Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘားနပ်အာနောက်တ်က အီလွန်မတ်စ်ခ်ကို ကျော်တက်ပြီး ဘာကြောင့် ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးဖြစ်လာတာလဲ? (ထူးခြားသုတဆောင်းပါး)

ဝတီ (NP News) - ဒီဇင်ဘာ ၂၅

ဘားနပ်အာနောက်တ် (Bernard Arnault) ဆိုတဲ့ ပြင်သစ်သူဋ္ဌေးကြီးဟာ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အီလွန်မတ်စ်ခ် (Elon Musk)ကိုကျော်တက်ပြီး ကမ္ဘာ့အချမ်း သာဆုံးသူဋ္ဌေးကြီးဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့ ဧရာမလုပ်ငန်းကြီးတွေရဲ့ ရှယ်ယာတန်ဖိုးက တက်လိုက်၊ ကျလိုက် နဲ့ဆိုတော့ ဘယ်သူက နံပါတ် ၁၊ ဘယ်သူက နံပါတ် ၂ ဆိုတာပုံသေပြောလို့မရသေးဘဲ သူတပြန်၊ ကိုယ်တပြန် ဖြစ်နေပါသေးတယ်။ ဘယ်လိုပဲဆိုဆို ကမ္ဘာ့အဆင့် နံပါတ် ၁ နေရာကို ခဏပဲဖြစ်ဖြစ် တက်လှမ်းနိုင်တဲ့အထိ ကြွယ်ဝချမ်းသာလှတဲ့ ဒီပုဂ္ဂိုလ်ကြီးရဲ့အကြောင်းကတော့ အရမ်းစိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပါပဲ။ သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ (၁၈၄) ဘီလျံကျော်တောင် ရှိတယ်ဆိုတော့ ဘာလုပ်ငန်းတွေလုပ်လို့ သူဒီလောက်အထိကျိကျိ တက်ချမ်းသာကြွယ်ဝသွားသလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်လား။

ဒီပုဂ္ဂိုလ်ကြီးကတော့ LVMH ဆိုတဲ့ ဧရာမပြင်သစ်လုပ်ငန်းစုကြီးရဲ့ စီအီးအိုဖြစ်ပြီး အသက် (၇၃)နှစ် ရှိပါပြီ။ ဒီလုပ်ငန်းစုကြီးရဲ့ လက်အောက်မှာ ဖက်ရှင်နဲ့ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရောင်းချရေးလုပ်ငန်းတွေ၊ စိန်ရွှေရတနာဆိုင်တွေ၊ အရက်အကောင်းစားထုတ်လုပ်ရောင်းချရေးလုပ်ငန်းတွေ ရှိပါတယ်။ သူက အမေရိကန်ဒေါ်လာ (၁၈၄)ဘီလျံကျော်ဆိုတဲ့ ပိုင်ဆိုင်မှုကို နှစ်ပေါင်း (၄ဝ)နီးပါးအတွင်း အားသွန်ခွန်စိုက် တည်ဆောက်လာခဲ့တာပါ။ များပြားလှတဲ့လုပ်ငန်းကြီးတွေကို ဦးစီးတဲ့နေရာမှာ သူက သားသမီးငါးယောက်ရဲ့အကူအညီကိုလည်း ယူပါတယ်။ ဒီလိုနဲ့ပဲ သူ အနှစ် နှစ်အလလတည်ဆောက်လာခဲ့တဲ့ လုပ်ငန်းကြီးဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးမိသားစုပိုင်ကုမ္ပဏီကြီး ဖြစ်လာပါတော့တယ်။

အာနောက်တ်ဟာ အီကိုးလ် ပိုလီတက်ခ်နစ်ဂ် (Ecole Polytechnique) ဆိုတဲ့ နာမည်ကြီးကျောင်းကနေ အင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တာပါ။ ကျောင်း ပြီးပြီးချင်းမှာပဲ သူက သူ့အဖေရဲ့ ဆောက်လုပ်ရေးကုမ္ပဏီလေးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်ထဲမှာတော့ သူက ပြင်သစ်နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တချို့ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု လုပ်ငန်းအခြေအနေ မကောင်းလို့ ရောင်းတာကို ဝယ်လိုက်ပါတယ်။ သူ့လက်ထဲလည်းရောက်ရော အဲဒီလုပ်ငန်းက အခြေအနေ ကောင်းလာပါတော့တယ်။ သိပ်မကြာခင်မှာပဲ သူက စီလင်း (Celine) ဆိုတဲ့ဖက်ရှင် လုပ်ငန်းကိုဝယ်လိုက်ပြန်ပါတယ်။ ပြီးတော့ ခရစ်တီယန် လက်ခရောက်စ် (Christian Lacroix) ဆိုတဲ့ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာကိုလည်းပံ့ပိုးပေးပါတယ်။ ၁၉၈၆ ခုနှစ်လောက်မှာကတည်းက သူက သူ့ရည်မှန်းချက်ကို လူအများသိအောင်ထုတ်ပြောခဲ့ပါတယ်။ အဲဒါကတော့ လာမယ့်ဆယ်နှစ်အတွင်းမှာကမ္ဘာ့အကြီးမားဆုံး ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်လာအောင်လုပ်မယ်ဆိုတာပါပဲ။

သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိပါတယ်။ ပထမအိမ်ထောင်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ရပြီး လက်ရှိအိမ်ထောင်နဲ့သားသုံးယောက် ရပါတယ်။ ပထမအိမ် ထောင်နဲ့ရတဲ့ သမီးကြီးနာမည်က ဒယ်လ်ဖင်း (Delphine) ဖြစ်ပါတယ်။ ဒယ်လ်ဖင်းက သူ့အဖေရဲ့ LVMH လုပ်ငန်းစုကြီးကို အမွေဆက်ခံမယ့်သူလို့ ယူဆရပါတယ်။ သူဟာ ၂ဝဝ၅ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်ထဲမှာတော့ အိမ်ထောင်ကွဲသွားပါတယ်။ လက်ရှိမှာတော့ သူဟာ နည်းပညာလုပ်ငန်းက ဘီလျံနာသူဋ္ဌေးကြီးကြီးတစ်ယောက်နဲ့ တွဲနေပြီး သမီးတစ်ယောက်တောင်ရနေပါပြီ။ သူက သူ့ကိုယ် ရေးကိုယ်တာအကြောင်းတွေကို သိပ်ထုတ်ပြောလေ့ မရှိပါဘူး။ ဒယ်လ်ဖင်းနဲ့ အဖေရော အမေပါတူတဲ့ မောင်လေးရဲ့ နာမည်ကတော့ အန်တိုနီ (Antoine)ပါ။ သူက လည်း LVMH ရဲ့ လုပ်ငန်းခွဲ၊ အမျိုးသားအဝတ်အစားထုတ်လုပ်ရေးဘက်မှာ တာဝန်ယူထားပါတယ်။

ဒါ့ပြင် LVMH ရဲ့မီဒီယာဆက်သွယ်ရေးအရာရှိချုပ်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ အဲဒီမှာပဲ သူဟာ ကုမ္ပဏီအတွက် ရိုက်ကူးရေးစီစဉ်ရင်း စူပါမော်ဒယ်နတာလီယာ ဗိုဒီယာနိုဗာ (Natalia Vodianova) နဲ့ ဖူးစာပါသွားတော့တာပါပဲ။ စူပါမော်ဒယ်က အရင်အိမ်ထောင်နဲ့ ကလေးသုံးယောက်ရထားပါတယ်။ အခုတော့ သူတို့ဇနီးမောင်နှံဟာ ကလေးနှစ်ယောက်တောင်ရနေပြီဖြစ်လို့ အဲဒီကလေးငါးယောက်နဲ့အတူ ပြင်သစ်မှာနေပါတယ်။အလက်ဇန်ဒရီ (Alexandre)ကတော့ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး ဘားနပ်အာ နောက်တ်ရဲ့ တတိယမြောက်သားပါ။ နောက်အိမ်ထောင်နဲ့ရတဲ့ သားပေါ့။ အသက် ၃ဝ ရှိပြီဖြစ်တဲ့ သူကလည်း LVMH လက်အောက်မှာရှိတဲ့ ဂျာမန်အမှတ်တံဆိပ် ရီမိုဝါ (Rimowa) မှာ စီအီးအိုပါ။LVMH လုပ်ငန်းစုကြီးဟာ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာကျော် လက်ဝတ်ရတနာဆိုင်ကြီး တစ်ဖနီအန်ကို (Tiffany & Co.) ကိုဝယ်လိုက်ပါတယ်။ အဲဒီဆိုင်ကြီးမှာ သူက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသေးတယ်။ သူ့ညီလေး ဖရက်ဒရစ်ခ် (Frederic) ကလည်း LVMH မှာပဲ နေရာတစ်နေရာ ယူထားပါတယ်။ LVMH ရဲ့ လက်အောက်မှာတပ်ဂ် ဟွိုင်ယာ (TAG Heuer)ဆိုတဲ့ ဆွစ်နာရီအမှတ်တံဆိပ်လည်းရှိပြီး အသက် ၂ဝ ကျော်ပဲ ရှိသေးတဲ့ သူက အဲဒီမှာ စီအီးအိုပါ။ သူက လူသာငယ်ပေမယ့် ပညာက မငယ်ဘူးလေ။ သူက သူ့အဖေတက်ခဲ့တဲ့ အီကိုးလ်ပိုလီတက်ခ်နစ်ဂ်ဆိုတဲ့ နာမည် ကျော်ပြင်သစ်ကျောင်းတော်ကြီးကနေ ဘွဲ့ရထားတာပါ။ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးရဲ့ အငယ်ဆုံးသားလေးကတော့ ဂျင်း (Jean) ဖြစ်ပြီး အခုမှ အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ သူကတော့ ၂ဝ၂၁ ခုနှစ်ကမှ မိသားစုလုပ် ငန်းကြီးထဲ စဝင်လာတာပါ။ 


zawgyi version

ဘားနပ္အာေနာက္တ္က အီလြန္မတ္စ္ခ္ကို ေက်ာ္တက္ၿပီး ဘာေၾကာင့္ ကမာၻ႔အခ်မ္းသာဆုံး သူေ႒းႀကီးျဖစ္လာတာလဲ? (ထူးျခားသုတေဆာင္းပါး)

ဝတီ (NP News) - ဒီဇင္ဘာ ၂၅

ဘားနပ္အာေနာက္တ္ (Bernard Arnault) ဆိုတဲ့ ျပင္သစ္သူေ႒းႀကီးဟာ ၂ဝ၂၂ ခုႏွစ္၊ ဒီဇင္ဘာလထဲမွာ အီလြန္မတ္စ္ခ္ (Elon Musk)ကိုေက်ာ္တက္ၿပီး ကမာၻ႔အခ်မ္း သာဆုံးသူေ႒းႀကီးျဖစ္သြားပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ပိုင္ဆိုင္တဲ့ ဧရာမ လုပ္ငန္းႀကီးေတြရဲ႕ ရွယ္ယာတန္ဖိုးက တက္လိုက္၊ က်လိုက္ နဲ႔ဆိုေတာ့ ဘယ္သူက နံပါတ္ ၁၊ ဘယ္သူက နံပါတ္ ၂ ဆိုတာပုံေသေျပာလို႔မရေသးဘဲ သူတျပန္၊ ကိုယ္တျပန္ ျဖစ္ေနပါေသးတယ္။ ဘယ္လိုပဲဆိုဆို ကမာၻ႔အဆင့္ နံပါတ္ ၁ ေနရာကို ခဏပဲျဖစ္ျဖစ္ တက္လွမ္းႏိုင္တဲ့အထိ ႂကြယ္ဝခ်မ္းသာလွတဲ့ ဒီပုဂၢိဳလ္ႀကီးရဲ႕အေၾကာင္းကေတာ့ အရမ္းစိတ္ဝင္စားစရာ ေကာင္းေနတာ အမွန္ပါပဲ။ သူ႔ပိုင္ဆိုင္မႈက အေမရိကန္ေဒၚလာ (၁၈၄) ဘီလ်ံေက်ာ္ေတာင္ ရွိတယ္ဆိုေတာ့ ဘာလုပ္ငန္းေတြလုပ္လို႔ သူဒီေလာက္အထိက်ိက်ိ တက္ခ်မ္းသာႂကြယ္ဝသြားသလဲဆိုတာ စိတ္ဝင္စားစရာပဲ မဟုတ္လား။

ဒီပုဂၢိဳလ္ႀကီးကေတာ့ LVMH ဆိုတဲ့ ဧရာမျပင္သစ္လုပ္ငန္းစုႀကီးရဲ႕ စီအီးအိုျဖစ္ၿပီး အသက္ (၇၃)ႏွစ္ ရွိပါၿပီ။ ဒီလုပ္ငန္းစုႀကီးရဲ႕ လက္ေအာက္မွာ ဖက္ရွင္နဲ႔ တန္ဖိုးႀကီး အသုံးအေဆာင္ပစၥည္းထုတ္လုပ္ေရာင္းခ်ေရးလုပ္ငန္းေတြ၊ စိန္ေ႐ႊရတနာဆိုင္ေတြ၊ အရက္အေကာင္းစားထုတ္လုပ္ေရာင္းခ်ေရးလုပ္ငန္းေတြ ရွိပါတယ္။ သူက အေမရိကန္ေဒၚလာ (၁၈၄)ဘီလ်ံေက်ာ္ဆိုတဲ့ ပိုင္ဆိုင္မႈကို ႏွစ္ေပါင္း (၄ဝ)နီးပါးအတြင္း အားသြန္ခြန္စိုက္ တည္ေဆာက္လာခဲ့တာပါ။ မ်ားျပားလွတဲ့လုပ္ငန္းႀကီးေတြကို ဦးစီးတဲ့ေနရာမွာ သူက သားသမီးငါးေယာက္ရဲ႕အကူအညီကိုလည္း ယူပါတယ္။ ဒီလိုနဲ႔ပဲ သူ အႏွစ္ႏွစ္အလလတည္ေဆာက္လာခဲ့တဲ့ လုပ္ငန္းႀကီးဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးမားဆုံးမိသားစုပိုင္ကုမၸဏီႀကီး ျဖစ္လာပါေတာ့တယ္။

အာေနာက္တ္ဟာ အီကိုးလ္ ပိုလီတက္ခ္နစ္ဂ္ (Ecole Polytechnique) ဆိုတဲ့ နာ မည္ႀကီးေက်ာင္းကေန အင္ဂ်င္နီယာဘာသာရပ္နဲ႔ ေက်ာင္းၿပီးခဲ့တာပါ။ ေက်ာင္း ၿပီးၿပီးခ်င္းမွာပဲ သူက သူ႔အေဖရဲ႕ ေဆာက္လုပ္ေရးကုမၸဏီေလးမွာ အလုပ္ဝင္လုပ္ခဲ့ပါတယ္။ ၁၉၈၄ ခုႏွစ္ထဲမွာေတာ့ သူက ျပင္သစ္နာမည္ႀကီး ဖက္ရွင္အမွတ္တံဆိပ္တခ်ိဳ႕ကို ပိုင္ဆိုင္တဲ့ ကုမၸဏီတစ္ခု လုပ္ငန္းအေျခအေန မေကာင္းလို႔ ေရာင္းတာကို ဝယ္လိုက္ပါတယ္။ သူ႔လက္ထဲလည္းေရာက္ေရာ အဲဒီလုပ္ငန္းက အေျခအေန ေကာင္းလာပါေတာ့တယ္။ သိပ္မၾကာခင္မွာပဲ သူက စီလင္း (Celine) ဆိုတဲ့ဖက္ရွင္ လုပ္ငန္းကိုဝယ္လိုက္ျပန္ပါတယ္။ ၿပီးေတာ့ ခရစ္တီယန္ လက္ခေရာက္စ္ (Christian Lacroix) ဆိုတဲ့ ျပင္သစ္ဖက္ရွင္ဒီဇိုင္နာကိုလည္းပံ့ပိုးေပးပါတယ္။ ၁၉၈၆ ခုႏွစ္ေလာက္မွာကတည္းက သူက သူ႔ရည္မွန္းခ်က္ကို လူအမ်ားသိေအာင္ထုတ္ေျပာခဲ့ပါတယ္။ အဲဒါကေတာ့ လာမယ့္ဆယ္ႏွစ္အတြင္းမွာကမာၻ႔အႀကီးမားဆုံး ဇိမ္ခံပစၥည္းထုတ္လုပ္ေရးကုမၸဏီ ျဖစ္လာေအာင္လုပ္မယ္ဆိုတာပါပဲ။

သူ႔မွာ အိမ္ေထာင္ႏွစ္ဆက္ ရွိပါတယ္။ ပထမအိမ္ေထာင္နဲ႔ သားတစ္ေယာက္၊ သမီးတစ္ေယာက္ရၿပီး လက္ရွိအိမ္ေထာင္နဲ႔သားသုံးေယာက္ ရပါတယ္။ ပထမအိမ္ ေထာင္နဲ႔ရတဲ့ သမီးႀကီးနာမည္က ဒယ္လ္ဖင္း (Delphine) ျဖစ္ပါတယ္။ ဒယ္လ္ဖင္းက သူ႔အေဖရဲ႕ LVMH လုပ္ငန္းစုႀကီးကို အေမြဆက္ခံမယ့္သူလို႔ ယူဆရပါတယ္။ သူဟာ ၂ဝဝ၅ခုႏွစ္မွာ အိမ္ေထာင္က်ခဲ့ေပမယ့္ ၂ဝ၁ဝ ခုႏွစ္ထဲမွာေတာ့ အိမ္ေထာင္ကြဲသြားပါတယ္။ လက္ရွိမွာေတာ့ သူဟာ နည္းပညာလုပ္ငန္းက ဘီလ်ံနာသူေ႒းႀကီးႀကီးတစ္ေယာက္နဲ႔ တြဲေနၿပီး သမီးတစ္ေယာက္ေတာင္ရေနပါၿပီ။ သူက သူ႔ကိုယ္ ေရးကိုယ္တာအေၾကာင္းေတြကို သိပ္ထုတ္ေျပာေလ့ မရွိပါဘူး။ ဒယ္လ္ဖင္းနဲ႔ အေဖေရာ အေမပါတူတဲ့ ေမာင္ေလးရဲ႕ နာမည္ကေတာ့ အန္တိုနီ (Antoine)ပါ။ သူက လည္း LVMH ရဲ႕ လုပ္ငန္းခြဲ၊ အမ်ိဳးသားအဝတ္အစားထုတ္လုပ္ေရးဘက္မွာ တာဝန္ယူထားပါတယ္။ ဒါ့ျပင္ LVMH ရဲ႕မီဒီယာဆက္သြယ္ေရးအရာရွိခ်ဳပ္အျဖစ္လည္း တာဝန္ယူခဲ့ပါတယ္။ အဲဒီမွာပဲ သူဟာ ကုမၸဏီအတြက္ ႐ိုက္ကူးေရးစီစဥ္ရင္း စူပါေမာ္ဒယ္နတာလီယာ ဗိုဒီယာႏိုဗာ (Natalia Vodianova) နဲ႔ ဖူးစာပါသြားေတာ့တာပါပဲ။ စူပါေမာ္ဒယ္က အရင္အိမ္ေထာင္နဲ႔ ကေလးသုံးေယာက္ရထားပါတယ္။ အခုေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ ကေလးႏွစ္ေယာက္ေတာင္ရေနၿပီျဖစ္လို႔ အဲဒီကေလးငါးေယာက္နဲ႔အတူ ျပင္သစ္မွာေနပါတယ္။

အလက္ဇန္ဒရီ (Alexandre)ကေတာ့ ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီး ဘားနပ္အာ ေနာက္တ္ရဲ႕ တတိယေျမာက္သားပါ။ ေနာက္အိမ္ေထာင္နဲ႔ရတဲ့ သားေပါ့။ အသက္ ၃ဝ ရွိၿပီျဖစ္တဲ့ သူကလည္း LVMH လက္ေအာက္မွာရွိတဲ့ ဂ်ာမန္အမွတ္တံဆိပ္ ရီမိုဝါ (Rimowa) မွာ စီအီးအိုပါ။ LVMH လုပ္ငန္းစုႀကီးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ကမာၻေက်ာ္ လက္ဝတ္ရတနာဆိုင္ႀကီး တစ္ဖနီအန္ကို (Tiffany & Co.) ကိုဝယ္လိုက္ပါတယ္။ အဲဒီဆိုင္ႀကီးမွာ သူက ဒုဥကၠ႒အျဖစ္ တာဝန္ယူထားပါေသးတယ္။ သူ႔ညီေလး ဖရက္ဒရစ္ခ္ (Frederic) ကလည္း LVMH မွာပဲ ေနရာတစ္ေနရာ ယူထားပါတယ္။ LVMH ရဲ႕ လက္ေအာက္မွာတပ္ဂ္ ဟြိဳင္ယာ (TAG Heuer)ဆိုတဲ့ ဆြစ္နာရီအမွတ္တံဆိပ္လည္းရွိၿပီး အသက္ ၂ဝ ေက်ာ္ပဲ ရွိေသးတဲ့ သူက အဲဒီမွာ စီအီးအိုပါ။ သူက လူသာငယ္ေပမယ့္ ပညာက မငယ္ဘူးေလ။ သူက သူ႔အေဖတက္ခဲ့တဲ့ အီကိုးလ္ပိုလီတက္ခ္နစ္ဂ္ဆိုတဲ့ နာမည္ ေက်ာ္ျပင္သစ္ေက်ာင္းေတာ္ႀကီးကေန ဘြဲ႕ရထားတာပါ။ ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီးရဲ႕ အငယ္ဆုံးသားေလးကေတာ့ ဂ်င္း (Jean) ျဖစ္ၿပီး အခုမွ အသက္ ၂၃ ႏွစ္ပဲ ရွိပါေသးတယ္။ သူကေတာ့ ၂ဝ၂၁ ခုႏွစ္ကမွ မိသားစုလုပ္ ငန္းႀကီးထဲ စဝင္လာတာပါ။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲကို အဆုံးသတ်ပေးနိုင်မည့်သူမှာ ရုရှားသမ္မတပူတင် ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်ဟောင်းပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved