Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုလံဘီယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူ (၂၅ဝဝဝ)ခန့်သေဆုံးစေခဲ့တဲ့ နီဗာဒိုရုဇ့် မီးတောင်ကြီး ပြန်လည်ပေါက်ကွဲနိုင်မယ့် အခြေအနေရှိ

ရောင်နီ (NP News) - ဧပြီ ၃

 

ကိုလံဘီယာနိုင်ငံမှာ ၁၉၈၅ ခုနှစ်က လူပေါင်း (၂၅ဝဝဝ)ခန့် သေဆုံးခဲ့ပြီး နိုင်ငံရဲ့ အကြီးမားဆုံး သဘာဝဘေးဒဏ်ကို ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံရဲ့အမြင့်ဆုံးမီးတောင် နီဗာဒိုရုဇ့် တစ်ဝိုက်မှာ ငလျင်လှုပ်ခတ်မှု တိုးလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။ 

     

ပြီးခဲ့တဲ့ သောကြာနေ့(မတ်လ ၃၁ ရက်)က သမ္မတ ဂူစတာဗို ဒပက်ထရိုက ကိုလံဘီယာ ဘူမိဗေဒဌာနမှ ထုတ်ပြန်တဲ့ အသိပေးချက်အရ မီးတောင်ပေါက်ကွဲမယ့် ခြိမ်းခြောက်မှု အဆင့်မြင့်တက်လာနေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။ 


"ရုဇ့် မီးတောင် တည်ရှိရာ မြေမျက်နှာပြင်မှာ ငလျင်ကြောပြောင်းလဲမှုကြောင့် မီးတောင်ပေါက်ကွဲမှုအတွက် လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ထားတယ်။ မြို့တော်ဝန်များ အနေနဲ့ ယင်းသတိပေးချက် အခြေအနေအတွက် ပရိုတိုကောများကို ပြင်ဆင်ထားရမည်ဖြစ်တယ်" လို့ ၎င်းရဲ့ တွစ်တာအကောင့်မှာ ပြောကြားခဲ့ပါတယ်။ 


လိမ္မော်ရောင် သတိပေးချက်ဆိုတာဟာ ရက်သတ္တပတ် သို့မဟုတ် ရက်ပိုင်းအတွင်း မီးတောင်ပေါက်ကွဲနိုင်ဖွယ်ရှိခြင်းကို ရည်ညွှန်းပါတယ်။ ရောင်စုံသတိပေးချက် စကေးမှာ အနီရောင်သို့ ပြောင်းလဲလာရင်တော့ မီးတောင်ပေါက်ကွဲခါနီး အခြေအနေကို ရည်ညွှန်းတယ်လို့ သိနိုင်ပါတယ်။ မတ်လ ၂၄ ရက်ကတည်းက ဘူမိဗေဒဝန်ဆောင်မှုဌာနဟာ မီးတောင်အနောက်တောင်ဘက် ကုန်းစောင်းတစ်ဝိုက်မှာ ပေါ်လာနေတဲ့ အက်ကွဲကြောင်းကို မှတ်တမ်းတင်ခဲ့ပြီး မီးတောင်အနီးတစ်ဝိုက်မှာ ငလျင်နဲ့ တုန်ခါမှုများ မြင့်တက်လာနေကြောင်း သတိပေးခဲ့ပါတယ်။

      

အင်ဒီစ်တောင်တန်းများရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နီဗာဒိုဒယ်လ်ရုဇ့် မီးတောင်ဟာ ဘိုဂိုတာမြို့တော်မှ ၁၂၉ ကီလိုမီတာ (၈ဝ မိုင်) ခန့်အကွာ ကိုလံဘီယာအလယ်ပိုင်းမှာ တည်ရှိပါတယ်။ ယင်းအပြင် ပစိဖိတ်သမုဒ္ဒရာ၊ ချီလီမှ အမေရိကန်အရှေ့ဘက်ရှိ အလက်စကာပြည်နယ်အထိ၊ နယူးဇီလန်မှ ရုရှားနိုင်ငံအထိ ပြင်းထန်သော ငလျင်လှုပ်ခတ်မှု ခါးပတ်တစ်ခုဖြစ်တဲ့ "မီးကွင်း” ခေါ် ဒေသတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

zawgyi version


ရောင်နီ (NP News) - ဧပြီ ၃

 


     






      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှား Pertamina ရေနံချက်စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၉)ဦး ဒဏ်ရာရ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved