Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြေယာလျော်ကြေးငွေကျပ် (၁၉)ဘီလျံပေးအပ်ပြီးဖြစ်၍ မုဒုံမြို့နယ်၌ ပေ(၈၅ဝဝ)ကျော်ရှိမည့် လေယာဉ်ကွင်းကို မကြာခင် စတင်တည်ဆောက်မည်

မျိုးကြီး (NP News) - ဧပြီ ၃


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ပေ (၈၅ဝဝ)ကျော်ရှိမည့် လေယာဉ်ကွင်းအသစ်ကို မကြာခင်အချိန်တွင် စတင်အကောင်အထည်ဖော်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


၎င်းလေယာဉ်ကွင်း စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် မြေဧရိယာနှင့်မလွတ်ကင်းသော တောင်သူလယ်သမားများကို မြေယာလျော်ကြေးငွေအဖြစ် ငွေကျပ် (၁၉)ဘီလျံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူက NP News ကိုပြောသည်။


“လျော်ကြေးအားလုံး ပေးပြီးပါပြီ။ ကျွန်တော်တို့ ပေးရမယ့် ၁၉ ဘီလျံ အားလုံးပေးပြီးသွားပြီ။ ကျန်တာတစ်ခုပဲရှိတယ်။ အဲဒါက တပ်မတော်ပိုင်မြေလေးတစ်ခုပါနေလို့ သူကတော့ မြေလွှဲနဲ့သွားရမှာပေါ့။ အားလုံး ၁၉ ဘီလျံ ပေးပြီးပြီ” ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။


တောင်သူလယ်သမားများအတွက် မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ငွေကျပ်သိန်း(၄ဝ)နှုန်းဖြင့် နိုင်ငံတော်မှ ပေးလျော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြေယာလျော်ကြေးများ ပေးအပ်ခဲ့ပြီးဖြစ်၍ မကြာခင်အချိန်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို စတင်သွားမည်ဖြစ်ကြောင်း သိရသည်။


“ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြီးတော့ ဘတ်ဂျက်ပါတဲ့အတိုင်းပေါ့ ခြံစည်းရိုးကာတာတွေ၊ ဘာတွေ လုပ်ပါမယ်။ သူက phase 1၊ phase 2 ဆိုပြီးတော့ရှိတယ်။ အကြမ်းဖျင်းသိရသလောက်တော့ ပေ ၈၅ဝဝ ကျော်ရှိတဲ့ လေယာဉ်ကွင်းကိုအကြမ်းဖျင်းဖော်မယ်။ နောက်ပြီးတော့ စီမံချက်တွေနဲ့ ဆက်လုပ်သွားမှာပေါ့။ မြန်မြန်စဖို့အတွက်တော့ လုပ်နေပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။


နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းအတွက် မြေဧကပေါင်း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


အလားတူ မုဒုံမြို့နယ်၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရန်အတွက်လည်း ပြင်ဆင်စီစဉ်လျက်ရှိကြောင်း သိရသည်။

zawgyi version

ေျမယာေလ်ာ္ေၾကးေငြက်ပ္ (၁၉)ဘီလ်ံေပးအပ္ၿပီးျဖစ္၍ မုဒုံၿမိဳ႕နယ္၌ ေပ(၈၅ဝဝ)ေက်ာ္ရွိမည့္ ေလယာဥ္ကြင္းကို မၾကာခင္ စတင္တည္ေဆာက္မည္


မ်ိဳးႀကီး (NP News) - ဧၿပီ ၃


မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၌ ေပ (၈၅ဝဝ)ေက်ာ္ရွိမည့္ ေလယာဥ္ကြင္းအသစ္ကို မၾကာခင္အခ်ိန္တြင္ စတင္အေကာင္အထည္ေဖာ္ကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။


၎ေလယာဥ္ကြင္း စတင္အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ေျမဧရိယာႏွင့္မလြတ္ကင္းေသာ ေတာင္သူလယ္သမားမ်ားကို ေျမယာေလ်ာ္ေၾကးေငြအျဖစ္ ေငြက်ပ္ (၁၉)ဘီလ်ံ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွတာဝန္ရွိသူက NP News ကိုေျပာသည္။


“ေလ်ာ္ေၾကးအားလုံး ေပးၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ ေပးရမယ့္ ၁၉ ဘီလ်ံ အားလုံးေပးၿပီးသြားၿပီ။ က်န္တာတစ္ခုပဲရွိတယ္။ အဲဒါက တပ္မေတာ္ပိုင္ေျမေလးတစ္ခုပါေနလို႔ သူကေတာ့ ေျမလႊဲနဲ႔သြားရမွာေပါ့။ အားလုံး ၁၉ ဘီလ်ံ ေပးၿပီးၿပီ” ဟု အထက္ပါတာဝန္ရွိသူက ေျပာ သည္။


ေတာင္သူလယ္သမားမ်ားအတြက္ ေျမယာေလ်ာ္ေၾကးအျဖစ္ တစ္ဧကလွ်င္ ေငြက်ပ္သိန္း(၄ဝ)ႏႈန္းျဖင့္ ႏိုင္ငံေတာ္မွ ေပးေလ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


လက္ရွိတြင္ ေျမယာေလ်ာ္ေၾကးမ်ား ေပးအပ္ခဲ့ၿပီးျဖစ္၍ မၾကာခင္အခ်ိန္တြင္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းကို စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။


“ပို႔ေဆာင္ေရး ႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ဆက္လက္ၿပီးေတာ့ ဘတ္ဂ်က္ပါတဲ့အတိုင္းေပါ့ ၿခံစည္း႐ိုးကာတာေတြ၊ ဘာေတြ လုပ္ပါမယ္။ သူက phase 1၊ phase 2 ဆိုၿပီးေတာ့ရွိတယ္။ အၾကမ္းဖ်င္းသိရသေလာက္ေတာ့ ေပ ၈၅ဝဝ ေက်ာ္ရွိတဲ့ ေလယာဥ္ကြင္းကိုအၾကမ္းဖ်င္းေဖာ္မယ္။ ေနာက္ၿပီးေတာ့ စီမံခ်က္ေတြနဲ႔ ဆက္လုပ္သြားမွာေပါ့။ ျမန္ျမန္စဖို႔အတြက္ေတာ့ လုပ္ေနပါတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက ဆက္လက္ေျပာဆိုထားသည္။


ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေကာ့ပရံေက်း႐ြာအနီးတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး ၎စီမံကိန္းအတြက္ ေျမဧကေပါင္း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။


အလားတူ မုဒုံၿမိဳ႕နယ္၌ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္း တည္ေဆာက္ရန္အတြက္လည္း ျပင္ဆင္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရီပတ်ဘလီကန်ပါတီဝင်အများစုက ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်စေဖို့ ဆန္ဒရှိနေ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved