Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၏ လေကြောင်းဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို ဖွင့်လှစ်

ယွန်း (NSS) - ဩဂုတ် ၁၅

မြန်မာနိုင်ငံ၏ လေကြောင်းဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ International Business Center(IBC) ၌ ယနေ့ (ဩဂုတ်လ ၁၅ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။


Shoppe by MAI သည် လက်မှတ်လာရောက်ဝယ်ယူကြမည့် ခရီးသည်များအတွက် လေကြောင်းလိုင်းများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာထဲတွင် စုစည်းရရှိနိုင်မည့် Service Center တစ်ခုဖြစ်ကြောင်း သိရသည်။

Shoppe by MAI တွင် MAI ၏ မိတ်ဖက်ပါတနာများဖြစ်သည့် uab Bank Miracle Café & Lounge တို့ပါဝင်ပြီး  မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍ ဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်ကြောင်း MAI & Mingalar ၏ Chief Executive Officer ဖြစ်သူ Mr. Tanes Kumar က ဆိုသည်။

“Shoppe by MAI မှာဆိုရင် ကျွန်တော်တို့ရဲ့ ပါတနာတွေဖြစ်တဲ့ uab Bank Miracle Café & Lounge တို့လည်း အတူပါဝင် ဖွင့်လှစ်ထားတဲ့အတွက် ခရီးသည်တွေ ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာထဲမှာ ပေးအပ်သွားနိုင်မည့် သာမန် Service Center တစ်ခုထက်ပိုသာတဲ့နေရာတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ လေကြောင်းကဏ္ဍဈေးကွက်အတွင်းမှာ ဒီလို Service Center က ပထမဆုံးလို့ ပြောရမှာပါ” ဟု Mr. Tanes Kumar က ပြောသည်။

ခရီးသည်များအနေဖြင့် အဆိုပါ IBC ရှိ Shoppe by MAI တွင် အစိုးရရုံးပိတ်ရက်များ အပါအဝင် နေ့စဥ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလာမှုများသည့် နေရာများတွင်လည်း Shoppe by MAI ကဲ့သို့ Service Center များကို ဖွင့်လှစ်သွားရန်လည်း စီစဥ်လျက်ရှိကြောင်း သိရသည်။ 

MAI အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့မှအခြေပြုကာ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများရှိ မြို့ပေါင်း ၃၆ မြို့သို့ တိုက်ရိုက် ခရီးစဥ်များကို Airbus A320 ၆ စီး၊ Embraer E190 ၂ စီး၊ ATR72-600 ၄ စီးနှင့် Boeing 737 freighter ၁ စီးတို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်ကုန်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဘင်္ဂလား‌ဒေ့(ရှ်)နိုင်ငံ၊ ဒါကာမြို့များ အပါအဝင် ပြည်တွင်းပြည်ပခရီးစဥ် စုစုပေါင်း ၄၁ ခုအထိ ပြေးဆွဲသွားရန် စီစဥ်ထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြင်းခြံမြို့ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ယာယီပိတ်သိမ်းခဲ့ဟု စင်ကာပူကုမ္ပဏီပြော

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved