Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ရက်လျှင် ရေနံစည်ပေါင်း (၁)သန်းအထိလျှော့ချထုတ်လုပ်သွားမယ်လို့ ဆော်ဒီအာရေးဗျဦးဆောင်တဲ့ အိုပက်အဖွဲ့ပြော

ဂျန်ဇက် (NP News) - ဧပြီ ၃


ဆော်ဒီအာရေးဗျဦးဆောင်တဲ့ ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့နေသူများအဖွဲ့ဟာ တစ်ရက် ရေနံထုတ်လုပ်မှုနှုန်းကို ရေနံစည်ပေါင်း (၁)သန်းအထိ လျှော့ချထုတ်လုပ်သွားမယ်လို့ ဧပြီလ ၂ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ 


ရေနံဈေးကွက်အတွင်း တည်ငြိမ်မှုများဖြစ်စေဖို့ရည်ရွယ်ပြီး ရေနံထုတ်လုပ်မှုတွေကိုလျှော့ချခဲ့ခြင်းဖြစ်ကြောင်း OPEC အဖွဲ့ကပြောပါတယ်။ အမေရိကန်အစိုးရက ရေနံထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်ဖို့တောင်းဆိုနေချိန်မှာ ရေနံထုတ်လုပ်မှုများလျှော့ချဖို့ OPEC က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ တစ်ရက်ရေနံထုတ်လုပ်မှုတွေကို ရေနံစည်ပေါင်း (၅) သိန်းခန့်လျှော့ချထုတ်လုပ်သွားမှာဖြစ်ပြီး ဒီနှစ်ကုန်ချိန်အထိရေနံထုတ်လုပ်မှုလျှော့ချသွားမှာဖြစ်ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံက ရေနံထုတ်လုပ်မှုလျှော့ချခဲ့ပြီးနောက် OPEC အဖွဲ့ကလည်း ရေနံထုတ်လုပ်မှုတွေကို လျှော့ချဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျ အပြင် အီရတ်၊ ယူအေအီး၊ ကူဝိတ်၊ အယ်ဂျီးရီးယား၊ အိုမန်နိုင်ငံတို့ကလည်း လာမယ့်မေလမှာစတင်ပြီး ရေနံထုတ်လုပ်မှုများကို ဒီနှစ်အကုန်အထိလျှော့ချထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။


ရုရှားနဲ့ အိုပက်အဖွဲ့တို့ ရေနံထုတ်လုပ်မှုလျှော့ချဖို့ သတင်းများထုတ်ပြန်ခဲ့ပြီးနောက်

ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းများ ပြန်တက်လာခဲ့ပြီး ဧပြီလ ၃ ရက်က ရေနံဈေးကွက်အတွင်း ရေနံတစ်စည်ဈေးနှုန်းက အမေရိကန်ဒေါ်လာ (၈ဝ ဒသမ ဝ၁) ဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ဆော်ဒီအာရေးဗျ စွမ်းအင်ဝန်ကြီးဌာနက "ရေနံဈေးကွက်တည်ငြိမ်စေဖို့ရည်ရွယ်ပြီး ရေနံထုတ်လုပ်မှုတွေကိုလျှော့ချလိုက်တာပါ"လို့ သတင်းထုတ်ပြန်ထားပါတယ်။


အမေရိကန်နိုင်ငံရဲ့အဓိကဘဏ်ကြီးများဖြစ်တဲ့ SVB နဲ့ UBS ဘဏ်တို့ ပြိုလဲမှုအပါအဝင်အမေရိကန်ဘဏ်လုပ်ငန်း ကမောက်ကမဖြစ်နေချိန်မှာ ရေနံဈေးနှုန်းများ ကျဆင်းမှုများဖြစ်လျက်ရှိနေခဲ့ကြောင်း၊ ရေနံဈေးနှုန်းများ ကျဆင်းမှုများကြောင့် ရေနံထုတ်လုပ်မှုတွေကိုလျှော့ချပြီး ဈေးပြန်တက်လာအောင်လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ယူအေအီးအခြေစိုက် ရေနံအရောင်းအဝယ်ကျွမ်းကျင်သူ Ibrahim al-Ghitani ကသုံးသပ်နေပါတယ်။ 


ပြီးခဲ့တဲ့သီတင်းပတ်အတွင်းရေနံတစ်စည်ဈေးနှုန်းက အမေရိကန်ဒေါ်လာ (၈ဝ)အောက်ကျရောက်နေခဲ့မှုအပေါ် အိုပက်နဲ့ ရုရှားတို့ ပူးပေါင်းထားတဲ့ OPEC+ အဖွဲ့တို့က လက်ခံနိုင်ခြင်းမရှိတဲ့အတွက် ရေနံထုတ်လုပ်မှုများကိုလျှော့ချပြီး ဈေးပြန်တက်လာအောင်လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောပါတယ်။

zawgyi version

တစ္ရက္လွ်င္ ေရနံစည္ေပါင္း (၁)သန္းအထိေလွ်ာ့ခ်ထုတ္လုပ္သြားမယ္လို႔ ေဆာ္ဒီအာေရးဗ်ဦးေဆာင္တဲ့ အိုပက္အဖြဲ႕ေျပာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၃


ေဆာ္ဒီအာေရးဗ်ဦးေဆာင္တဲ့ ကမာၻ႔ေရနံထုတ္လုပ္တင္ပို႔ေနသူမ်ားအဖြဲ႕ဟာ တစ္ရက္ ေရနံထုတ္လုပ္မႈႏႈန္းကို ေရနံစည္ေပါင္း (၁)သန္းအထိ ေလွ်ာ့ခ်ထုတ္လုပ္သြားမယ္လို႔ ဧၿပီလ ၂ ရက္က သတင္းထုတ္ျပန္လိုက္ပါတယ္။ 


ေရနံေဈးကြက္အတြင္း တည္ၿငိမ္မႈမ်ားျဖစ္ေစဖို႔ရည္႐ြယ္ၿပီး ေရနံထုတ္လုပ္မႈေတြကိုေလွ်ာ့ခ်ခဲ့ျခင္းျဖစ္ေၾကာင္း OPEC အဖြဲ႕ကေျပာပါတယ္။ အေမရိကန္အစိုးရက ေရနံထုတ္လုပ္မႈမ်ား တိုးျမႇင့္ထုတ္လုပ္ဖို႔ေတာင္းဆိုေနခ်ိန္မွာ ေရနံထုတ္လုပ္မႈမ်ားေလွ်ာ့ခ်ဖို႔ OPEC က ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံဟာ တစ္ရက္ေရနံထုတ္လုပ္မႈေတြကို ေရနံစည္ေပါင္း (၅) သိန္းခန႔္ေလွ်ာ့ခ်ထုတ္လုပ္သြားမွာျဖစ္ၿပီး ဒီႏွစ္ကုန္ခ်ိန္အထိေရနံထုတ္လုပ္မႈေလွ်ာ့ခ်သြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ႐ုရွားႏိုင္ငံက ေရနံထုတ္လုပ္မႈေလွ်ာ့ခ်ခဲ့ၿပီးေနာက္ OPEC အဖြဲ႕ကလည္း ေရနံထုတ္လုပ္မႈေတြကို ေလွ်ာ့ခ်ဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။ ေဆာ္ဒီအာေရးဗ် အျပင္ အီရတ္၊ ယူေအအီး၊ ကူဝိတ္၊ အယ္ဂ်ီးရီးယား၊ အိုမန္ႏိုင္ငံတို႔ကလည္း လာမယ့္ေမလမွာစတင္ၿပီး ေရနံထုတ္လုပ္မႈမ်ားကို ဒီႏွစ္အကုန္အထိေလွ်ာ့ခ်ထုတ္လုပ္သြားမယ္လို႔ ဆိုပါတယ္။


႐ုရွားနဲ႔ အိုပက္အဖြဲ႕တို႔ ေရနံထုတ္လုပ္မႈေလွ်ာ့ခ်ဖို႔ သတင္းမ်ားထုတ္ျပန္ခဲ့ၿပီးေနာက္

ကမာၻ႔ေရနံေဈးကြက္မွာ ေဈးႏႈန္းမ်ား ျပန္တက္လာခဲ့ၿပီး ဧၿပီလ ၃ ရက္က ေရနံေဈးကြက္အတြင္း ေရနံတစ္စည္ေဈးႏႈန္းက အေမရိကန္ေဒၚလာ (၈ဝ ဒသမ ဝ၁) ေဒၚလာအထိ ျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။ ေဆာ္ဒီအာေရးဗ် စြမ္းအင္ဝန္ႀကီးဌာနက "ေရနံေဈးကြက္တည္ၿငိမ္ေစဖို႔ရည္႐ြယ္ၿပီး ေရနံထုတ္လုပ္မႈေတြကိုေလွ်ာ့ခ်လိုက္တာပါ"လို႔ သတင္းထုတ္ျပန္ထားပါတယ္။


အေမရိကန္ႏိုင္ငံရဲ႕အဓိကဘဏ္ႀကီးမ်ားျဖစ္တဲ့ SVB နဲ႔ UBS ဘဏ္တို႔ ၿပိဳလဲမႈအပါအဝင္အေမရိကန္ဘဏ္လုပ္ငန္း ကေမာက္ကမျဖစ္ေနခ်ိန္မွာ ေရနံေဈးႏႈန္းမ်ား က်ဆင္းမႈမ်ားျဖစ္လ်က္ရွိေနခဲ့ေၾကာင္း၊ ေရနံေဈးႏႈန္းမ်ား က်ဆင္းမႈမ်ားေၾကာင့္ ေရနံထုတ္လုပ္မႈေတြကိုေလွ်ာ့ခ်ၿပီး ေဈးျပန္တက္လာေအာင္လုပ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္း ယူေအအီးအေျခစိုက္ ေရနံအေရာင္းအဝယ္ကြၽမ္းက်င္သူ Ibrahim al-Ghitani ကသုံးသပ္ေနပါတယ္။ 


ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းေရနံတစ္စည္ေဈးႏႈန္းက အေမရိကန္ေဒၚလာ (၈ဝ)ေအာက္က်ေရာက္ေနခဲ့မႈအေပၚ အိုပက္နဲ႔ ႐ုရွားတို႔ ပူးေပါင္းထားတဲ့ OPEC+ အဖြဲ႕တို႔က လက္ခံႏိုင္ျခင္းမရွိတဲ့အတြက္ ေရနံထုတ္လုပ္မႈမ်ားကိုေလွ်ာ့ခ်ၿပီး ေဈးျပန္တက္လာေအာင္လုပ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္း ၎ကေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေယာလျော်ကြေးငွေကျပ် (၁၉)ဘီလျံပေးအပ်ပြီးဖြစ်၍ မုဒုံမြို့နယ်၌ ပေ(၈၅ဝဝ)ကျော်ရှိမည့် လေယာဉ်ကွင်းကို မကြာခင် စတင်တည်ဆောက်မည်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved