ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံကို အနာဂတ် လူငယ်တွေကြားထဲ အယူအဆမမှားအောင် ‘မိမိ သာလျှင် မိမိဖြစ်ကြောင်း’ နဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင် အစွမ်းအစကိုသာ အစဉ်တန်ဖိုးထားနိုင်စေရန်၊ အစွမ်းအစမတူညီခြင်းတွေကို ပေါင်းစပ်လုပ်ကိုင်တတ်ပြီး အတူတကွ ကြီးထွားတိုး တက်ကြစေရန် စဉ်ဆက်မပြတ် ထိန်းကျောင်းတည့်မတ်နေကြဆဲဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး မော်စီတုံး   စတင်ကျင့်သုံးခဲ့တဲ့ ဝါးရုံပင်ကဲ့သို့  ဥပမာနဲ့ ယနေ့တရုတ်ပြည်

မော်စီတုံးက အထက်ပါ ညောင်ရိပ်ခိုကာ လောင်းရိပ်မိခဲ့ကြပြီးနဲ့ မိနေဆဲမျိုးဆက်တွေကို အဆက်ဖြတ်ပြောင်း လဲပြစ်ပြီး အောင်မြင်ကြီးပွားသူ တွေဟာ လက်အောက်ငယ်သားနဲ့ နောက်မျိုးဆက် အတွက် ဝါးရုံပင်ကဲ့သို့ ကျင့်ရမယ်လို့ဆိုခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်နဲ့လူမျိုးအတွက် အရည်အချင်း အလားအလာရှိသူ လူငယ်မျိုးဆက် အချို့ပင်လျှင် လူမှန်နေရာမှန်မဟုတ်တဲ့ အရိပ်ခိုမှု တွေကတစ်ဆင့် အရည်အချင်းပျက် အသရေပျက်ကာ ကြီးမားတဲ့ လောင်းရိပ်မိမှုများကတစ်ဆင့် အဲဒီသူ ကိုယ်တိုင်သာမက တိုင်းပြည်နဲ့ လူမျိုးပါ နစ်နာခဲ့ရမှု များစွာရှိခဲ့ကြပါတယ်။ ကြီးမားတဲ့ ဝါးပင်ကြီးတွေဟာ ရေတိုက်စားခံနေရာနဲ့ တောင်ကမ်းပါးရံတွေမှာတောင် သေးငယ်တဲ့ ဝါးပင်ငယ်တွေအတွက် ခိုင်ခံ့ရှုပ်ထွေးတဲ့ အမြစ်ပင်စည်နဲ့အာဟာရ ခွန်အားအဖြစ်ပဲ တောင့်ခံ ပေးထားပြီး နေကို အတူမျှော်ထွက် ကြီးထွားတာနဲ့ ဘေးကို ဖြန့်ကားကြီးထွားခြင်းကိုမူ ဝါးပင်ငယ်တွေ စိတ်ကြိုက် ပင်ကိုအတိုင်းသာ ရုန်းထွက်ကြီးထွားစေ ရုံမျှမက အဆိုပါဝါးပင်ငယ်တွေကို နောက်မျိုးဆက် ဝါးပင်လေးတွေအတွက် မိမိကဲ့သို့ ကြံ့ခိုင်သန်စွမ်း သောဝါးမြစ်များဖြစ်စေဖို့ လက်တွဲကြီးထွားစေပြန်ပါ တယ်။ မျိုးဆက်တစ်ဆက်ထက် မတူညီအောင် မြင်တဲ့ နောက်မျိုးဆက်တစ်ဆက်ပေါင်းများစွာကို တီထွင်ဖန်တီးလိုစိတ်ကို ပြောင်းလဲဖို့ခက်ခဲတဲ့ ကွန်မြူ နစ်စနစ် ဟောင်း လူ့အဖွဲ့အစည်းထဲမှသည် ကွန်မြူနစ်စနစ်သစ် လူအဖွဲ့အစည်းထဲကို ပညာရေးစနစ်ရော လူ့အဖွဲ့အစည်း အတွေးအခေါ်အတွက်ပါ အငြင်သာ ဆုံး ဆယ်စုနှစ်များစွာ လက်ဆင့်ကမ်း ကူးပြောင်းစေခဲ့ ရုံသာမကာ အဲဒီစနစ်ဆိုးကို ပြိုင်ဘက်တွေရဲ့ လူ့အ ဖွဲ့အစည်းထံ အသုံးချသင့်ကြောင်းကိုလည်း မဟာဗျူ ဟာကျကျ ပါးနပ်စွာရိုက်ထည့် သံမှိုစွဲစေပြီး စီးပွား ရေး၊ စစ်ရေး၊ နည်းပညာအင်အားကြီးမားသော ယနေ့ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေရဲ့ ပကတိဖြစ်တည်မှု ဟာ ခိုင်မာတဲ့အုတ်မြစ်ကို ဝါးရုံပင်ကြီးကဲ့သို့ တည်ဆောက်နိုင်ခဲ့တာနဲ့အတူ ခေါင်းဆောင်ကြီးမော်စီတုံးရဲ့ ဆယ်စုနှစ်ပေါင်း များစွာ တည်ဆောက်ချမှတ်ခဲ့တဲ့ မဟာဗျူဟာတွေထဲက ထင်ရှားတဲ့မဟာဗျူဟာ သက်သေတစ်ခုပင်ဖြစ်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝသို့ AA က ရခိုင်တိုင်းရင်းသားများကိုအခြေချနေထိုင်ရန် ခေါ်သွင်းနေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved