Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုမ္ပဏီများ နှစ်စဉ်အစီရင်ခံစာတင်ပြရာ၌ ရဲစခန်းထောက်ခံချက်အပါအဝင် ပူးတွဲတင်ပြရမည့်အချက်များကို DICA အသိပေးထုတ်ပြန်

မျိုးကြီး (NP News) - ဧပြီ ၂


ကုမ္ပဏီများအနေဖြင့် စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံစာတင်ပြရာတွင် ရဲစခန်းထောက်ခံချက်အပါအဝင် ပူးတွဲတင်ပြရမည့်အချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁ ရက်တွင် ကုမ္ပဏီများသို့  အထက်ပါအတိုင်း အသိပေးကြေညာထားခြင်းလည်း ဖြစ်သည်။


ကုမ္ပဏီများနှင့် ဒါရိုက်တာများ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေများအား လိုက်နာမှု ရှိ၊ မရှိ စိစစ်နိုင်ရန် နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကြေညာခြင်းဖြစ် ကြောင်း DICA က ဆိုသည်။


မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံစာ တင်ပြသည့်အချိန်တွင် ပူးတွဲတင်ပြရမည့်အချက်များကို အသိပေးကြေညာထားသည်။


ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးချေရန်တန်ဖိုး(Paid up capital) အတိုင်း ဘဏ်စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက်အထားကို ပူးတွဲတင်ပြရမည်ဟု DICA က ဆိုသည်။


ထို့ပြင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးချင်းစီအတွက် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် ပုံစံ(က) တွင် ဖော်ပြထားသည့် ဒါရိုက်တာ၏ နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့၏ထောက်ခံချက်နှင့် နိုင်ငံခြားသား ဒါရိုက်တာများအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေးစည်းကမ်းဥပဒေများ”နှင့်အညီ ဆောင်ရွက်ထားရှိသော အထောက်အထားတို့ကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်ပြီး MyCO စနစ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်ကိုလည်း တင်ပြရမည်ဟု DICA က ဆိုထားသည်။


ထို့အတူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ပါဝင်သူ (အစုရှယ် ယာရှင်)သည် ဥပဒေရေးရာ ပုဂ္ဂိုလ်/တရားဝင်အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းနှင့်သက် ဆိုင်သော အထောက်အထားများလည်းလိုအပ်ကြောင်း DICA က အသိပေးကြေညာထားသည်။


ကုမ္ပဏီအသစ်တစ်ခု စတင်မှတ်ပုံတင်သူများအနေဖြင့် အထက်ပါအချက်များကို ဧပြီလ ၁ ရက်မှစတင်ကာ လိုက်နာဆောင်ရွက်၍ company.dica@mifer.gov.mm သို့ တင်ပြပြီးမှသာ ကုမ္ပဏီစတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံစာတင် ပြခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နှစ်စဉ်အစီရင်ခံစာတင်ပြမှုများအပေါ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(ဃ) အရ ဆက်လက်ဆောင်ရွက်သွားမည်ဟု DICA က ကြေညာထားသည်။

zawgyi version

ကုမၸဏီမ်ား ႏွစ္စဥ္အစီရင္ခံစာတင္ျပရာ၌ ရဲစခန္းေထာက္ခံခ်က္အပါအဝင္ ပူးတြဲတင္ျပရမည့္အခ်က္မ်ားကို DICA အသိေပးထုတ္ျပန္


မ်ိဳးႀကီး (NP News) - ဧၿပီ ၂


ကုမၸဏီမ်ားအေနျဖင့္ စတင္မွတ္ပုံတင္ၿပီးေနာက္ ႏွစ္လအတြင္းတင္ျပရမည့္ ႏွစ္စဥ္အစီရင္ခံစာတင္ျပရာတြင္ ရဲစခန္းေထာက္ခံခ်က္အပါအဝင္ ပူးတြဲတင္ျပရမည့္အခ်က္မ်ားကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္လိုက္သည္။


ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ဧၿပီလ ၁ ရက္တြင္ ကုမၸဏီမ်ားသို႔  အထက္ပါအတိုင္း အသိေပးေၾကညာထားျခင္းလည္း ျဖစ္သည္။


ကုမၸဏီမ်ားႏွင့္ ဒါ႐ိုက္တာမ်ား၊ ပါဝင္သူမ်ားအေနျဖင့္ သက္ဆိုင္ရာတည္ဆဲဥပေဒမ်ားအား လိုက္နာမႈ ရွိ၊ မရွိ စိစစ္ႏိုင္ရန္ ႏွင့္ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားကို အေထာက္အပံ့ျပဳႏိုင္ေရးအတြက္ ေၾကညာျခင္းျဖစ္ ေၾကာင္း DICA က ဆိုသည္။


ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ပုဒ္မ ၉၇ အရ ကုမၸဏီတစ္ခု စတင္မွတ္ပုံတင္ၿပီးေနာက္ ႏွစ္လအတြင္းတင္ျပရမည့္ ႏွစ္စဥ္အစီရင္ခံစာ တင္ျပသည့္အခ်ိန္တြင္ ပူးတြဲတင္ျပရမည့္အခ်က္မ်ားကို အသိေပးေၾကညာထားသည္။


ကုမၸဏီအမည္ျဖင့္ ဘဏ္စာရင္းတစ္ခု ဖြင့္လွစ္ရမည္ျဖစ္ၿပီး MyCO စနစ္တြင္ တင္ျပထားေသာ အစုရွယ္ယာမ်ား၏ ေပးေခ်ရန္တန္ဖိုး(Paid up capital) အတိုင္း ဘဏ္စာရင္းတြင္ ထည့္သြင္းၿပီးေၾကာင္း အေထာက္အထားကို ပူးတြဲတင္ျပရမည္ဟု DICA က ဆိုသည္။


ထို႔ျပင္ ကုမၸဏီဒါ႐ိုက္တာ တစ္ဦးခ်င္းစီအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္ မိတၱဴႏွင့္ ပုံစံ(က) တြင္ ေဖာ္ျပထားသည့္ ဒါ႐ိုက္တာ၏ ေနရပ္လိပ္စာတြင္ အမွန္တကယ္ေနထိုင္ေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၏ေထာက္ခံခ်က္ႏွင့္ ႏိုင္ငံျခားသား ဒါ႐ိုက္တာမ်ားအတြက္ “၁၉၄၈ ခုႏွစ္ ႏိုင္ငံျခားသားမ်ား၊ မွတ္ပုံတင္ေရးစည္းကမ္းဥပေဒမ်ား”ႏွင့္အညီ ေဆာင္႐ြက္ထားရွိေသာ အေထာက္အထားတို႔ကိုလည္း ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။


ဆက္လက္ၿပီး MyCO စနစ္တြင္ ေဖာ္ျပထားသည့္ ကုမၸဏီ၏ မွတ္ပုံတင္႐ုံးခန္းလိပ္စာသည္ ေျမျပင္တြင္ အမွန္တကယ္ တည္ရွိေၾကာင္းႏွင့္ ကုမၸဏီ႐ုံးခန္းဖြင့္လွစ္ရန္ စီစဥ္ေဆာင္႐ြက္ထားေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕၏ ေထာက္ခံခ်က္ကိုလည္း တင္ျပရမည္ဟု DICA က ဆိုထားသည္။


ထို႔အတူ ကုမၸဏီ၏ မွတ္ပုံတင္စာရင္းတြင္ေဖာ္ျပထားသည့္ ကုမၸဏီ၏ပါဝင္သူ (အစုရွယ္ ယာရွင္)သည္ ဥပေဒေရးရာ ပုဂၢိဳလ္/တရားဝင္အဖြဲ႕အစည္းျဖစ္ပါက အဖြဲ႕အစည္းႏွင့္သက္ ဆိုင္ေသာ အေထာက္အထားမ်ားလည္းလိုအပ္ေၾကာင္း DICA က အသိေပးေၾကညာထားသည္။


ကုမၸဏီအသစ္တစ္ခု စတင္မွတ္ပုံတင္သူမ်ားအေနျဖင့္ အထက္ပါအခ်က္မ်ားကို ဧၿပီလ ၁ ရက္မွစတင္ကာ လိုက္နာေဆာင္႐ြက္၍ company.dica@mifer.gov.mm သို႔ တင္ျပၿပီးမွသာ ကုမၸဏီစတင္မွတ္ပုံတင္ၿပီးေနာက္ ႏွစ္လအတြင္းတင္ျပရမည့္ ႏွစ္စဥ္အစီရင္ခံစာတင္ ျပျခင္းကို ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။


ထိုသို႔ လိုက္နာေဆာင္႐ြက္ျခင္းမရွိသည့္ ႏွစ္စဥ္အစီရင္ခံစာတင္ျပမႈမ်ားအေပၚ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ပုဒ္မ ၄၃၀(ဃ) အရ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု DICA က ေၾကညာထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုလံဘီယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူ (၂၅ဝဝဝ)ခန့်သေဆုံးစေခဲ့တဲ့ နီဗာဒိုရုဇ့် မီးတောင်ကြီး ပြန်လည်ပေါက်ကွဲနိုင်မယ့် အခြေအနေရှိ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved