လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ BTS အဖွဲ့ဝင် SUGA
Pika (NSS) - ဩဂုတ် ၁၆
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ SUGA သည် အရက်သောက်ကာ လျှပ်စစ်စကူတာစီးခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများကို ခံနေရကြောင်းသိရသည်။
လက်ရှိအချိန်တွင် Seoul Yongsan ရဲစခန်းက SUGA ကို လမ်းစည်းကမ်းဖောက်ဖျက်မှု (မူးပြီးမောင်းနှင်မှု)စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဩဂုတ်လ(၇)ရက်နေ့တွင့်သည့ စေသတင်းအေဂျင်စီ၏ဖော်ပြချက် အရသိရသည်။
ဩဂုတ်လ(၆)ရက်နေ့က SUGA သည် အရက်သောက်ခဲ့ပြီးနောက် Yongsan ခရိုင်တွင် လျှပ်စစ်စကူတာစီးနေစဉ်စကူတာပေါ်မှပြုတ်ကျခဲ့ကြောင်း သတင်းများအရသိရသည်။ ထို့နောက်ရဲအရာရှိများက ၎င်းကိုကူညီရန် အနားသို့ကပ်သွားသည့် အချိန်တွင် ၎င်း၏ကိုယ်ပေါ်မှအရက်နံ့ရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အရက်နံ့ကိုသတိပြုမိခဲ့ပြီးနောက် ရဲအရာရှိများသည် SUGA ကို အနီးအနားရှိ ရဲစခန်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။ SUGA သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက တောင် ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် BTS အဖွဲ့ဝင်များဖြစ်သော J-Hope၊RM၊ V၊ Suga ၊ ဂျောင်ကွတ်နှင့် ဂျီမင်းတို့သည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းနေဆဲဖြစ်ပြီး အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သော ဂျင်သည် ပြီးခဲ့သည့်ဇွန်လ(၁၂) ရက်နေ့တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၅)ခုကိုခွင့်ပြုထားပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်းကြောင့် ထောက်ပံ့မှုများပေးသင့်ကြောင်း အကြံပြု
RELATED POSTS
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း