Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲကို အဆုံးသတ်ပေးနိုင်မည့်သူမှာ ရုရှားသမ္မတပူတင် ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်ဟောင်းပြော

Pika (NP News) - ဒီဇင်ဘာ ၂၅

ယူကရိန်း နှင့် ရုရှားကြားဖြစ်ပွားနေသော စစ်ပွဲကို ရုရှားသမ္မတပူတင် သာအဆုံးသတ်ပေးနိုင်မည်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်ဟောင်း မာရီယိုဒရာဂီက ထုတ်ဖော်ပြောဆိုခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ယူကရိန်း နှင့် ရုရှားကြား ဆွေးနွေးပွဲများသည် မတ်လတွင် အဆုံးသတ်ပြီး ကတည်းက ရုရှားဖက်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် လမ်းဖွင့်ထားကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။

အီတလီဝန်ကြီးချုပ်ဟောင်း မာရီယိုဒရာဂီက "ပြီးခဲ့တဲ့ လများမှာ ပြောင်းလဲသွားတာတွေ အများကြီးရှိတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာကတော့ ခက်ခဲပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ တရုတ်က ပိုပြီးတက်ကြွနေတဲ့ ပုံပေါ်ပါတယ်။ ယူကရိန်းအပေါ် ထိုးစစ်ဆင်ခြင်းတွေက အဆုံးသတ်ဖို့က ရုရှားသမ္မတပူတင် အပေါ်မှာပဲ မူတည်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အီတလီဝန်ကြီးချုပ်ဟောင်း မာရီယိုဒရာဂီသည် ၎င်း၏တာဝန်ထမ်းဆောင်နေချိန်အတွင်း အနောက်အုပ်စုနိုင်ငံများ တွင် ယူကရိန်းအတွက် အမြဲအဆိုပြုနေခဲ့ပြီး လက်နက်များပေးပို့ခြင်းဖြင့် နိုင်ငံတကာ၏ ထောက်ခံမှုများရရှိအောင် လှုံ့ဆော်ပေးခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ ရုရှားသည် ယူကရိန်းနှင့် ဆွေးနွေးပွဲများလုပ်ဆောင်ရန် လမ်းဖွင့်ထားကြောင်း အချက်ပြခဲ့ပြီး အဆိုပါဆွေးနွေးပွဲများတွင် ရုရှား၏စီးပွားရေးကို ထည့်သွင်း စဥ်းစားပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယူကရိန်း ထိပ်တန်းအရာရှိများသည် အောက်တိုဘာလအစောပိုင်းတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းခဲ့သော ဒွန်းညက်စ်၊ လူဟန့်စ်၊ ခါဆွန်၊ ဇာပိုရိုဂျီလ်မြို့တို့ နှင့် ၂ဝ၁၄ ခုနှစ်တွင် ရုရှားတို့သိမ်းယူထားသော ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းယူရန်အတွက် ထပ်ခါတလဲလဲ ကတိပြုပြောဆိုခဲ့ကြောင်းသိရသည်။ ရုရှားဖက်က ဆွေးနွေးပွဲများလုပ်ရန် လမ်းဖွင့်ထားသော်လည်း ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားသမ္မတပူတင် နှင့် စေ့စပ်ညှိနှိုင်းခြင်းများပြုလုပ်ရန် ဆန္ဒမရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။


Zawgyi Version;

႐ုရွားႏွင့္ ယူကရိန္းၾကားစစ္ပြဲကို အဆုံးသတ္ေပးႏိုင္မည့္သူမွာ ႐ုရွားသမၼတပူတင္ ျဖစ္ေၾကာင္း အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းေျပာ

Pika (NP News) - ဒီဇင္ဘာ ၂၅

ယူကရိန္း ႏွင့္ ႐ုရွားၾကားျဖစ္ပြားေနေသာ စစ္ပြဲကို ႐ုရွားသမၼတပူတင္ သာအဆုံးသတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း အီတလီဝန္ႀကီးခ်ဳပ္ေဟာင္း မာရီယိုဒရာဂီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕တြင္ ယူကရိန္း ႏွင့္ ႐ုရွားၾကား ေဆြးေႏြးပြဲမ်ားသည္ မတ္လတြင္ အဆုံးသတ္ၿပီး ကတည္းက ႐ုရွားဖက္က ေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ရန္ လမ္းဖြင့္ထားေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ ဖူးသည္။

အီတလီဝန္ႀကီးခ်ဳပ္ေဟာင္း မာရီယိုဒရာဂီက "ၿပီးခဲ့တဲ့ လမ်ားမွာ ေျပာင္းလဲသြားတာေတြ အမ်ားႀကီးရွိတဲ့အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အလားအလာကေတာ့ ခက္ခဲပါတယ္။ ဒီေဆြးေႏြးပြဲေတြမွာ တ႐ုတ္က ပိုၿပီးတက္ႂကြေနတဲ့ ပုံေပၚပါတယ္။ ယူကရိန္းအေပၚ ထိုးစစ္ဆင္ျခင္းေတြက အဆုံးသတ္ဖို႔က ႐ုရွားသမၼတပူတင္ အေပၚမွာပဲ မူတည္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အီတလီဝန္ႀကီးခ်ဳပ္ေဟာင္း မာရီယိုဒရာဂီသည္ ၎၏တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း အေနာက္အုပ္စုႏိုင္ငံမ်ား တြင္ ယူကရိန္းအတြက္ အၿမဲအဆိုျပဳေနခဲ့ၿပီး လက္နက္မ်ားေပးပို႔ျခင္းျဖင့္ ႏိုင္ငံတကာ၏ ေထာက္ခံမႈမ်ားရရွိေအာင္ လႈံ႕ေဆာ္ေပးခဲ့သူျဖစ္ေၾကာင္းလည္း သိရသည္။ ႐ုရွားသည္ ယူကရိန္းႏွင့္ ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ရန္ လမ္းဖြင့္ထားေၾကာင္း အခ်က္ျပခဲ့ၿပီး အဆိုပါေဆြးေႏြးပြဲမ်ားတြင္ ႐ုရွား၏စီးပြားေရးကို ထည့္သြင္း စဥ္းစားေပးရမည္ ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

ယူကရိန္း ထိပ္တန္းအရာရွိမ်ားသည္ ေအာက္တိုဘာလအေစာပိုင္းတြင္ ႐ုရွားႏိုင္ငံႏွင့္ ပူးေပါင္းခဲ့ေသာ ဒြန္းညက္စ္၊ လူဟန႔္စ္၊ ခါဆြန္၊ ဇာပို႐ိုဂ်ီလ္ၿမိဳ႕တို႔ ႏွင့္ ၂ဝ၁၄ ခုႏွစ္တြင္ ႐ုရွားတို႔သိမ္းယူထားေသာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ျပန္လည္သိမ္းယူရန္အတြက္ ထပ္ခါတလဲလဲ ကတိျပဳေျပာဆိုခဲ့ေၾကာင္းသိရသည္။ ႐ုရွားဖက္က ေဆြးေႏြးပြဲမ်ား လုပ္ရန္ လမ္းဖြင့္ထားေသာ္လည္း ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားသမၼတပူတင္ ႏွင့္ ေစ့စပ္ညႇိႏႈိင္းျခင္းမ်ား ျပဳလုပ္ရန္ ဆႏၵမရွိေၾကာင္း အႀကိမ္ႀကိမ္ေျပာဆိုခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရစ္စမတ်အကြိုနေ့တွင် ခါဆွန်မြို့ကို ရုရှားတို့ ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၇)ဦး သေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved