ယာဉ်မောင်းများအိပ်ပျော်သွားခြင်းမှကာကွယ်ရန် လေဆာရောင်စုံအလင်း တန်းများ တရုတ်တို့စမ်းသပ်အသုံးပြုနေ
Pika (NSS) - ဩဂုတ် ၁၅
တရုတ်နိုင်ငံရှိ အာဏာပိုင်များသည် ကားလမ်းများတွင် ယာဉ်မောင်းများ အိပ်ပျော်သွားခြင်းမှ ကာကွယ်ရန်ကြိုးပမ်းမှုအဖြစ် အားကောင်းသောလေဆာ ရောင်စုံမီးများ တပ်ဆင်မှုများကို စမ်းသပ်နေကြောင်း သတင်းများ အရသိရသည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံရှိ ကားလမ်းဆိုင်းဘုတ်များမှ ရောင်စုံ လေဆာမီးအလင်းတန်းများ ထွက်ပေါ်နေသည်ကို ပြသသည့် ဗီဒီယိုဖိုင်များ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် လူအများထံမှ မေးခွန်း ထုတ်မှု များရှိခဲ့ကြောင်းသိရသည်။ ကားလမ်းဆိုင်းဘုတ်များပေါ်မှာ ရောင်စုံမီးအလင်းတန်းများထွက်ပေါ်နေခြင်းသည် အထူးသဖြင့် ထရပ်ကားယာဉ်မောင်းများ အိပ်ပျော်သွားခြင်းမှ ကာကွယ်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလေဆာရောင် စုံမီးအလင်းတန်းများထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်ကို ကီလိုမီတာ(၁၆၀ဝ)ရှည်သော Qingdao–Yinchuan အဝေးပြေးလမ်းမကြီးတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး Yinchuan မြို့မှ Qingdao မြို့သို့ သွားနေသော ထရပ်ကားကြီးများအတွက် အဓိကအသုံး ပြုခြင်းမျိုးဖြစ်ကြောင်း သတင်းများအရသိရသည်။ ဗီဒီယိုဖိုင်ကိုရိုက်ကူးခဲ့သူ အမျိုးသားတစ်ဦးက ‘‘ဒီလေ ဆာရောင်စုံမီးအလင်းတန်းတွေဟာ ကျွန်တော့်ကို ပြန်လည်လန်းဆန်းလာစေပြီး ညအချိန် မှာ ပင်ပန်း နွမ်းနယ်မှုတွေကို လျှော့ချပေးပါတယ်။”ဟုပြောဆိုခဲ့သည်။ သို့သော်လည်း ပုံမှန်မဟုတ်သော လေဆာ ရောင်စုံ မီးအလင်းတန်းများကို ယာဉ်မောင်းအချို့က ပြစ်တင်ဝေဖန်မှုများရှိနေကြောင်းသိရသည်။ အဆိုပါလေဆာ ရောင်စုံမီးအလင်းတန်းများသည် စူးရှလွန်း ကာယာဉ်မောင်းများကို နိုးကြားစေခြင်းထက် မျက်စိအမြင်များကို ရှုပ်ထွေး စေကြောင်း ပြောဆိုမှုများ လည်းရှိခဲ့သည်။
လူတစ်ဦးက ‘‘ဒီရောင်စုံမီးအလင်းတန်းတွေဟာ ကျွန်တော်တို့ စိတ်အနှောင့် အယှက်ဖြစ် စေပါတယ်။ ဒီအလင်းတန်းတွေနဲ့ ကျွန်တော်တို့ ရင်းနှီးသွားရင် အိပ်ပျော်သွားစေတာမျိုးတွေ ဖြစ်လာ နိုင်ပါတယ်’’ဟုပြောဆိုခဲ့သည်။ အခြားလူတစ်ဦးက ‘‘ယာဉ်မောင်းတွေရဲ့အမြင်ကို နှောင့်ယှက်တဲ့ ဒီဥာဏ်ကြီးရှင်အတွေးအခေါ်ကို ဘယ်သူက တွေးမိခဲ့လဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒီအလင်းတန်းတွေ ကြောင့် (၅)စက္ကန့်လောက်အတွင်းမှာပဲ ကျွန်တော် အခြားယာဉ်တစ်စီးကို တိုက်မိပါလိမ့်မယ်’’ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ လေကြောင်းဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို ဖွင့်လှစ်
RELATED POSTS
08 Sep 2024 | ဗဟုသုတ,ပြည်တွင်း
07 Sep 2024 | ဗဟုသုတ,ပြည်တွင်း
07 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ