Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောက်ကပ်လှူဒါန်းသူနှင့် အစားထိုးကုသမှုခံယူသူကြား သွေးသားတော် စပ်မှုမရှိပါက တရားရုံးကျမ်းကျိန်လွှာ ပူးတွဲတင်ပြရန် ညွှန်ကြားချက်ထုတ်

စော (NSS) - ဩဂုတ် ၁၆

ကျောက်ကပ်လှူဒါန်းသူနှင့် အစားထိုးကုသမှု ခံယူသူကြား သွေးသားတော်စပ်မှုမရှိပါက တရားရုံး ကျမ်းကျိန်လွှာ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ)အရ ကျောက်ကပ်လှူဒါန်းခြင်းနှင့် ကျောက်ကပ်အစားထိုးကုသခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက အထက်ပါညွှန်ကြားချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်တွင် ပြည်သူဆေးရုံများအနေဖြင့် ကျောက်ကပ်လှူဒါန်းသူနှင့် ကျောက်ကပ် အစားထိုးကုသမှုခံယူသူတို့သည် သွေးသားရင်းအုပ်စု  သို့မဟုတ် သွေးချင်းစပ်အုပ်စု သို့မဟုတ် သွေးမစပ် အုပ်စုဖြစ်ပါက သက်ဆိုင်ရာဆေးရုံကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး ကော်မတီ၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျောက်ကပ်လှူဒါန်းသူနှင့် ကျောက်ကပ်အစားထိုးကုသမှုခံယူသူတို့သည် သွေးမစပ် အုပ်စုဖြစ်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီး ရှေ့မှောက်တွင် ကျမ်းကျိန်ထားသော လှူဒါန်းသူ၏ ကျမ်းကျိန်လွှာနှင့် အစားထိုးခွဲစိတ်ကုသမှုခံယူသူ၏ ကျမ်းကျိန်လွှာများ ပူးတွဲပါရှိရမည်ဖြစ်ကြောင်းလည်း  ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

"အရင်က ကျောက်ကပ်လှူတဲ့လူနဲ့ အလှူခံ တဲ့လူရဲ့  သဘောတူပါတယ်ဆိုတဲ့ consent လေးပဲ ကျန်းမာရေးဝန်ကြီးဌာနအောက်က ခွင့်ပြုထားတဲ့ ဆေးရုံတွေမှာ လုပ်ကြတယ်။ ပြီးတော့  သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို တင်ပြတယ်။ အဲဒီလိုအဆင့်ဆင့်လုပ်ရာကနေ  ကျွန်တော်ထင်တာတော့ အငြင်းပွားမှုတွေ ရှိလာပုံရတယ်။ သွေးမတော်သား မစပ်လူတွေက လှူတဲ့အလှူတွေမှာ သဘောတူတယ်။ မတူဘူး။ ငွေရေးကြေးရေးကိစ္စတွေ ပါလာပုံရတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒါကြောင့်မို့  သူက ကျမ်းကျိန် ရမယ်ဆိုပြီး ပါလာတာဖြစ်မယ်။ ကျွန်တော်မြင်တာက တော့ တရားပိုဝင်သွားတဲ့ဟာဖြစ်သွားတာပေါ့။ procedureတော့ နည်းနည်းရှုပ်သွားပေမယ့် နောက် ပိုင်းဒီဟာက တရားရုံးကို ကျမ်းကျိန်ထားတာ ဖြစ်တဲ့ အတွက် official ဖြစ်မှု၊legal ဖြစ်မှုက ပိုသာသွား တာပေါ့"ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကုသမားတော် ဒေါက်တာပြည့်ထူးက NSS ဂျာနယ်ကိုပြောသည်။

အလားတူ ကျောက်ကပ်အစားထိုး ကုသခြင်းပြု ရန် ကျန်းမာရေးဝန်ကြီး ဌာနကခွင့်ပြုထားသည့်ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း  ကျောက်ကပ်လှူ ဒါန်းသူနှင့် ကျောက်ကပ်အစားထိုး ကုသမှုခံယူသူတို့ သည် သွေးသားရင်းအုပ်စု သို့မဟုတ် သွေးချင်းစပ် အုပ်စု သို့မဟုတ် သွေးမစပ်အုပ်စုဖြစ်ပါက သက် ဆိုင်ရာ ပုဂ္ဂလိကဆေးရုံကျင့်ဝတ်ဆိုင်ရာလုပ်ငန်းအဖွဲ့၏သဘောထားမှတ်ချက်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အရည်အသွေးစစ်ဆေးရေးအဖွဲ့မှတစ်ဆင့် ကော်မတီသို့တင်ပြ၍ ကော်မတီ၏အတည်ပြု ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အစားထိုးခံယူရာတွင်  သွေးမစပ်အုပ်စုဖြစ်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီးရှေ့ မှောက်တွင် ကျမ်းကျိန်ထားသော လှူဒါန်းသူ၏ ကျမ်းကျိန်လွှာနှင့် အစားထိုးခွဲစိတ်ကုသမှုခံယူသူ၏ ကျမ်းကျိန်လွှာများ ပူးတွဲပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ BTS အဖွဲ့ဝင် SUGA

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved