ဂျပန်သန်းကြွယ်သူဌေးကြီး မီဇဝါ လပေါ်ပျံသန်းမယ့် ခရီးစဉ် ပယ်ဖျက်လိုက်ရ
ရောင်နီ (NSS) - ဇွန် ၂
ဂျပန်ဘီလျံနာ အွန်လိုင်းဖက်ရှင်စတိုး Zozo Inc (3092.T) ရဲ့ တည်ထောင်သူ ယုဆာကုမီဇဝါဟာ ၎င်းရဲ့ ပထမဆုံး လကမ္ဘာပေါ် သီးသန့်ပျံသန်းမှု "dearMoon" မစ်ရှင်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်း စနေနေ့(ဇွန်လ ၁ ရက်)နေ့က ကြေညာခဲ့ပါတယ်။
၎င်းဟာ အခြား နာမည်ကြီးတွေနဲ့အတူ ပျံသန်းမှုတွေပြုလုပ်ဖို့ မူလက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မဖြစ်နိုင်တော့တဲ့အကြောင်း ၎င်းက ၀က်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရေရှည်မှာ တိကျတဲ့ အချိန်ဇယား သေချာမှု မရှိတာကြောင့် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ "ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခုသာဖြစ်ပြီး Starship ကို ဘယ်အချိန်မှာ စတင်နိုင်မလဲဆိုတာကတာ့ မသေချာသေးပါဘူး" လို့ မီဇဝါက ပြောကြားခဲ့ပါတယ်။
မီဇဝါဟာ အီလွန်မက်ခ်ရဲ့ SpaceX မှာ Soyuz ဒုံးပျံနဲ့ နိုင်ငံတကာ အာကာသ စခန်းကို လာရောက်လည်ပတ်နိုင်တဲ့ ပထမဆုံး အမျိုးသား ကိုယ်ပိုင်ခရီးသည် ဖြစ်ခဲ့ပါတယ်။ "dearMoon" မစ်ရှင်ကတော့ K-pop စတား TOP နဲ့ DJ Steve Aoki တို့အပါအဝင် အဖွဲ့ဝင် ၈ ဦး လိုက်ပါသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို Online Appointment စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေး
RELATED POSTS
01 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Sep 2024 | နည်းပညာ,နိုင်ငံတကာ
29 Sep 2024 | နည်းပညာ,နိုင်ငံတကာ